အာရုံစူးစိုက်နိုင်စွမ်း အားကောင်းတဲ့သူတစ်ယောက်ဖြစ်အောင် ပြုပြင်ပြောင်းလဲလို့ရနိုင်လား?
Concentration အားကောင်းတဲ့သူဆိုတာ ကိုယ်လုပ်ဆောင်ရမဲ့ အလုပ်တွေအပေါ်မှာ အာရုံအပြည့်အဝနှစ်ပြီး Energy အမြင့်ဆုံးနဲ့ လုပ်ဆောင်တတ်တဲ့သူ ကိုဆိုလိုတာပါ။ ကိုယ်လုပ်ရမဲ့အလုပ်ကို လုပ်ရမဲ့အချိန်မှာ အာရုံစူးစိုက်နိုင်စွမ်းကောင်းကောင်းနဲ့ လုပ်မယ်ဆိုရင် အောင်မြင်မှုကို သေချာပေါက်ရရှိပိုင်ဆိုင်နိုင်မှာပါနော်။
ဒါကြောင့် ဒီနေ့မှာတော့ စာဖတ်ပရိသတ်တွေကို Concentration အားကောင်းတဲ့သူတစ်ယောက်ဖြစ်လာအောင် ပြုပြင်လုပ်ဆောင်နိုင်မဲ့ နည်းလမ်းတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပြီး Hype Think Education နဲ့အတူ Concentration အားကောင်းတဲ့သူ ဖြစ်လာအောင် ပြောင်းလဲလိုက်ပါစို့နော်။
[1] Love What You Have To Do
ကျွန်တော်တို့ဟာ ကိုယ်ချစ်မြတ်နိုးတဲ့အလုပ်ဆိုရင် အာရုံစူးစိုက်မှုအပြည့်ဖြင့် လုပ်ဆောင်နိုင်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကို ကြည့်ရတဲ့အခါ၊ ကိုယ်ကြိုက်တဲ့စာ၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ရတဲ့အခါမျိုးမှာ အာရုံစူးစိုက်မှုအပြည့်ဖြင့် လုပ်နိုင်ကြပါတယ်။ ကိုယ်မနှစ်သက်တဲ့ အလုပ်တွေကို လုပ်ရတဲ့အခါမျိုးမှာလည်း Concentration အပြည့်နဲ့လုပ်ဆောင်နိုင်ဖို့ Reward Session တွေထားသင့်ပါတယ်။
အလုပ်လုပ်တဲ့အခါတိုင်း Timer နဲ့ အချိန်ကို မှတ်ထားပြီး Task တစ်ခုကို လုပ်ဆောင်ပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် ကိုယ်ကြိုက်တာလေးတွေ လုပ်ပေးရင်းနဲ့ ပြန်ဆုချပေးသင့်ပါတယ်။
ဒါမှ ကိုယ်လုပ်ရတဲ့အလုပ်ပေါ်မှာ Pressure မရှိဘဲပေါ့ပေါ့ပါးပါး Concentration အပြည့်နဲ့ လုပ်နိုင်မှာပါနော်။
[2] Avoid Distraction
ကိုယ်ရဲ့ Concentration ကိုလျော့ကျစေတဲ့အရာတွေကို ရှောင်ကြဉ်ရပါမယ်နော်။ ဥပမာ ~ Social Media ဟာ ကိုယ့်အတွက် Distraction ဆို Social Media ကို မသုံးမိအောင် Application တွေကို ခဏဖျက်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ်ရဲ့အာရုံကို ကိုယ်လုပ်ရမဲ့အပေါ်မှာပဲ ရှိနေအောင် ကြိုးစားရပါမယ်။ Social Media App တွေထဲကို မဝင်မိအောင် Focus App တွေလည်း အသုံးပြုလို့ရနိုင်ပါတယ်။ အသုံးပြုလို့ အဆင်ပြေတဲ့ Focus App တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်။
Forest Application ထဲမှာဆိုရင် ကိုယ်သတ်မှတ်ထားတဲ့ Timer မပြီးမချင်း တခြား Application တွေကို အသုံးမပြုမိဘူးဆိုရင် Application ထဲမှာရော၊ အပြင်မှာကောမှာပါ အပင်တစ်ပင်စိုက်ပေးပြီးသား ဖြစ်သွားမှာပါနော်။
[3] Care Your Physical And Mental Health
Concentration အားကောင်းဖို့ဆိုရင် ကိုယ်ရဲ့စိတ်ကောကိုယ်ပါ ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ ခန္ဓာကိုယ်အတွက်ဆိုရင် အိမ်ရေးဝဝအိပ်ပေးတာ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာ၊ အစားအသောက်ကို ဂရုတစိုက် စားပေးတာတို့ကို လုပ်ပေးရပါမယ်။ စိတ်ပိုင်းဆိုင်ရာအတွက်ဆိုရင်လည်း တရားထိုင်တာ၊ စိတ်ပေါ့ပါးအောင်သီချင်း နားထောင်ရင်း အလုပ်လုပ်တာတွေက ကိုယ့်ရဲ့စိတ်ကို အများကြီး ငြိမ်သက်အေးချမ်းစေပါတယ်။ ကိုယ့်ရဲ့စိတ်တွေ အေးချမ်းလေ အာရုံစူးစိုက်မှုအား ပိုကောင်းလေပါပဲနော်။
[4] Focus Only On Present
အာရုံစိုက်နိုင်စွမ်းကောင်းဖို့ဆိုရင် လက်ရှိအချိန်ကိုဘဲ တွေးနေဖို့လိုအပ်ပါတယ်။ အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေ၊ အနာဂတ်မှာဖြစ်လာမဲ့အရာတွေကို တွေးနေမယ်ဆိုရင် လက်ရှိအချိန်မှာ အာရုံစိုက်နိုင်အားကောင်းတော့မှာ မဟုတ်ပါဘူးနော်။
အဲ့လို စိတ်တွေရှုပ်ပြီး အတွေးများလာပြီးဆိုရင် ဝင်လေထွက်လေကို အားပြင်းပြင်းနဲ့ ရှုသွင်းရှုထုတ်လုပ်ပြီး ကိုယ့်အခုလက်ရှိမှာ လုပ်နေတဲ့အရာကိုဘဲ စိတ်ကပ်အောင် ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေဖို့လိုအပ်ပါတယ်နော်။
Concentration အားကောင်းတဲ့ဆိုတာ သူ့အလိုလိုပါလာတဲ့ ပါရမီမဟုတ်ဘဲ ကြိုးစားရင်း ကြိုးစားရင်းကနေ ရလာတဲ့ အလေ့အကျင့်တစ်ခုပါနော်။
အားလုံးလည်း အာရုံစူးစိုက်နိုင်စွမ်း မြင့်မားပြီးအောင်မြင်မှုတွေကို အသီးသီးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ အခုလိုအကျိုးရှိတဲ့ အကြောင်းအရာတွေကို အမြဲမပြတ်ဖတ်ရှုနိုင်ဖို့ Hype Think Education ကို Follow လုပ်ဖို့ မမေ့ပါနဲ့နော်။
Content Writer Yoon Wathan
Graphic