Pressure 🔄 Stress ➡️ Solution 🤔❓
ကျွန်တော်တို့ လူငယ်အများစုဟာ ကိုယ့်ရဲ့အနာဂတ်အတွက် လျှောက်နေတဲ့လမ်းတွေ မယိမ်းယိုင်၊မရပ်တန့်သွားအောင် တစ်နည်းနည်းနဲ့ ကိုယ့်ကိုယ်ကို ဖိအားတွေ ပြန်ပေးလေ့ရှိပါတယ်။ ဒါတင်မကဘဲ အလုပ်တစ်ခုကို ပြီးမြောက်စွာလုပ်နိုင်ဖို့အရေး ကိစ္စသေးသေးလေးကအစ တစ်ခါတစ်လေမှာ မသိစိတ်ကနေ ဖိအားပေးမိတက်ကြပါသေးဆိုတာရော သတိထားမိကြလားနော်?
ဒီလိုမျိုးတွေ ကိုယ့်ကိုကိုယ်ဖိအားပေးနေတာက ကြာလာတဲ့အခါမှာတော့ stressအဖြစ်သို့ ပြောင်းလဲပြီးတော့ တစ်ချို့လူငယ်တွေ stress zoneထဲမှာ ပိတ်မိကာ လမ်းပျောက်နေတာတွေ ဖြစ်လာပါတယ်။
ဒါကြောင့် အခုလို ဖိအားတွေကနေဖြစ်ပေါ်လာတဲ့ stressတွေကို ဘယ်လိုဖြတ်တောက်ပစ်ရမလဲဆိုတဲ့ solutionများကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဘယ်လိုနည်းလမ်းတွေဖြစ်မလည်းဆိုတာကို အတူတူဖတ်ကြည့်လိုက်ကြစို့နော်
1) Take a break when you are feeling under pressure
ပထမတစ်ခုအနေနဲ့ ဖိအားတွေကြားမှာ ကိုယ်တိုင်က stressတွေပိနေတာကို သတိထားမိလာပြီဆိုရင် အရင်ဆုံး အနားယူသင့်ပါတယ်။ တချို့က အနားယူရမယ်ဆိုရင် အလုပ်တွေမပြီးမြှောက်မှာ၊ အချိန်တွေကြန့်ကြာသွားမှာကို အရမ်းစိုးရိမ်းပူပန်ကြပါတယ်။ အဲ့လိုမျိုးပူပန်စိတ်တွေကပဲ ကိုယ်သတိမထားမိလိုက်ခင်မှာ pressureပိုများလာတာပါ။ အဲ့ကြောင့် အနားယူသင့်ရင် လုံလုံလောက်လောက် အနားယူရပါတယ်။ မိတ်ဆွေတို့… လူရော စိတ်ကိုပါ အနားပေးခြင်းက healing processမှာလည်း အဓိကအချက်တစ်ခုဖြစ်ပါတယ်နော်။ တစ်ရက်လောက်ပဲဖြစ်ဖြစ် အချိန်ပေးပြီးတော့ မိမိနှစ်သက်ရာတွေနဲ့တူတူ တနေ့တာကို ဖြတ်သန်းကြည့်ပါ။ ပြီးရင် အနားပေးတဲ့အခါမှာလဲ Mediation 5minလောက် အချိန်ပေးလုပ်ကြည့်စေချင်ပါတယ်။ Mediationလုပ်ကြည့်ခြင်းက မိမိမှာရှိနေတဲ့ negative thoughts anxiety stressတွေကို 50%လောက်ဆုတ်ယူပေးပြီး positive energyကို ပြန်ယူဆောင်လာပေးတာမို့လို့ လုပ်ကြည့်ဖို့ကို တိုက်တွန်းတာပဲဖြစ်ပါတယ်။
2) Improve your self-talk
ကိုယ့်ကို stressတွေဖြစ်လာစေတဲ့ အရာတွေကိုပြန်သုံးသပ်ကြည့်ပါ။ Stressကြောင့်ရလာတဲ့အတွေးက positiveတွေဖြစ်နိုင်ပါ့မလား? သေချာပေါက် negativeအတွေးတွေပဲဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်ကတော့ သတိထားမိလိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲနေစကားပြောမိကြတဲ့အခါ positiveဖြစ်တာထက် negativeအပြောတွေက ပိုများတက်ပါတယ်။ ကိုယ်ရည်မှန်းထားသလို မဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဘူးခံစားရတယ်၊ အမှားတစ်ခုလောက်လုပ်မိရင် ဘာလို့အကုန်ကောင်းအောင် မလုပ်နိုင်ရတယ်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြောဆိုလေ့ရှိကြပါတယ်။ အဲ့တာတွေ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောနေတဲ့ negativeအပြောတွေပဲ ဖြစ်ပါတယ် ။ အဲ့တာကြောင့် အခုလိုတွေပြောမဲ့အစား ကိုယ့်ကိုယ်ကိုယ် positive self-talkလေးတွေ များများ ပြောပေးစေချင်ပါတယ်။ ကိုယ်ရဲ့အောင်မြင်မှုသေးသေးလေးကအစ ကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြုပြီး ချီးကျုးပေးပါ။ မိမိကိုယ်ကိုချီးကျူးပေးခြင်းက ပိုကောင်းတဲ့သူတစ်ယောက်အဖြစ် မိမိကိုယ်ကို ဖန်တီးပေးလိုက်တာပဲ ဖြစ်ပါတယ်။
3) Stop Comparing Yourself To Other
နောက်ထပ်နည်းလမ်းတစ်ခုကတော့ အခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တက်တဲ့အကျင့်တွေရှိနေမယ်ဆိုရင် အဲ့စိတ်ကို ပြင်ရပါမယ်နော်။ လူတစ်ယောက်တိုင်းစီက ရှင်သန်ရတဲ့ဘ၀ချင်းမတူတာမို့လို့ လက်တွေ့မဆန်တဲ့ စံနှုန်းများနဲ့ ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ချိုးနှိမ်တာမျိုးတွေ မလုပ်ပါနဲ့။ အဲ့လို အခြားသူတွေနဲ့ အဆက်မပြတ်နှိုင်းယှဉ်နေခြင်းက မိမိကိုယ်ကိုယ်အဆိုးတွေပဲ မြင်တက်တဲ့စိတ်တွေပေါ်လာအောင် တွန်းအားပေးနေတာနဲ့ အတူတူပါပဲ။ အဲ့လိုနှိုင်းယှဉ်မဲ့အစား မိမိမှာရှိနေတဲ့ အရည်အချင်းတွေကို လက်ခံပါ။ အသိအမှတ်ပြုပါ။ အားပေးပါ။ ကိုယ့်ကိုကိုယ် ချစ်ပေးပါ။ မိတ်ဆွေလည်း အခြားနဲ့ မတူတဲ့ ကောင်းမွန်တဲ့အရည်အချင်းများစွာကိုပိုင်ဆိုင်နေမယ်ဆိုကို သတိမထားမိသေးဘူးမလား? အဲ့တာက ကိုယ့်အကြောင်းထက် အခြားသူတွေကို လိုက်ကြည့်မိနေလို့ပဲဖြစ်ပါတယ်နော်။ အဲ့တာကြောင့် ကိုယ့်အကြောင်းကို ပိုသိရအောင် မိမိကိုယ်ကို မနေ့ကထက် ဒီနေ့ ဘာတွေပိုတိုးတက်လာသလဲဆိုတာကို နှိုင်းယှဥ်ပါ။ ကိုယ်လုပ်စရာရှိတာတွေကိုပဲ သေချာအာရုံစိုက်လုပ်ပါ။ ပင်ပန်းလာရင် ခဏနားပါ။ ပြီးရင် အနာဂတ်လမ်းကို ဆက်လျှောက်ပြီး ကြိုးစားသွားပါနော်။
4) Avoid Rumination
