Interview အတွက် ကိုယ့်ဘက်က ဘယ်လိုအချက်တွေကိုပြင်ဆင်သင့်လဲဆိုတာ သိကြလား?
ယနေ့လိုခေတ်ကြီးထဲမှာ အလုပ်အကိုင်အခွင့်အလမ်းတွေများသလောက် အလုပ်ရဖို့ဆိုတာကတော့ တော်တော်ခက်ခဲလာပြီး လျင်မြန်တဲ့လမ်းတစ်ခုလည်း မဟုတ်ဘူးဆိုတာ သိကြမှာပါ။ Interview ဖြေတဲ့အခါမှာ မျှော်လင့်ချက်နဲ့အတူ စိုးရိမ်မှုတွေကပါ တပြိုင်နက်တည်းဖြစ်ပေါ်လာတတ်သလို ကိုယ်ကျွမ်းကျင်တာတွေ ရှိတယ်ဆိုတာကိုတောင် တချို့က သေချာမပြသနိုင်တော့ဘဲ အလွဲလွဲအချော်ချော်ဖြစ်သွားတတ်ကြပါတယ်။
ဒီလိုအခြေအနေတွေအပြင် ကိုယ့်မှာဘယ်လောက်ပဲ Certificate၊ Experience၊ Skill တွေ ရှိနေပါစေ၊ “မေးတဲ့အခါမှ ပြန်ဖြေမယ်” ဆိုတဲ့စိတ်မျိုးနဲ့ သွားဖြေမယ်ဆိုရင်တော့ အလုပ်ရဖို့အတွက် နောက်ဆုံးအဆင့်ဖြစ်တဲ့ Interview မှာ အောင်မြင်ဖို့အလားအလာ နည်းနိုင်ပါတယ်။
Interview ဆိုတာ အားလုံးတွေးထားသလို မေးခွန်းဖြေတတ်ရုံနဲ့ အောင်မြင်နိုင်တဲ့စနစ် မဟုတ်ပါဘူး။ သူမေးတာကိုဖြေဖို့ထက် သူမမေးခင် အရင် ကိုယ့်ကိုယ်ကိုယ်သေသေချာချာ ဖော်ပြနိုင်ဖို့အပြင် သူမေးမယ့်အရာတွေကို ကြိုတင်ခန့်မှန်းပြီး ဖြေရှင်းနိုင်တဲ့အဆင့်အထိရောက်အောင် ပြင်ဆင်ထားဖို့ကတော့ အရေးအကြီးဆုံး အချက်တစ်ခုဖြစ်ပါတယ်။ ဒါဆို အရင်ဆုံး Interview ရဲ့ အဓိပ္ပာယ်နဲ့ သဘောတရားကို ပြောပြချင်ပါတယ်။
Interview ဆိုတာဘာလဲ?
Interview ဆိုတာက အဖွဲ့အစည်းတစ်ခုခုမှာ ကိုယ့်ရဲ့အရည်အချင်းတွေကို ဖော်ပြဖို့ အခွင့်အလမ်းဖြစ်တဲ့ Marketing အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ အချိန်ပြည့်အလုပ်ပဲဖြစ်ဖြစ်၊ အချိန်ပိုင်းအလုပ်ပဲဖြစ်ဖြစ် Interview အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်ခြင်းက အရေးအကြီးဆုံးဖြစ်သလို Interviewer [ မေးမြန်းသူ ] တွေကို ကိုယ့်ဘက်ကလည်း သိချင်တဲ့မေးခွန်းတွေကိုပြန်မေးနိုင်တဲ့အခွင့်အလမ်းလည်း ရှိပါတယ်။
နောက်တစ်ခုကတော့ Interview ဆိုတာ စီးပွားရေးသဘောတရားရှိတဲ့ Professional Meeting တစ်ခုဖြစ်တဲ့အပြင် Before [ ကြိုတင်ပြင်ဆင်မှု ] ၊ During [ ဖြေဆိုချိန် ] ၊ After [ နောက်ဆက်တွဲအဆင့် ] ဆိုတဲ့ အဆင့် [ 3 ] ဆင့်ပါဝင်တဲ့လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် Hype Think Education ကနေ တစ်ဆင့်ချင်း အသေးစိတ်ပြောပြပေးသွားမှာမို့လို့ Interview ကို အောင်မြင်ဖို့ ကိုယ့်ဘက်က ဘယ်လိုပြင်ဆင်သင့်လဲဆိုတာ သိချင်တယ်ဆိုရင် အဆုံးထိဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Interview မတိုင်ခင် ကြိုတင်ပြင်ဆင်မှု [ Before The Interview ]
- ကိုယ်လျှောက်ထားမည့် Company နဲ့ အလုပ်ရာထူးအကြောင်းကို နားလည်သိရှိထားဖို့ အရေးကြီးပါတယ်။ Company ရဲ့ ရည်မှန်းချက်၊ ယဉ်ကျေးမှုနဲ့ နောက်ဆုံးပေါ်သတင်းအချက်အလက်များကို လေ့လာထားပါက ကိုယ်က Company ကို စိတ်ဝင်စားနေတာကို ပြသနိုင်ပါတယ်။ Interviewer ကိုလည်း ကြိုတင်လေ့လာဖို့ လိုအပ်ပါတယ်။ LinkedIn စတဲ့ Platform တွေမှာ သူရဲ့အချက်အလက်နဲ့ Background ကိုကြည့်ပြီး စကားပြောနေတဲ့အတောအတွင်းမှာ Interviewer နဲ့ ချိတ်ဆက်မှုကောင်းကောင်းရအောင် ပြင်ဆင်ထားလို့ရပါတယ်။
