How to prepare the plan for a career change

You must be honest with yourself and consider something you are passionate about. If you have a dream job you wish to pursue, try comparing the gaps, skills, and experience between your current and the dream job
Share your love : ❤️

မတူညီသော အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကိုပြောင်းဖို့ စီစဉ်နေတယ်ဆိုရင် ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ?

  • တစ်ခုခု လမ်းပျောက်နေတယ်လို့ ခံစားနေရပါသလား?
  • ဒါ ငါလုပ်ချင်တာဟာနဲ့ မကိုက်ညီဘူးဟု ခံစားနေရလား?
  • သင်က တခြားတစ်ခုခု (သို့မဟုတ်) ဒီထက်ပိုပြီး specificဖြစ်တဲ့အရာတွေကို လုပ်ချင်တာလား?
  • ကိုယ့်ရဲ့အနာဂတ်မှာ လက်ရှိတတ်မြှောက်ထားတဲ့ အရည်အချင်းတွေနဲ့ မလုံလောက်ဘူးလို့ ခံစားနေရပါသလား?
  • မလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့မိလို့ ဝမ်းနည်းနေပါသလား?
  • သင်လုပ်နေသမျှကို အချိန်ကြာကြီးဆက်လုပ်ဖို့ motivationမရှိသလို ကိုယ့်ကိုယ်ကို မကျေနပ်မှုတွေနဲ့ အဆုံးသတ်သွားပြီလို့ ခံစားနေရပါသလား?

အထက်ကမေးခွန်းတွေနဲ့ သင်ဟာဆက်စပ်နေပြီဆိုရင် ရရှိလာနိုင်မဲ့ ခံစားချက်တချိို့ဖြစ်သည့် လက်ရှိပညာရေးနဲ့ပတ်သက်လား? လက်ရှိအခြေအနေ (သို့မဟုတ်) အခြားပြင်ပအချက်များကြောင့်လားဆိုတာကိုလည်း သိထားသင့်ပါတယ်။

ထို့နောက် သင့်လက်ရှိအခြေအနေနှင့် အခန်းကဏ္ဍတွင် သင်ကြိုက်နှစ်သက်သောအရာတစ်ခုကို သင်စဉ်းစားနိုင်မှာပါ။ လက်ရှိလုပ်နေတဲ့ အလုပ်ကနေ အနာဂတ်မှာ အသက်မွေးဝမ်းကြောင်းအဖြစ် growthဖြစ်လာမှာလား? သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေနှင့် တာဝန်တွေကြောင့်လား? သင်က တီထွင်ဖန်တီးရတာကို နှစ်သက်သူလား? ခေတ်နှင့်အညီစဉ်ဆက်မပြတ် အပြောင်းအလဲတွေကို လေ့လာနေရတာကို စိတ်ဝင်စားသူလား? ဒါမှမဟုတ် လွတ်လပ်မှုကို လိုချင်သလား? သင်ဘယ်လိုအရာမျိုးကိုလုပ်နေရတာ ကြိုက်လဲ / မကြိုက်လဲဆိုတာကို သိလျှင် သင်အလုပ်လုပ်တဲ့အခါ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကိုရှာနိုင်ပြီး မကိုက်ညီစေမယ်ထင်တဲ့အရာတွေကို ကြိုတင်ရှောင်နိုင်မှာပါ။

အဲဒီနောက် သင်ဟာ ဘယ်လိုအလုပ်မျိုးကို လုပ်ရင်အဆင်ပြေမလဲဆိုတာနဲ့ ကိုက်ညီမလဲဆိုတာကို တခြားသူတွေနှင့် မနှိုင်းယှဥ်ပဲ လုပ်သင့်တဲ့အလုပ်တွေကိုပဲ စဥ်းစားရွေးချယ်ပါ။ ပထမဦးစွာ သင့်ကိုယ်သင် ရိုးသားပြီး သင်ဝါသနာပါသော အရာတစ်ခုကို ထည့်သွင်းစဉ်းစားဖို့လိုပါမယ်။ သင်လုပ်ချင်သော အိပ်မက်တစ်ခုရှိလျှင် သင့်လက်ရှိအလုပ်နှင့် dream jobကြား ကွာဟချက်၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံတို့ကို နှိုင်းယှဉ်ကြည့်ပါ။ သင့်ရဲ့dream jobတွင် မည်သည့်ကျွမ်းကျင်မှုနှင့် အတွေ့အကြုံကို အသုံးချနိုင်သည်ကို ထည့်သွင်းစဉ်းစားပြီး သင့်ရဲ့dream jobကြားကွာဟချက်ကို လျှော့ချရန် သင့်ရဲ့network connectionကိုလည်း ထည့်သွင်းစဉ်းစားပါ။ သင်လိုအပ်သည့် skillများကို အွန်လိုင်းသင်တန်းများ၊ part-time internships၊ start a side job (သို့မဟုတ်) ကျောင်းသို့သွားပြီး လေ့လာနိုင်ပါသည်။

မိမိဝါသနာပါပြီး စိတ်ကိုကျေနပ်စေမည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုကို တိုးတက်အောင် အထောက်အကူဖြစ်စေနိုင်သည့် မတူညီသောအသက်မွေးဝမ်းကြောင်းတစ်ခုကို ရှာဖွေခြင်းနှင့် သင့်စိတ်ကူးအိပ်မက်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အချိန်ကုန်စေနိုင်သော်လည်း သင်၏ကုန်ဆုံးသွားသောအချိန်တွေဟာ နောက်တချိန်တွင် တန်ဖိုးရှိစေမှာဖြစ်သည့်အတွက် သတ္တိရှိရှိလုပ်ဆောင်ပါက နောင်တရမည်မဟုတ်ပါ။

