How to improve your English Listening skills

Listening skillsမှာ အားနည်းတယ်လို့ထင်တဲ့ learnerများအတွက် Listening Skillsကို သိသိသာသာ တိုးတက်မှု‌ရှိစေမဲ့ Tips 5ခုကို မျှဝေပေးပါမယ်
Share your love : ❤️

Hi everyone, ဒီနေ့မှာတော့ ကျွန်တော်တို့ Hype Think Educationက‌‌နေ Englishကို self-studyလုပ်နေကြတဲ့သူတွေပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ့် listening skillsမှာ အားနည်းတယ်လို့ သတ်မှတ်ထားကြတဲ့ learnerများအတွက် Listening Skillsကို သိသိသာသာ တိုးတက်မှု‌ရှိစေမဲ့ Tips 5ခုကို မျှဝေပေးပါမယ်။

ကဲ..ဘယ်လိုနည်းလမ်းတွေ ဖြစ်မလည်းဆိုတာကို တစ်ချက်ဖတ်ကြည့်လိုက်ရအောင်နော်

1) Listeningတစ်ခုကို စတင်နားထော‌င်တော့မယ်ဆိုရင် စိတ်ကို အရင်ဆုံး relaxဖြစ်အောင်လုပ်ပါ။

Learnersအများစုက listeningနားထောင်ကြတဲ့အခါ speakersတွေပြောနေတာကို နားမလည်မှာ၊ ဘာတွေပြောမှန်းမသိလိုက်မှာကို အရမ်းကိုစိုးရိမ်တက်ကြပါတယ်။ ဒါဟာ learnersများကို အရမ်း pressureဖြစ်စေတဲ့ အဓိကအချက်ပါ။ ဒီအပြင် မတူညီတဲ့နိုင်ငံအသီးသီးကသူတွေလည်း Englishလိုပြောကြတဲ့အခါ 100% English accent အသံမပေါက်ကြပါဘူး။ Britishသူက British accentပဲထွက်မှာ ဖြစ်သလို Indiaနိုင်ငံက သူကလည်း သူ့ နိုင်ငံရဲ့ လေယူလေသိမ်းအသံပဲ ထွက်မှာဖြစ်လို့ သူတို့ပြောတာတွေကို အကုန်နားလည်ဖို့ဆိုတာ တော်တော်လေး မဖြစ်နိုင်ပါဘူး။ အဲ့တာကြောင့် listeningနားထောင်ရင် နားမလည်တာပါခဲ့ရင် stress zoneထဲကို မရောက်သွားလိုက်ပါနဲ့နော်။ စိတ်ကိုrelax ဖြစ်အောင်လုပ်ပါ။ ပြီးရင် စိတ်ကို သေချာအာရုံစုစည်းပြီး နားထောင်ပါ။ ဒါ‌ဆိုရင် ကိုယ့်ရဲ့အာရုံစူးစိုက်မှုအားကလဲ ပိုကောင်းလာပြီး listening အပိုင်းမှာလည်း တဖြည်းဖြည်း တိုးတက်လာမှာပဲ ဖြစ်ပါတယ်။

2) Listening နားထောင်ရင် English ➡️ Burmese ကို ဘာသာပြန်တာမျိုး လုံး၀မလုပ်ပါနဲ့

ဒုတိယ Tipကတော့ ရိုးရှင်းပါတယ်။ အာရုံစိုက်ပါ။ ပထမဆုံး Listeningနားထောင်ရင်းနဲ့ မြန်မာလိုဘာသာပြန်နိုင်အောင် ကြိုးစားနေတာက listening skillsကို မတိုးတက်စေပါဘူး။ အဲ့ထဲမှာ ကိုယ်မသိတဲ့ wordsတွေလည်း အများကြီးပါကောင်းပါနိုင်တယ်။ ဒါ့ကြောင့် listeningနားထောင်နေချိန်မှာ ဘာသာပြန်တာမျိုး၊ မသိတဲ့စာလုံးတွေကို လိုက်မှတ်နေတာမျိုးလည်း မလုပ်ရပါဘူး။ သူတို့ပြောတာကိုပဲ အာရုံစိုက်နားထောင်နေပါ။ ပထမတစ်ခေါက်နဲ့ မလုံလောက်သေးရင် ထပ်ခါထပ်ခါ ပြန်နားထောင်ကြည့်တဲ့ အကျင့်မျိုးလုပ်ကြည့်ပါ။ အဲ့လိုလုပ်ခြင်းက ကိုယ်ဘာသာပြန်စရာ‌တောင်မလိုဘဲ နားထောင်းရင်းနဲ့ကို ဘာကိုဆိုလိုချင်လည်းဆိုတာ အလိုလိုနားလည်းသဘောပေါက်လာမှာပဲ ဖြစ်ပါတယ်နော်။

3) ကိုယ်တစ်ခါမှ မကြားဘူးတဲ့ wordsပါလာရင် သိဖူးကြားဖူးတာနဲ့ ဆက်စပ်တွေးကြည့်ပါ။

တတိယအချက်မှာတော့ ကိုယ် တစ်ခါမသိတဲ့စာလုံးကိုကြားလိုက်ရရင် ကိုယ်သိတာနဲ့ ဘယ်လိုဆက်နွယ်ပြီး နားလည်အောင်လုပ်မလည်းဆိုတာကို ဥပမာလေးတစ်ခုနဲ့ ပြောပြပေးပါမယ်နော်။

