အရင်ဆုံး Technology လို့ ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်သလဲ?
နေ့စဥ်လူနေမှုဘဝမှာ နည်းပညာသည် အရာရာတိုင်းအတွက် ပိုကောင်းဖို့ဆိုတာ လက်ခံတယ်ဟုတ်?
Technology ကြောင့် လူမှုဆက်ဆံရေး ပြောဆိုရာတွင် ပိုမိုလွယ်ကူလာတယ်။ ဒီအပြင် လူတစ်ဦးချင်းရဲ့ တစ်ခုတည်းသော လိုအပ်ချက်ဖြစ်တဲ့ Onlineမှတဆင့် လူတွေနဲ့ချိတ်ဆက်ပြီး စကားပြောတာတွေ ၊ စာပို့တာတွေ (or) ကိုယ်သိချင်တဲ့အကြောင်းအရာတွေကို Researchလုပ်တဲ့အခါ ပိုပြီးလွယ်ကူကာ အထောက်အကူ ဖြစ်လာပါတယ်။ Technologyရဲ့ကောင်းကျိုးတွေကို ဘယ်အချိန်မှာ ပိုသိသာလာသလဲဆိုရင်တော့ တစ်ကမ္ဘာလုံးဆိုင်ရာ global pandemic [Covid-19] ဖြစ်ချိန် ၂၀၁၉လောက်ကပေါ့ ကျွန်တော်တို့တွေအားလုံး အိမ်ထဲကမှာနေပြီး stay home ကာလအချိန်လို့ပြောလို့ရပါတယ်။ ထိုအချိန်တွင် အိမ်ထဲမှာပဲနေရတဲ့အတွက်ကြောင့် ပုံမှန်လုပ်နေကျအလုပ်တွေ ၊ စာသင်ကြားရေးအပိုင်တွေမှာရော အဘက်ဘက် ရပ်တန့်သွားခဲ့ရပါတယ်။ ထိုအချိန်မှာ Technology ရဲ့ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။
Remote Learning ကို အသုံးပြုခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ
ကပ်ရောဂါကြောင့် အွန်လိုင်းအတန်းများသည် အလွန်ခေတ်စားလာကာ ကမ္ဘာပေါ်ရှိ ကျောင်းသားအားလုံး သူတို့၏လေ့လာမှုများကို ဆက်လက်လေ့လာနိုင်ရန်နှင့် ၎င်းတို့၏အိပ်မက်များကို ဖြည့်ဆည်းနိုင်ဖို့အတွက် အဝေးမှစတင်သင်ယူမှုကြသည်။ ကျောင်းသားများသည် အီလက်ထရွန်းနစ် စက်ပစ္စည်း၊ ဖုန်း [သို့မဟုတ်] Laptopတစ်လုံးသာ လိုအပ်ပြီး ၎င်းတို့၏ လေ့လာသင်ယူမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်သည်။ ထို့အပြင် Zoom သို့မဟုတ် Google Meet ကဲ့သို့သော Application များမှာ ပိုမိုရေပန်းစားလာခဲ့သည်။ ကျောင်းမှဆရာ/ဆရာမများမှလည်း သူတို့၏ကျောင်းသား/သူများကို အသုံးပြုနည်းများ သင်ကြားပို့ချပေးနိုင်သည့်အတွက်ဖြစ်သည်။
အားသာချက်များ
Online Learning များကို အသုံးပြုခြင်းဖြင့် ကျောင်းသားများသည် ၎င်းတို့၏ သင်ယူမှုနှင့်၊ သိမြင်မှုစွမ်းရည်များကို မြှင့်တင်ပေးနိုင်သည့်အပြင် ပညာရေးစွမ်းဆောင်ရည်နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ပိုမိုမြှင့်တင်ပေးနိုင်လာသည်။ Online Learning သည် နောက်ထပ် ကောင်းကျိုးတစ်ချက်ဖြစ်သည့် ငွေကြေးကုန်ကျမှုကို လျှော့ချပေးသည်၊ မြန်မာနိုင်ငံ [သို့မဟုတ်] အခြားနိုင်ငံများမှစာသင်ကျောင်းအများအပြားကိုလည်း နေရောဒေသမရွေး ကုန်ကျစရိတ်သက်သာစွာဖြင့် စာသင်ကြားနိုင်သည်။
အားနည်းချက်များ
ဤအရာများသည် Online မှ သင်ယူရသည့်အတွက် ကောင်းသောအချက်များရှိသလို အနုတ်လက္ခဏာဆောင်သည့်အချက်များလည်းရှိပါသည်။ ဥပမာအားဖြင့် ကျောင်းသားများသည် Electronic device တစ်ခု၏ ရှေ့တွင် နာရီပေါင်းများစွာ ထိုင်နေရသဖြင့် သူတို့၏မျက်လုံးများကို ထိခိုက်နိုင်ပါသည်။ ထို့အပြင် Internet connection မတည်မငြိမ်ဖြစ်နေပါက အွန်လိုင်းအတန်းတက်ရန် ကျောင်းသားများအတွက် အနုတ်လက္ခဏာဆောင်သည့်အချက်ဖြစ်နိုင်ပါသည်။ ထို့အပြင်၊ ကျောင်းသားများသည် assessment များအတွက်လည်း နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်သည်။
အနှစ်ချုပ်
Online မှ လေ့လာခြင်းနှင့် စာသင်ခန်းအတွင်းသင်ယူခြင်းတို့တွင် လူတိုင်းတွင် မတူညီသောအမြင်များ ကိုယ်စီရှိကြသည်။ အချို့က Online မှသင်ယူခြင်းကို နှစ်သက်ကြသော်လည်း အချို့မှာမှု အတန်းတွင်းသင်ယူမှု [Offiline] ကို ပိုနှစ်သက်ကြသည်။ နှစ်မျိုးလုံးမှာတော့ ကိုယ်စီအားသာချက်၊အားနည်းချက်တွေ ရှိကြပါတယ်။ It’s also about one’s effort and hard work whether it is remote learning or on campus learning. That is why, there is this saying: if you put 100% of your hard work as well as determination, you will definitely succeed.