သင့်တွင် စိတ်ကူးယဉ်အလုပ်မရှိပါက၊ သင်စိတ်ဝင်စားသောအရာနှင့် ကိုက်ညီသော popular jobsကို ရှာဖွေလုပ်ကိုင်ပါ။ အချို့သောအလုပ်များသည် အသက်မွေးဝမ်းကြောင်းပြောင်းလဲချင်သူများအတွက် မတူညီသောindustriesထဲသို့ ဝင်ရောက်ရန် သင့်အား တနည်းအားဖြင့် အထောက်အကူပြုပါလိမ့်မည်။ သင်ကဲ့သို့ careerပြောင်းလဲလုပ်ကိုင်သူများသည် data scienceနှင့် computer scienceကဲ့သို့သော လစာမြင့်သည့် လုပ်ငန်းခွင်နယ်ပယ်များတွင် အောင်မြင်မှုများရရှိကြသည်။ IT Industriesသည် လူကြိုက်များပြီး မိမိကြိုးစားမှုအပေါ်မူတည်၍ high demandနဲ့ လစာကောင်းများရရှိဖို့ရာအတွက် အခွင့်အလမ်းကောင်းများစွာရှိသော fieldတစ်ခုဖြစ်ပါသည်။

မိမိလုပ်ချင်သောအလုပ်တစ်ခုကိုဆုံးဖြတ်ချက်ချပြီးနောက် လက်လှမ်းမီသော timelineများဖြင့် မိမိရဲ့goalကို သွားရာလမ်းတစ်လျှောက်တွင် short-term milestoneများဖြင့် Step by stepခွဲခြားသတ်မှတ်ပါ။ ယခင်ကလုပ်ခဲ့သောလုပ်ငန်းစဉ်တစ်လျှောက်တွင်၊ network connectionများကို ချဲ့ထွင်ရန်၊ old contact membersများထံ ဆက်သွယ်ခြင်းနှင့် developing skillများကို စဉ်ဆက်မပြတ်တိုးတက်စေရန် အာရုံစိုက်ပါ။ အရေးကြီးတာက သတ္တိရှိဖို့နဲ့ အသက်မွေးဝမ်းကြောင်းအသစ်ကို ရှာဖွေရာတွင် ဘယ်အကြောင်းနဲ့မှ အဆင်မပြေတဲ့အခါမှာလည်း ဇွဲလျှော့ပြီး စိတ်ပျက်မသွားဖို့လိုပါတယ်။ သင်၏future goalနှင့် ကိုက်ညီကြောင်း သေချာစေရန်အတွက် milestone stepများနှင့်အတူ အမြဲတမ်းပြန်လည်စစ်ဆေးဖို့လိုပါမယ်။

အရေးအကြီးဆုံးအချက်တစ်ခုဖြစ်သည့် ဘယ်အချိန်မှာဆို ရပ်နားသင့်တယ်၊ ဘယ်အချိန်ဆိုလျှင် ဆက်သွားသင့်တယ်ဆိုတာကို သိနေဖို့လိုပါမယ်။ သင်နှစ်သက်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်ပြောင်းရန်အတွက် စတင်လုပ်ဆောင်ရာတွင် ဘယ်တော့မှ နောက်မကျပါဘူး။ “It is all up to you to take action to be able to do what you enjoy.”

[In English]

  • Feel like something is missing?
  • Feel like this is not what I want to do?
  • Rather than this, I wanted to do something else or more specific?
  • Daydreaming something else?
  • Feeling insecure with current skills which you are nurturing for the future?
  • Regretting that I should not have done this and did that instead?
  • No motivation to continue doing whatever you are doing for a long time and ended up with dissatisfaction in yourself?

If you can relate to these, you should specify what is making you feel like them. Is it about your current education? Current situation or other external factors?

You can then think about what you love in your current situation and role. Is it career growth in the future from continuing the current thing? Or is it your daily operations and responsibilities? Or do you love creativity? Or do you seek constant change? Or do you crave freedom? By knowing and understanding your likes and dislikes, you can seek and avoid those things.

After that, think about what you think you should be doing, not others implying you should be doing this or that. You must be honest with yourself and consider something you are passionate about. If you have a dream job you wish to pursue, try comparing the gaps, skills, and experience between your current and the dream job. Consider which skills and experience can be applied in that dream job and think about your network connection to help you lower the gap between you and your dream job. If it is about skills that you need, you can do self-study with online courses, part-time internships, start a side job or even go to school.

Seeking out a different career that can contribute to career growth with satisfaction and what’s more, aligned with your dream job can cost time, but it will be worth your time and you won’t regret taking this step with courage. If you do not have a dream job, you can search for popular jobs which match your interests and background. Some jobs have fewer barriers to entering the different industries for career changers. And career changers like you often become successful in high-paying industry fields like data science, and computer science among others. These industries are popular and in high demand and offer high salaries and many different opportunities to enter the field.

After the assessment, identify short-term milestones throughout the way to the goal with reachable timelines. Along the process, focus on expanding network connections, reaching out to old contact members, and developing skills continuously. What’s crucial is that take courage and do not be disheartened by the search for a new career. Always check in with milestone steps regularly to make sure it is aligned with your future goal. Know when to give up and when to move on. It is never too late to start over for what you love. It might be overwhelming to switch careers. It is all up to you to take action to be able to do what you enjoy.

Content Writer by Win Win Maw

Share your love : ❤️