How To Nurture Your Child’s Mental Health

ကလေးငယ်လေးတွေဟာ ဖယောင်းရုပ်ကလေးနဲ့တူပါတယ်။ ဒါကြောင့် ငယ်စဥ်တည်းက မိမိတို့၏ကလေးငယ်တွေကို physicalပိုင်းရော၊mentalပိုင်းရော ကောင်းမွန်စွာ ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲဆိုတာကို မျှဝေပေးထားပါတယ်
Share your love : ❤️

[In Burma]

ကလေးငယ်လေးတွေဟာ ဖယောင်းရုပ်ကလေးနဲ့တူပါတယ်။ ဒါကြောင့် ငယ်စဥ်တည်းက မိမိတို့၏ကလေးငယ်တွေကို physicalပိုင်းရော၊mentalပိုင်းရော ကောင်းမွန်စွာ ဘယ်လိုပြုစုပျိုးထောင်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ ထိုကြောင့် ဒီနေ့မှာတော့ မိမိတို့ရဲ့သားသမီးရတနာလေးတွေအတွက် မေမေ၊ဖေဖေတို့အနေနဲ့ လုပ်ဆောင်ပေးသင့်တဲ့ parenting methodsတချို့ကို မျှဝေပေးလိုက်ပါတယ်။

1) Authoritative

ကလေးက အမှားတစ်ခုခု လုပ်မိတဲ့အခါမျိုးမှာဆိုရင် အော်ဟစ် ရိုက်နှက်ဆုံးမတာထက် မှားတဲ့အချက်ကို သေချာထောက်ပြရင်း အပြစ်ရှိရင် အပြစ်ပေးခံရမယ်ဆိုတာမျိုးကို နားဝင်အောင်ရှင်းပြတာမျိုးလုပ်ပေးသင့်ပါတယ်,သူတို့ရဲ့ အမှားတွေကနေ သင်ခန်းစာ ဘယ်လိုယူရမလဲ ဆိုတာကိုပါ ပြောပြပေးဖို့လိုပါမယ်။

2) It’s okay to feel angry

စိတ်တိုစရာတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာလည်း all feelings are okလို့ guideလုပ်ပေးသင့်ပါတယ် ဒါမှလည်း အကောင်းဖက်ကနေ တွေးမြင်တတ်လာမှာဖြစ်ပါတယ်။

3) Even when you feel your worst, I love you

ဒါကတော့ ကလေးတွေဟာ ဝမ်းနည်းစရာကြုံလာတာမျိုးဖြစ်ဖြစ်၊ စိတ်မကောင်းစရာတစ်ခုခု ခံစားနေတာမျိုးဖြစ်ဖြစ် parentsတွေအနေနဲ့ “No matter how you feel or behave,we will love them”ဆိုတာကိုလည်း အမြဲ ဖော်ပြပေးဖို့ လိုပါမယ်နော် ဒါတင်မကပဲ သူတို့အတွက် နွေးထွေးတဲ့ပတ်ဝန်းကျင်လေးတစ်ခုအဖြစ်အနားကနေလည်းရှိပေးဖို့ လိုပါတယ်။ သူတို့လေးတွေကို ယုံကြည်ဖို့ကလည်း အဓိက လုပ်ဆောင်ပေးသင့်တဲ့ အချက်ပါပဲ။

❌ “နင်ဘာတွေ တွေးနေတာလဲ?” အဲ့လိုမေးခွန်းမေးမယ့်အစား

✅ ဒါကို “ကူညီပြီး ဖြေရှင်းစဥ်းစားပေးမယ်”လို့ ပြောပြသင့်ပါတယ်။

❌ “နင်က ဒါကို မလုပ်နိုင်ပါဘူး (သို့မဟုတ်) မဖြစ်နိုင်ပါဘူး”လို့ မလုပ်ခင်ကတည်းက ပိတ်မပြောသင့်ပါဘူး။

✅ သားသားက “ဒါကို လုပ်နိုင်တယ်”၊ “ကျော်ဖြတ်နိုင်ရမှာပါ”၊ “အကောင်းဆုံးဖြစ်အောင်လုပ်”ဆိုပြီးတော့သာ စိတ်ခွန်အား ပေးသင့်ပါတယ်။ စိတ်ကသာ အဓိကဖြစ်တဲ့အတွက် motivationပေးနေဖို့လည်း လိုတာပေါ့နော် encourage independent learning ဆိုတာမျိုးပေါ့

(Surround them with healthy adults) မြန်မာစကားပုံအရ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး”ဆိုသလို ပေါင်းသင်းဆက်ဆံရေးဟာလည်း သိပ်ကို အရေးကြီးတယ်ဆိုတာ မေမေ၊ဖေဖေတို့အနေနဲ့ သိနှင့်ပြီးသားဖြစ်နေမှာပါ

Mental healthသာမက physical exerciseတွေကိုပါ အတူတူလိုက်ပြီး လေ့ကျင့်ပေးသင့်ပါတယ်။ ဒါမှသာ ကျန်းမာကြံ့ခိုင်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်လာစေမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း sex educationပါပဲ good touchနဲ့ bad touchကိုခွဲခြားတတ်အောင် သင်ပေးရပါမယ်။ သားသားမီးမီးတို့ရဲ့ private areasတွေကို မထိဖို့ရယ်၊ kissing on the mouthတွေ လုံးဝ လက်မခံဖို့ရယ်၊ အနိုင်ကျင့်တာဖြစ်ဖြစ်၊ ခြောက်လှန့်စေတာမျိုးဖြစ်ဖြစ် မိဘ၊ဆရာသမားတို့ကို ပွင့်လင်းစွာပြောပြစေတတ်ဖို့ကို သင်ကြားပေးထားရပါမယ်။

အထက်က အချက်တွေအားလုံးကတော့ parenting methodsလေးတွေနဲ့ မိမိတို့ရဲ့ သားသားမီးမီးတွေကို mental healthလေးတွေ ကျန်းမာလာစေဖို့ အကြံပြုချက်ကလေးတွေပဲ ဖြစ်ပါတယ်။ မေမေ၊ဖေဖေတို့အနေနှင့်လည်း အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်ပါတယ်။

မေမေ၊ဖေဖေတို့ မိမိတို့၏ကလေးငယ်တွေတို့ ဘယ်လိုတွေလေ့ကျင့်ပေးဖြစ်နေသလဲဆိုတာကိုလည်း Commentမှာဝင်ရောက်ရေးသားမျှဝေနိုင်ပါတယ်။

Content Writer by Juiliana

Share your love : ❤️