- အလုပ်ဖော်ပြချက်အပြည့်အဝကို သေချာဖတ်ရှုဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်က ဘယ်လိုတာဝန်တွေ၊ အရည်အချင်းတွေလိုအပ်တယ်ဆိုတာကို နားလည်ထားမှာသာ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ နှိုင်းယဉ်ဖြေဆိုနိုင်ပြီး တစ်ခြားသူတွေနဲ့ယှဉ်ပြိုင်တဲ့အခါမှာလည်း ကိုယ်က ထင်ပေါ်စေနိုင်မှာပါ။
- Interview အတွက် အခြေခံမေးခွန်း [ ဥပမာ ~ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါ၊ အားသာချက်၊ အားနည်းချက်တွေကိုပြောပါ။ ] အသုံးများတဲ့မေးခွန်းတွေအတွက် ကြိုတင်ပြင်ဆင်ပြီး တစ်ဦးတစ်ယောက်နဲ့ လေ့ကျင့်ခြင်း သို့မဟုတ် ကိုယ်ကိုယ်တိုင်အဖြေများပြောကြည့်ခြင်း စတာတွေကိုပြုလုပ်ခြင်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးလာနိုင်ပါတယ်။
- Company ယဉ်ကျေးမှုနဲ့ သက်ဆိုင်သောအဝတ်အစားကိုရွေးချယ်ပြီး သန့်ရှင်းသပ်ရပ်အောင်ဝတ်ဆင်ဖို့လိုအပ်ပါတယ်။ ပိုလှတဲ့ဖက်ရှင်ထက် Interviewer တွေရဲ့အမြင်မှာ ရိုးရှင်းပြီး ထင်ပေါ်နေဖို့က ပိုအရေးကြီးပါတယ်။
- ကိုယ်တိုင်တက်ရောက်ရတဲ့ Interview ဆိုရင် အနည်းဆုံးနာရီဝက်ကြိုရောက်နေဖို့လိုပါတယ်။ အချိန်မီရောက်လာခြင်းက ကိုယ့်ရဲ့တာဝန်ယူမှုကိုပြသတာပဲဖြစ်ပါတယ်။
Online Interview ဆိုရင်တော့ Meeting Link နဲ့ အခက်အခဲမရှိအောင် [ 10 ] မိနစ်ကြိုတင်ပြီး ပြင်ဆင်ထားရင် ပိုကောင်းပါတယ်။ - Interview မှာ သင့်ရဲ့ CV [ Resume ] အပြင် အခြားလိုအပ်တဲ့စာရွက်စာတမ်းတွေလည်း ယူလာဖို့မမေ့ပါနဲ့။
Interview ဖြေနေစဉ် အတောအတွင်းမှာ [ During The Interview ]
ဒီကာလမှာ အရေးကြီးဆုံးအချက်ကတော့ Professional ဖြစ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်စွာပြသဖို့ပဲဖြစ်ပါတယ်။ သတိထားရမယ့်အချက်များ
- ကိုယ့်ရဲ့အကြောင်းကို တိကျတဲ့နည်းလမ်းနဲ့ သေချာမိတ်ဆက်နိုင်ဖို့ အရေးကြီးပါတယ်။ မေးမြန်းမယ့်သူရဲ့ မေးခွန်းတွေကို သေချာနားထောင်ပြီး သိသလောက် အကောင်းဆုံးဖြေကြားနိုင်ဖို့လိုပါတယ်။
- ကိုယ်ဘာကြောင့် ဒီအလုပ်ကိုဝင်ချင်တာလဲ၊ ကိုယ့်မှာဘယ်လို Skills တွေရှိလဲ၊ ကိုယ့် CV ထဲမှာပါတဲ့အတွေ့အကြုံတွေ၊ ရည်ရွယ်ချက်တွေကို လုပ်ငန်းတစ်ခုရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်ပြောကြားဖို့လိုအပ်တာကြောင့် အထူးသဖြင့် SARA Method ကိုသုံးပြီး ဖြေဖို့ Recommened ပေးပါတယ်။ SARA ဆိုတာက Situation [ ဖြစ်ရပ်အခြေအနေ ] ၊ Action [ ကိုယ့်အနေနဲ့လုပ်ဆောင်ခဲ့တာ ] ၊ Result [ အဲဒီလုပ်ဆောင်မှုရဲ့ရလဒ် ] ၊ Application [ အဲ့အတွေ့အကြုံကို အခုအလုပ်မှာဘယ်လိုအသုံးချနိုင်မလဲ ] ဆိုတာတွေကို ပြည့်ပြည့်စုံစုံဖြေနိုင်ဖို့အရေးကြီးပါတယ်။