Ruminationဆိုတာကို ရှင်းပြရရင် ကျွန်တော်တို့ဖြစ်ပျက်ပြီးသား အကြောင်းအရာမဟုတ်ပါဘူး။ မဖြစ်လာသေးတဲ့ အရာတစ်ခုကို ထိုင်စဉ်းစားနေတာပြီးတော့ negativeအတွေးကို လက်၀ယ်ခေါ်ယူပြီး စိုးရိမ်းပူပန်နေတာမျိုးကို ဆိုလိုပါတယ်။ Ruminationကို နေရာပေးလိုက်ရင် သင်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကို တဖြည်းဖြည်း အမှောင်ထဲ တွန်းပို့နေတာနဲ့ တူတူပါပဲ။ အဲ့တာကြောင့် ဖြစ်ပြီသားအရာတွေကို သင်ခန်းစာယူပြီးရင် ကျန်တဲ့အရာတွေကို လွှတ်ချလိုက်ပါ။ အမှားတွေ လုပ်မိလိုက်လို့ ဘာမှမဖြစ်ပါဘူး။ သို့သော တူညီတဲ့အမှားမျိုးကို နောက်ထပ်မလုပ်မိဖို့ပဲ အရေးကြီးတာပါ။ အဲ့တာကြောင့် အမှားတစ်ခုပါသွားတာနဲ့ ကိုယ်ကိုကိုယ့်ဖိအားပေးမိတာမျိုး မလုပ်ပါနဲ့။ မဖြစ်လာသေးတဲ့အရာကို ကြိုတင်စဉ်းစားပူပန်နေတာမျိုးတွေလည်း မလုပ်ဘဲ၊ ဖြစ်လာတဲ့အခါ အကောင်းဆုံးဖြေရှင်းမယ်ဆိုတဲ့ positiveစိတ်လေးကို ယူဆောင်ပါနော်။ အဲ့တာဆိုရင် stress နဲ့ pressureကြားမှာ သင်နစ်မနေတော့ပဲ စိတ်ရောလူရော အမြဲကြည်လင်နေပြီးတော့ ဘယ်ပဲလုပ်လုပ် အကောင်းဆုံးလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
5) Accept that you are a flawed human being
နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်တော်တို့က ဘယ်လောက်ပဲကြိုးစားနေပါစေ၊ ဘယ်သူကမှ အလုံးစုံပြီးပြည်စုံတဲ့သူတော့ မဖြစ်လာပါဘူး။ လူသားတွေပဲဖြစ်ကြတဲ့အတွက် ကိုယ့်မှာ အားသာချက်တွေရှိသလို၊ တစ်ဖက်မှာလည်း အားနည်းချက်တွေဆိုတာရှိပါတယ်။ အားသာချက်ကိုပဲထုတ်ပြပြီး အားနည်းချက်ကို အသိအမှတ်မပြု ပစ်ပယ်ထားမယ်ဆိုရင်လည်း တစ်ခုခုကိုလုပ်ရင်း လွဲချော်ခဲ့တာတွေရှိရင် ကိုယ့်ရဲ့အားနည်းချက်ကြောင့်လို့ဆိုပြီး မ်ိမိစိတ်က သတ်မှတ်မိသွားပါလိမ့်မယ်။ အဲ့တာကြောင့် ကိုယ့်ရဲအားသာချက်ရော၊အားနည်းချက်ကိုပါ အသိအမှတ်ပြုပြီးတော့ နှစ်ခုလုံးကို လိုက်လျောညီထွေစွာနေထိုင်သွားမယ်ဆိုရင် stressတွေကြားမှာ တဝဲလည်လည် ဖြစ်မနေတော့ပါဘူး။ အဲ့တာတွေအပြင် ကိုယ်ကအလုပ်တစ်ခုမလုပ်ခင်မှာ အကောင်းဆုံးကြိုးစားမယ်၊ ဘယ်လိုရလာဒ်ပဲ ရလာပါစေ အသိအမှတ်ပြုလက်ခံပေးမယ်ဆိုတဲ့ စိတ်လေးအမြဲတွေးပေးမယ်ဆိုရင် pressureတွေလည်း အရမ်းပိမနေတော့ပဲ ကိုယ့်စိတ်က လန်းဆန်းကြည်လင်မှုတွေရရှိလာမယ်ဆိုတာ အသေအချာပါပဲနော်
အခုဆိုရင် stressတွေကို ဘယ်လို ကိုယ်တိုင်ဖြေရှင်းရမလည်းဆိုတာကို ပြောပြလိုက်ပြီဆိုတော့ အသုံး၀င်မယ်လို့လည်း ယုံကြည်ပါတယ်။ လူငယ်များလည်း stressတွေကြားမှာ ပိတ်မိလာတဲ့အခါ၊ လမ်းပျောက်လာတဲ့အခါ အခုလိုနည်းလမ်းတွေကို Tryကြည့်ဖို့ highly recommendပေးပါတယ်။
အားလုံးကိုယ်စီ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့လည်း Hype Think Educationမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Content Writer by Hnin EiEi Phyo