သင်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့် ရှိတဲ့လူတစ်ယောက်လား?
ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ လူတစ်ယောက်လားဆိုတာ ပေးထားတဲ့ မေးခွန်းတွေကို ဖြေရင်းနဲ့ ဆန်းစစ်ကြည့်ကြပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာအောင် လုပ်ဆောင်နိုင်မဲဲ့အရာတွေကို Hype Think Education ကနေ မျှဝေပေးသွားမှာဘဲ ဖြစ်ပါတယ်။
ပေးထားတဲ့မေးခွန်းတွေကို အတူတူ ဖြေကြည့်ကြပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်ကြပါစို့နော်။
[1] ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးနိုင်ဖို့ ဘာတွေလုပ်နေပါသလဲ?
လူတိုင်းမှာ မတူညီတဲ့ကိုယ်ပိုင်စံသတ်မှတ်ချက်တွေ ရှိကြပါတယ်။ ကိုယ့်ရဲ့စံသတ်မှတ်ချက်တွေနဲ့ ထပ်တူကျအောင် ဘယ်လောက်ထိ ကြိုးစားနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ကြရပါမယ်။ ဥပမာ ~ ကျောင်းသားတစ်ယောက် စာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုထားနိုင်ဖို့အတွက် အမှန်တကယ် စာလုပ်ထားရပါမယ်။ ကိုယ်ရဲ့ရည်မှန်းချက်တွေအတွက် လုံ့လဝီရီယအပြည့်နဲ့ အမြဲကြိုးစားနေဖို့ လိုအပ်ပါတယ်။ အမှန်တကယ် ကြိုးစားအားထုတ်ထားမှ မသိစိတ်ကနေ တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ တိုးလာမှာပါနော်။
[2] ကိုယ့်ကိုယ်ကိုယ် ချစ်ခင်မြတ်နိုးမှု အပြည့်ပေးနေပါရဲ့လား?
တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ပေးဖို့ မေ့နေတတ်ကြပါတယ်။ Confidence ရှိတဲ့လူတစ်ယောက် ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကို စိတ်ရောကိုယ်ပါ ချစ်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုအရင်းအမြစ်က ကိုယ့်အပေါ်မှာဘဲ အပြည့်အဝမူတည်နေဖို့ လိုအပ်ပါတယ်။ ဒါမှကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်တွေ တိုးလာပြီး ယုံကြည်မှု အပြည့်ရှိတဲ့ လူတစ်ယောက် ဖြစ်လာမှာပါ။
[3] ကိုယ့်ရဲ့ဘဝကို အခြားသူတွေရဲ့အမြင်တွေနဲ့ ဘောင်ခတ်ပြီး ရှင်သန်နေမိလား?
တိုတောင်းလှတဲ့ဘဝမှာ အခြားသူတွေရဲ့ ကျွန်တော်တို့အပေါ် ထင်မြင်၊ သုံးသပ်မှုများကို ဘာအတွက်ကြောင့် များ ဂရုစိုက်နေဖို့လိုအပ်ပါသလဲနော်။ အခြားသူတွေရဲ့အမြင်ဟာ ကိုယ်ဘယ်သူဆိုတာကို ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။ အခြားသူတွေချမှတ်ထားတဲ့ စည်းဘောင်တွေကြောင့် ကိုယ့်ရဲ့ Confidence တွေ မယုတ်လျော့သွားပါစေနဲ့နော်။ ကိုယ့်ရဲ့ဘဝကို ကိုယ်ပိုင်ခံယူချက်နဲ့ ဖြတ်သန်းရှင်သန်မှသာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ မြင့်တက်လာမှာပါ။
လူငယ်တွေအတွက် အကျိုးရှိတဲ့ အကြောင်းအရာတွေကို အမြဲမပြတ် မျှဝေပေးသွားမှာမို့ Hype Think Education ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။
ကိုယ့်ရဲ့ နေရက်တိုင်းကို ယုံကြည်မှုအပြည့်ဖြင့် ရှင်သန်နိုင်ကြသူများဖြစ်ပါစေဟု Hype Think Education မှ ဆန္ဒပြုလိုက်ပါတယ်။
Content Writer Yoon Wathan
Graphic