How to Learn Chinese: In just 3 months?

တရုတ်စာလေ့လာဖို့ ကြောက်နေပြီလား? ဒါဆိုရင်တော့ Hype Think Academy ကနေ လွယ်လွယ်ကူကူနဲ့ လေ့လာလို့ရမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးသွားမှာမို့လို့ ဘယ်လိုနည်းလမ်းတွေဖြစ်မလဲဆိုတာကို တူတူဖတ်ကြည့်ရအောင်နော်။

Share your love : ❤️

အချိန် [3] လပေးရုံနဲ့ တရုတ်စာကိုတကယ်တတ်မြောက်နိုင်ပါ့မလား?

“ တရုတ်စာက အရမ်းခက်တယ်… ဗျည်းတွေလည်း မတူဘူး၊ အသံထွက်တွေကလည်း အတော်လေးရှုပ်တယ်”

ဒီလို စကားသံ‌တွေကြောင့် တရုတ်စာလေ့လာဖို့ ကြောက်နေပြီလား? ဒါဆိုရင်တော့ Hype Think Academy ကနေ လွယ်လွယ်ကူကူနဲ့ လေ့လာလို့ရမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးသွားမှာမို့လို့ ဘယ်လိုနည်းလမ်းတွေဖြစ်မလဲဆိုတာကို တူတူဖတ်ကြည့်ရအောင်နော်။

သင်က [3] လအတွင်း တရုတ်စာကို တကယ်တတ်မြောက်ချင်သူတစ်ယောက်ဆိုရင် [3]လအတွင်း တရုတ်စာကို အပီအပြင် စာကြိုးစားရမှာတော့ အသေအချာပါပဲ။ တရုတ်စာမှာဆိုရင် Tones အနေနဲ့ အသံထွက် [ 4 ] မျိုး နဲ့ အသံထွက်မရှိတဲ့တစ်ခု ရှိပါတယ်။ အသံထွက်မှန်မှ စကားလုံးရဲ့အဓိပ္ပာယ်ကို နားလည်နိုင်တာဖြစ်ပြီး ဒါကိုကျွမ်းကျင်ဖို့ဆိုတာ အချိန်တစ်ခုယူပြီးတော့ လေ့ကျင့်ဖို့ လိုအပ်ပါတယ်။

စာလုံး [Hanzi] တရုတ်စာလုံးတွေဟာ ပုံသဏ္ဍာန်တွေနဲ့ ရေးထားတာဖြစ်လို့ တစ်ခုချင်းစီကို သီးခြားစီ မှတ်ထားရပါတယ်။ အဆင့်မြင့်စာလုံးတွေကို ကျွမ်းကျင်ဖို့ဆိုတာ လုံလောက်တဲ့အချိန်တစ်ခုပေးပြီး လေ့ကျင့်ဖို့တော့ လိုအပ်ပါမယ်။

ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်ဖို့ဆိုတာ အချိန်ယူရပါတယ်။ သင်ဟာ သေချာကြိုးစားလေ့လာမယ်ဆိုရင်တော့ အခုပြောထားတဲ့ [3] လအတွင်းမှာတော့ ပီပီပြင်ပြင်ပြောနိုင်တဲ့အဆင့်ထိကို ရောက်န်ိုင်ပါတယ်။

ဘယ်လိုမျိုး ကြိုးစားရမလဲ?

  • နေ့စဉ် အနည်းဆုံး [ 1~2 ] နာရီကို တရုတ်စာလေ့လာဖို့အတွက် ကြိုးစားမှု ရှိရပါမယ်။
  • Speaking + Listening ကို အလေးပေးသင်ပါ။
  • အခြေခံစာလုံး အခု [500]ကို မှတ်ထားပါ။
  • App တွေ၊ YouTube တို့ကို နေ့စဉ်သုံးပါ။
  • တရုတ်သီချင်းတွေ၊ ကာတွန်းကားတွေကြည့်ပြီး နားထောင်စွမ်းရည်ကို လေ့ကျင့်တာက ပျင်းရိမှုမရှိစေဘဲ သင်ယူနိုင်တဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

အချိန် [3] လအတွင်း ဘယ်လောက်တတ်နိုင်မလဲ?

  • မိတ်ဆက် တတ်လာမယ်။
  • စားသောက်ဆိုင်မှာ အစားအသောက်တွေကိုမှာ ယူနိုင်မယ်။
  • မေးခွန်းတွေကို လွယ်လွယ်ကူကူ ဖြေတတ်လာမယ်။

သင်တန်းတက်ခြင်း: သင်ကအရင်က လေ့လာဖူးတာမရှိသေးဘူး၊ အခုမှ စပြီးတော့ လေ့လာမယ့်လူဆိုရင်တော့ အခြေခံကို မြန်မြန်ဆန်ဆန်နားလည်နိုင်စေဖို့ သင်တန်းတစ်ခုခုတက်တာက အကောင်းဆုံးပါပဲ။ ဒါဟာ အချိန်ကုန်သက်သာစေပြီး နည်းမှန်လမ်းမှန်နဲ့ အလွယ်တကူ တက်ရောက်သွားမှာပါ။

ဒီလိုနည်းနဲ့ တရုတ်စာကို အခြေခံကောင်းကောင်းရအောင် [3] လအတွင်း ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ့်ကျွမ်းကျင်တဲ့အဆင့်ကိုရောက်ဖို့ကတော့ အချိန်ပေးနိုင်ပြီးတော့ ဇွဲရှိဖို့လည်း အများကြီး လိုအပ်ပါသေးတယ်။

တရုတ်စာကို စတင်လေ့လာဖို့ စိတ်ဝင်စားနေတယ်ဆိုရင်တော့ ၃ လအတွင်း ဘယ်အဆင့်အထိတတ်ချင်လဲဆိုတဲ့မိမိရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အရင်သတ်မှတ်ပြီး လေ့လာကြည့်တာ အကောင်းဆုံးပါပဲ။

ဘယ်လို သင်တန်းမျိူး တက်ရမှာလဲ?

အချိန် [3]လအတွင်းမှာ ဘယ်လိုလေ့လာရင် ပိုထိရောက်မလဲဆိုတာကို Hype Think Academy ကနေ ဖွင့်မယ့် Chinese Language Class မှာ အသေးစိတ် ဂရုတစိုက် သင်ကြားလမ်းညွှန်ပေးနေတာမို့ [3] လဆိုတဲ့ အချိန်ကာလမှာ ကိုယ်က တကယ့်ကို ထိထိရောက်‌ရောက်လေ့လာချင်တယ်၊ တတ်ကျွမ်းချင်တယ်ဆိုရင် Hype Think Academy ကနေ ဖွင့်မယ့် Chinese Class ကို တက်ရောက်ဖို့ကို စကားလက်ဆောင်မှာလိုက်ပါတယ်။

Content Writer Khin Myo Lae Yee

Graphic

Share your love : ❤️