ဒီနေ့မှာတော့ “How to Improve English Without Studying”ဆိုတဲ့ခေါင်းစဥ်အတိုင်း Without Studyingဆိုတာ Text bookအထူကြီးတွေကို ဖတ်မှမဟုတ်ပဲ ကိုယ်ဝါသနာပါတာကိုလုပ်ရင်း အင်္ဂလိပ်စာတိုးတက်အောင် ဘယ်လိုလုပ်လို့ရနိုင်မလဲဆိုတာကို အချက်အလက်လေးတွေနဲ့တကွ မျှဝေပေးသွားမှာပါ။
1) Use social media as your knowledge learning space (ဆိုရှယ်မီဒီယာကို မိမိရဲ့ဗဟုသုတတွေလေ့လာရာနေရာအဖြစ် အသုံးချပါ)
လူ70%လောက်ဟာ social mediaကို အပန်းဖြေဖို့ ပုံတင်ဖို့လောက်ပဲ အသုံးပြုကြတာ များပါတယ်။ Social media မှာ ပုံတင်တဲ့အခါ captionရေးတဲ့အခါဖြစ်ဖြစ်၊ Stories / My dayတင်တာဖြစ်ဖြစ် ကိုယ်လေ့လာထားတဲ့ Idiomတွေ၊ Vocabularyတွေ၊ Usageတွေကိုသုံးပြီး Englishလို ရေးတင်နိုင်ဖို့ကြိုးစားပါ။
ဒါ့အပြင် instagram, twitterတို့မှာဆိုရင် အနုပညာရှင်တွေ bloggerတွေရေးထားတဲ့ Englishလို captionတွေကိုဖတ်ပြီးလည်းစကားလုံးအသစ်၊ အသုံးအနှုန်းအသစ်တွေကိုလေ့လာလို့ရပါတယ်။
2) YouTube as your learning platform (YouTubeမှတဆင့်လေ့လာဖို့ ကြိုးစားပါ)
ခုနောက်ပိုင်းမှာတော့ YouTubeကနေတဆင့် ကိုယ်လေ့လာချင်တဲ့အကြောင်းအရာတွေအားလုံးကို ရှာဖွေလေ့လာလို့ရနေပြီဖြစ်ပါတယ်။ YouTubeမှာ instructorတွေရဲ့ သင်ကြားရေး videoတွေအပြင်၊ ကိုယ်စိတ်ဝင်စားတဲ့ vlogတွေကနေလည်း လေ့လာလို့ရပါတယ်။ စာရှင်းပြထားတဲ့ တစ်နာရီစာ videoတွေကြည့်ရင်းနဲ့ပျင်းလာတာ စိတ်မဝင်စားတော့တာတွေဖြစ်လာနိုင်ပါတယ်။
ဒါ့ကြောင့် ကိုယ်စိတ်ဝင်စားတဲ့ vlogတွေ၊ Food vlogတွေ၊ Art videoတွေကြည့်ပြီးတော့လည်း သူတို့သုံးတဲ့ vocabularyအသုံးအနှုန်းတွေကို လေ့လာပြီး ကိုယ့်ရဲ့English skillကို တိုးတက်အောင် လုပ်လို့ကျင့်လို့ရပါတယ်။
3) Find your speaking Partners and try to have conversation in English (ကိုယ်နဲ့အတူ အင်္ဂလိပ်စကားပြောကျင့်ဖို့အဖော်ရှာပြီး အင်္ဂလိပ်လိုပြောဖို့ကြိုးစားပါ)
ကိုယ့်ရဲ့ Englishစကားပြောတိုးတက်ဖို့အတွက်ဆိုလည်း Englishလို များများပြောကျင့်ပါ။ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့အတူ နေ့စဉ်စကားဝိုင်းမှာလည်း အင်္ဂလိပ်လိုပြောဖို့ လေ့ကျင့်ပါ။ ကိုယ်နဲ့အတူအင်္ဂလိပ်လို လေ့ကျင့်ပေးမယ့် သူငယ်ချင်းမရှိလို့လည်း စိတ်မပူပါနဲ့။ ၂၁ရာစု နည်းပညာခေတ်ကို ရောက်နေပြီမို့ onlineကနေတဆင့် အတူတူလေ့ကျင့်မယ့် သူငယ်ချင်းတွေကို လွယ်ကူစွာ ရှာလို့ရနေပါပြီ။