ကျွန်တော်တို့ airport သွားကြတဲ့အခါ airport receptionistတွေက Englishလို‌ မေးလေ့ရှိပြီး လေယာဉ်လက်မှတ် စစ်လေ့ရှိတယ် ဟုတ်? အဲ့မှာသူတို့က စစ်ဆေးတဲ့အခါ ကိုယ့်ကို window seat (or) aisle seatလို့မေးရင် window seatကိုတော့ ကောင်းကောင်းသိနေပါမယ် ဒါမဲ့ aisle seatမှာ aisleဆိုတာကို သိချင်မှသိပါလိမ့်မယ်။ ဒါမဲ့ နောက်က seatဆိုတဲ့ စကားလုံးနဲ့ တွဲလိုက်တဲ့အခါ ဘာကိုဆိုလိုလည်းဆိုတာကို ကိုယ်က အလိုလို နားလည်သွားပြီးပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ကိုယ်မသိတဲ့စာလုံးတွေ ပါလာခဲ့ရင် အခုလို ဆက်စပ်‌တွေးကြည့်ပြီး နားထောင်ခြင်းက သင်ရဲ့ listening skills ရော vocabulariesရော တိုးတက်စေမဲ့နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

4) နိုင်ငံအသီးသီးက ပြောကြတဲ့သူတွေရဲ့ English Accent ကိုနားထောင်ကြည့်ပါ။

နောက်တစ်ခုကတော့  self-study လုပ်‌နေတဲ့သူတွေ၊ IELTSအတွက် ပြင်ဆင်နေကြတဲ့သူတွေ အများစုက YouTube videos ကြည့်လေ့ရှိကြပါတယ်။ အဲ့ videosကို ကြည့်ကြအခါမှာ American accentနဲ့ပဲ ပြောတဲ့ video‌ တွေကိုပဲ နားထောင်ပြီး listeningကို မလေ့ကျင့်ပါနဲ့။ British, Canada, South Africa and Switzerlandစသည့် နိုင်ငံအသီးသီးကသူတွေရဲ့ English accentကိုပါ ရှာဖွေနားထောင်ကြည့်ပါ။ အဲ့လိုနားထောင်ခြင်းက သူတို့ရဲ့ လေယူလေသိမ်း အသံထွက်တွေကို တဖြည်းဖြည်း ကိုယ်က နားယဉ်လာမှာဖြစ်တဲ့အပြင် exam test တွေဖြေရင်လည်း listening နားထောင်ရတာဟာ ပြောတဲ့သူက ဘယ်လို accentနဲ့ပဲ ပြောနေပါစေ ကိုယ့်အတွက်က နား‌ထောင်ရ လွယ်ကူနေမှာပဲဖြစ်ပါတယ်နော်

5) Listeningလေ့ကျင့်တဲ့အခါလည်း study plan တစ်ခု သတ်မှတ်ပေးပါ။

နောက်ဆုံးတစ်ခုအနေနဲ့ ‌ကျွန်တော်တို့ listeningလေ့ကျင့်တဲ့အခါမှာ တူညီတဲ့ ပုံစံတစ်မျိုးထဲကိုပဲ နေ့တိုင်း နားထောင်နေလို့ မတိုးတက်လာနိုင်ပါဘူး။ ဒါ့ကြောင့် listening လေ့ကျင်တဲ့အခါ Rule 2ခုရှိရပါမယ်။

  • Rule #1 Do something everything. 
  • Rule #2 Do something different every day

ဒီ rule 2ခုအတိုင်းလိုက်နာပြီး ဒီနေ့မှာ ဘယ်လိုဟာမျိုးကို ရွေးချယ်နားထောင်မလည်းဆိုတာကို ကိုယ်တိုင် Study planဖန်တီးကြည့်ပါ။

Listening ‌လေ့ကျင့်ဖို့ အများကြီး အချိန်ပေးဖို့လည်း မလိုပါဘူးနော်။ တစ်ရက်မှ ပုံမှန် 15 minsပဲ အချိန်ပေးပါ။ လေ့ကျင့်တဲ့အခါမှာလည်း တစ်ရက်နဲ့တစ်ရက် မတူညီတာတွေကို နားထောင်လေ့ကျင့်ကြည့်ပါ။ ဒါဆိုရင် ကိုယ့် အတွက်က listening skills မှာ weak မဖြစ်နေတော့ပဲ အများကြီးတိုးတက်လာမှာ အသေချာပါပဲ။

အခုဆိုရင် Listening skills ကိုသိသိသာသာနဲ့ တိုးတက်စေမဲ့ tipsတွေကို Learnerများလဲ သိသွားပြီဆိုတော့… ကိုယ်တိုင်လိုက်လုပ်ကြည့်ပြီး တစ်လအတွင်းမှာ ကိုယ့်ရဲ့ listening skills ဘယ်လောက်ထိ တိုးတက်မှုရှိလဲ သိရအောင် အခုပဲ ကြိုးစားကြရအောင်‌‌လေနော် … Keep going!!!

Content Writer by Hnin Ei Ei Phyo

Share your love : ❤️