- ဒါ့အပြင် ကိုယ်ကလည်း Interviewer ကို မေးခွန်းပြန်မေးလို့ရပါတယ်။ ဥပမာ ~ အလုပ်ရဲ့ Team Culture က ဘယ်လိုလဲ၊ ဒီအလုပ်ရာထူးအတွက် ဆုံးဖြတ်ချက်ဘယ်လောက်ကြာနိုင်မလဲ၊ တိုးတက်ဖို့ company မှာ ဘယ်လိုအခွင့်အလမ်းတွေရှိလဲစတာတွေကို မေးလို့ရပါတယ်။
- မေးမြန်းမှုပြီးဆုံးသွားတဲ့အချိန်မှာ အပြုံးနဲ့အတူ သူတို့ရဲ့အချိန်နဲ့အခွင့်အလမ်းအတွက် ကျေးဇူးတင်ကြောင်းအပြင် “အလုပ်ကမ်းလှမ်းမှုအတွက် ဆက်သွယ်လာဖို့ မျှော်လင့်နေပါတယ်” ဆိုတဲ့ စကားလေးထပ်ပြောလို့ရပါတယ်။
Interview ပြီးနောက် [ After the Interview ]
Interview ဖြေပြီးတာနဲ့ ဘာတွေဆက်လက်ဆောင်ရွက်သင့်လဲဆိုရင်
- Interview ပြီးသွားတဲ့အခါမှာတော့ Thank You Email [ ကျေးဇူးတင်စာ ] တစ်စောင်ပေးပို့ဖို့ မမေ့ပါနဲ့။ ကိုယ့်ကို Interviewer က Interview ပြီးပြီးချင်း အလုပ်ကမ်းလှမ်းလာခဲ့ရင် “ကျေးဇူးတင်ပါတယ်။ စဉ်းစားဖို့ နည်းနည်းအချိန်ပေးပါ” လို့ ပြောဖို့လည်း လိုအပ်ပါတယ်။
- အလုပ်နဲ့ အဖွဲ့အစည်းအကြောင်း ပြန်သုံးသပ်ပါ။ ကိုယ်ရဲ့အရေးကြီးဆုံးဖြစ်တဲ့ Career Goal တွေကို ဒီအလုပ်က ဖြည့်ဆည်းပေးနိုင်မလားဆိုတာကို ပြန်လည်သုံးသပ်ခြင်းက Interview ပြီးတဲ့အခါမှာလည်း ကိုယ့်အတွက် သင့်လျော်တဲ့အလုပ်မျိုးလားဆိုတာ သိရှိဖို့ အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။
- သတ်မှတ်ထားတဲ့အချိန်နဲ့ မအောင်မြင်ပါက Follow-Up တစ်ကြိမ်သာလုပ်ပါ။ Interview ဖြေပြီးချိန်မှာ ကိုယ့်ကိုပြန်ဆက်သွယ်မလာခဲ့ဘူးဆိုရင် မေးမြန်းသူ [ ဒါမှမဟုတ် ] HR ကို Call [ or ] Email တစ်စောင်ပေးပို့ဖို့လိုပါတယ်။
[ Conclusion ]
Interview တစ်ခုက အလုပ်တစ်ခုရဖို့သာမက၊ ကိုယ်ကိုယ်တိုင်ကို နားလည်လာဖို့နဲ့ အနာဂတ်အတွက်အတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။ Interview တစ်ခုအတွက် ပြင်ဆင်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ်နားလည်မှု၊ ကိုယ်တတ်သောအရာတွေကို ယုံကြည်စွာဖော်ပြနိုင်မှုနဲ့ Company ရဲ့လိုအပ်ချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ညှိနှိုင်းနိုင်ခြင်းက အောင်မြင်မှုရဖို့အတွက် အရေးကြီးဆုံး Key Point ဖြစ်ပါတယ်။
ဒါကြောင့် Interview ပြင်ဆင်မှုကို ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်ပြုလုပ်တဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့မြင်ပြီး တစ်ဆင့်ချင်းတိုးတက်လာအောင် ကြိုးစားကြဖို့မှာချင်ပါတယ်။
နောက်ထပ်လည်း Hype Think Education ကနေ ဒီလိုမျိုး လူငယ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းပြီး အကျိုးရှိစေမယ့်ဗဟုသုတတွေကို မျှဝေပေးသွားမှာမို့လို့ Follow လုပ်ခဲ့ဖို့ မမေ့ကြနဲ့နော်။
Content Writer Saw Yu Nwe
Graphic