ခုနောက်ပိုင်းမှာတော့ Facebookပေါ်မှာ ကိုယ့်ရဲ့English speakingကို လေ့ကျင့်လို့ရမယ့် free conversation class တွေလည်း အများကြီးရှိနေပြီမို့ joinပြီး ကိုယ်နဲ့တူတူကျင့်လို့ရမယ့် speaking partnerတွေနဲ့ ကိုယ့်ရဲ့ English speaking skillတိုးတက်အောင် လေ့ကျင့်လို့ရပါတယ်။
အဲ့လိုEnglishလိုပြောခြင်းအားဖြင့် ကိုယ့်ရဲ့အင်္ဂလိပ်စာစကားပြောစွမ်းရည်လည်းတိုးတက်လာပြီး လူအများနဲ့ပြောဆိုဆက်ဆံရာမှာလည်း ရှက်ကြောက်နေတော့မှာ မဟုတ်ပါဘူး။
4) Practice yourself /Self-talk (ကိုယ့်ဘာသာတယောက်ထဲ လေ့ကျင့်ကြည့်ပါ)
တခြားသူတွေနဲ့ပြောဖို့ မရဲသေးဖူးဆိုရင်လည်း မိမိဘာသာတစ်ယောက်ထဲ လေ့ကျင့်ကြည့်ပါ။ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အသုံးပြုတဲ့ပစ္စည်းတွေ၊ ကိုယ်စားတဲ့အစားအသောက်တွေရဲ့နာမည်တွေ၊ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို Englishလိုအသုံးပြုနိုင်ဖို့ ကြိုးစားပါ။
ဖုန်းထဲမှာလည်း အင်္ဂလိပ်လို ကိုယ်ပြောကြည့်ထားတာကို recordလုပ်ပြီး ပြန်နားထောင်ပါ။ ကိုယ့်ရဲ့အင်္ဂလိပ်လိုအသံထွက် စကားပြောအဆင်ပြေမပြေ သိနိုင်ပြီး တစ်စတစ်စ အရင်ထက်ပိုကောင်းအောင် လေ့ကျင့်လို့ရပါတယ်။
5) Try to watch movies in English without subtitles (အင်္ဂလိပ်ဇာတ်ကားတွေကို စာတန်းထိုးမပါပဲ ကြည့်ဖို့ကြိုးစားပါ)
လူတိုင်းကကိုယ့်ရဲ့အနားယူချိန်မှာ ဇာတ်ကားတွေကြည့်ပြီးအချိန်ကုန်ဆုံးလေ့ရှိကြတာမို့ အနားယူရင်းနဲ့လည်း ကိုယ့်အတွက်အကျိုးရှိအောင် ရသလောက်လေ့လာကြပါမယ်။
စစချင်းတော့ without subtitlesမဟုတ်ပဲ Eng subtitlesတွေနဲ့ ကြည့်ဖို့ကြိုးစားပါ။ အဲ့တာမှတဆင့် သူတို့ရဲ့အသုံးအနှုန်းတွေ vocabularyတွေကို လေ့လာပါ။ နောက်ပိုင်းမှာ စာတန်းထိုးမပါပဲကြည့်နိုင်အောင် ကြိုးစားပါ။ စာတန်းထိုးမပါပဲကြည့်ခြင်းအားဖြင့် သူတို့ပြောတာကို အရင်ကထက် ပိုသေချာနားထောင်မိပြီး ကိုယ့်ရဲ့ listening စွမ်းရည်လည်း တိုးတက်လာမှာဖြစ်ပါတယ်။
6) Repeat after their dialogue or lyrics (သူတို့ပြောတဲ့ ဒိုင်ယာလေ့ာတွေ သီချင်းစာသားတွေကို လိုက်ဆိုကြည့်ပါ)
ဇာတ်ကားထဲကသူတို့ပြောတဲ့dialogueတွေထဲက ကိုယ်သဘောကျတာလေးတွေရှိရင်မှတ်ထားပြီး လိုက်ပြောဖို့အတွက်လွယ်တဲ့ dialogueအတိုလေးတွေကိုအရင် လိုက်ပြောကြည့်ပါ။ လိုက်ပြောကြည့်ရင်း သူတို့ရဲ့ pronunciationတွေကိုလည်းသိနိုင်ပြီး ကိုယ့်ရဲ့ pronunciationကိုလည်းမှန်အောင်၊ ပိုကောင်းအောင် လေ့ကျင့်လို့ရပါတယ်။
