How to Find and Apply Suitable Scholarships for You

Scholarship တွေကိုလျှောက်တဲ့အခါမှာ ကိုယ်ရဲ့အချိန်တွေကို အများကြီးပေးပြီး​ပြင်ဆင်ရတာမို့ မလျှောက်ခင်မှာကိုယ့်အတွက် သင့်လျော်ကိုက်ညီတဲ့ Scholarship အမျိုးအစားဟုတ်မဟုတ်ကိုလည်း သေချာဆန်းစစ်ကြည့်ဖို့လိုအပ်ပါတယ်။

Share your love : ❤️

Scholarship တိုင်းကို လျှောက်သင့်လား၊ ကိုယ်နဲ့သင့်တော်တဲ့ Scholarship ကိုဘယ်လိုရှာဖွေကြမလဲ?

Scholarship တွေဟာ ကျောင်းသားလူငယ်တိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းတွေမို့ အမိအရဖမ်းမိဆုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်နော်။ Scholarship တွေကိုလျှောက်တဲ့အခါမှာ ကိုယ်ရဲ့အချိန်တွေကို အများကြီးပေးပြီး​ပြင်ဆင်ရတာမို့ မလျှောက်ခင်မှာကိုယ့်အတွက် သင့်လျော်ကိုက်ညီတဲ့  Scholarship အမျိုးအစားဟုတ်မဟုတ်ကိုလည်း သေချာဆန်းစစ်ကြည့်ဖို့လိုအပ်ပါတယ်။

ဒီနေ့မှာတော့ Hype Think Education ကနေပြီးတော့ စာဖတ်သူတို့အတွက် ကိုယ်နဲ့ သင့်တော်တဲ့ Scholarship အမျိုးအစား ဟုတ်၊ မဟုတ်ကို ဘယ်လိုဆန်းစစ်ကြည့်ရမလဲဆိုတာ ဖော်ပြပေးသွားမှာမို့ အဆုံးထိဖတ်ရှုပေးကြပါဦးနော်။

နိုင်ငံခြားကျောင်းတွေမှာ ကျောင်းသွားတက်ချင်ပြီးတော့ Scholarship လျှောက်ချင်တဲ့ ကျောင်းသား၊သူတို့အတွက်လည်း Hype Think Education မှာ ဝန်ဆောင်မှု ရယူနိုင်ပါပြီနော်

[1]  Know Your Needs and Goals

ပထမဆုံးကိုယ်ရဲ့ Career Goal ကို အရင်ဆုံးသိ​နေဖို့လိုအပ်ပါတယ်​။ ကိုယ်ဘယ်မေဂျာကို သင်ယူလေ့လာချင်တာလည်းဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေဖို့၊ သေချာနေဖို့ လိုအပ်ပါတယ်​။ Scholarship တိုင်းကို မဟုတ်ဘဲ ကိုယ်တကယ်လေ့လာသင်ယူချင်တဲ့ ဘာသာရပ်ကိုပေးတဲ့ Scholarship Program မျိုးတွေကိုသာ အဓိကထားအာရုံစိုက်ပြီး ပြင်ဆင်ဖို့က ပိုအရေးကြီးပါတယ်နော်။

[2] Be Aware The Type Of Scholarships

Scholarship တွေမှာ Merit-Based Scholarship [Outstanding Academic Performance ရှိတဲ့ ကျောင်းသားတွေကိုပေးတဲ့ Scholarship ] ၊ Need-Based Scholarship [Financial ပိုင်းဆိုင်ရာလိုအပ်မှုရှိတဲ့ ​Student တွေကိုပေးတဲ့ Scholarship ] ၊ Field-Specific Scholarship [University အလိုက်​​​​​ မေဂျာအချို့ကိုသာ အဓိကထားပြီး​ပေး​တဲ့ Scholarship ] ၊ Exchange Scholarship [ကာလတို လေ့လာသင်ယူရသော Scholarship] ဆိုပြီး အမျိုးအစားအများ​ကြီးရှိတာမို့ ကိုယ်နဲ့သင့်လျော်ကိုက်ညီတဲ့ Scholarship အမျိုးအစားကို မ​လျှောက်ခင်မှာ သေချာ ရွေးချယ်ဖို့လိုအပ်ပါတယ်နော်။

[3] Check Eligibility Requirements

Scholarship မလျှောက်ခင်မှာ အဓိကအရေးကြီးဆုံးကတော့ ကိုယ်က Scholarship ပေးမဲ့ အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိတဲ့သူ​​ဖြစ်​နေရဲ့လား၊ အဖွဲ့အစည်းကတောင်းတဲ့ Requirement ​တွေ ၊ Document တွေရော ကိုယ့်မှာပြည်စုံနေရဲ့လား။ မပြည့်စုံခဲ့ရင်ရော ပြည့်စုံအောင်လုပ်ဖို့ ​ဖြစ်နိုင်တဲ့အ​ခြေအနေလားဆိုတာ သေချာပြန်လည် သုံးသပ်သင့်ပါတယ်နော်။ Scholarship တွေက တစ်ခုနဲ့တစ်ခု သတ်မှတ်ထားတဲ့  Guideline တွေ ၊ Requirement တွေမတူညီတာမို့ သူတို့ရဲ့ Official Website ​ေတွမှာ သေချာဖတ်ရှုကြရပါမယ်နော်။

[4]  Align With The Scholarship Criteria

နောက်ဆုံးအနေနဲ့ကတော့ ကိုယ်လျှောက်မဲ့ Scholarship ဟာ ဘာကို Based လုပ်ထားတဲ့ Scholarship အမျိုးအစားလဲဆိုတာကို သိဖို့လိုအပ်ပါတယ်နော်။ ဒါမှကိုယ့်ရဲ့ ဖော်ပြသင့်တဲ့အရည်အချင်းတွေကို Highlight ထားပြီးဖော်ပြတတ်မှာပါ။ ဥပမာ ~ Leadership-Based Scholarship မျိုးဆိုရင် ကိုယ့်ရဲ့ Leadership Experience တွေကို Highlight လုပ်ပြီး ဖော်ပြတတ်ရမှာဖြစ်ပါတယ်။

Scholarship တိုင်းကို မလွတ်တမ်း လျှောက်ခြင်းထက် ကိုယ်နဲ့ တကယ်ကိုက်ညီသင့်လျော်တဲ့ Scholarship အမျိုးအစားတွေကို ရွေးချယ်ပြီးလျှောက်ခြင်းက အချိန်ကုန်လူပင်ပန်းမဖြစ်စေတဲ့အပြင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိဖို့လည်း ပိုမိုနီးစပ် လွယ်ကူမှာပါနော်။

Hype Think Education ကနေပြီး ဒီနေ့ဖော်ပြပေးလိုက်တဲ့ အကြောင်းအရာ​တွေက သူငယ်ချင်းတို့အတွက် အများကြီးအထောက်အကူဖြစ်​စေမယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်ပြီးတော့လည်း အခုလိုမျိုး အကျိုးရှိတဲ့အကြောင်းအရာတွေကို မျှဝေပေးသွားဦးမှာမို့ Hype Think Education ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Content Writer Yoon Wathan

Graphic

Share your love : ❤️