သီချင်းတွေနားထောင်တဲ့အခါမှာလည်း ဒီအတိုင်းနားထောင်တာချည်းမဟုတ်ပဲ လိုက်ဆိုကြည့်ရင်း တချို့စာသားတွေ၊စကားလုံးအသစ်တွေ၊ အသုံးအနှုန်းတွေကိုလည်းသိနိုင်ပြီးကိုယ့်ရဲ့ conversationတွေမှာ ပြန်သုံးလို့ရမယ့် စကားလုံးတချို့ အသုံးအနှုန်းတချို့ကို ပြန်သုံးကြည့်ဖို့ကြိုးစားပါ။
7) Try to read news/magazines in English (သတင်းတွေကို အင်္ဂလိပ်လိုဖတ်ကြည့်ဖို့ ကြိုးစားပါ)
နေ့စဉ်ဘဝမှာလည်း ကမ္ဘာကြီးဘာတွေဖြစ်နေလဲဆိုတာနှင့် မိမိနေထိုင်ရာပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ရှိဖို့အတွက် သတင်းအချက်အလက်တွေကို သိထားဖို့ news/magazinesတွေကို ဖတ်ဖို့လိုပါတယ်။ ခုနောက်ပိုင်းမှာ သတင်းစာဆိုတာထက် Facebookလို social mediaကနေတဆင့် သတင်းတွေတင်တာကို ပိုပြီးဖတ်ကြလေ့ရှိပါတယ်။ အဲ့လိုဖတ်တဲ့အခါမှာ international new channelတွေ၊ websiteတွေကနေတဆင့် အင်္ဂလိပ်လို သတင်းများကိုဖတ်နိုင်ဖို့ကြိုးစားပါ။ သတင်းတွေမှာတော့ မတူညီတဲ့ vocabularyအသုံးအနှုန်းတွေကိုသုံးပြထားတာမို့ အဲ့ကနေတဆင့် ကိုယ့်ရဲ့ vocabularyအသုံးအနှုန်းတွေကို ပိုကျယ်ပြန့်အောင် လေ့လာလို့ရပါတယ်။
8) Try to write journal in English (dairyလိုမျိုး ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်းဂျာနယ်ကို အင်္ဂလိပ်လိုရေးဖို့ကြိုးစားပါ)
ကိုယ့်ရဲ့နေစဉ်မှတ်တမ်းရေးတဲ့သူဆို အင်္ဂလိပ်လိုရေးကြည့်ပါ။ ကိုယ်လေ့လာထားတဲ့ vocabularyအသုံးအနှုန်းတွေနဲ့ စာကြောင်းတွေရေးကြည့်ပါ။ ဒီလိုကိုယ့်ရဲ့နေ့စဉ်မှတ်တမ်းကို အင်္ဂလိပ်လိုရေးကြည့်ခြင်းအားဖြင့် writingအတွက် တကူးတကစာပိုဒ်တွေ ရေးစရာမလိုပဲ ကိုယ့်ရဲ့အင်္ဂလိပ်လိုစာ အရေးစွမ်းရည်လည်း တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒီနေ့ဖော်ပြပေးသွားတဲ့ “How to Improve English Without Studying“ဆိုတဲ့အချက်အလက်လေးတွေကို အပြင်လက်တွေ့ဘဝ English skillတိုးတက်အောင်လေ့လာတဲ့အခါမှာအသုံးချတဲ့အခါ သင့်အားအထောက်အကူပြုလိမ့်မယ့်လို့ ယုံကြည်ပါတယ်။
နောက်ထပ်လည်း အသုံးဝင်မယ့်အကြောင်းအရာလေးတွေကို ဆက်လက်မျှဝေပေးသွားအုံးမှာမို့ တူတူလေ့လာကြပါမယ်နော်
Content Writer by Chit Thae Nu