How to solve your career confusion

Hype Think Education ကနေပြီးတော့ ဒီနေ့ခေတ် လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Career Confusion နှင့် ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့အတူ သင်ကိုယ်တိုင် အဖြေရှာနိုင်ဖို့အတွက် နည်းလမ်းကောင်း [၆]ခုကို Sharing လုပ်ပေးချင်ပါတယ်။
Share your love : ❤️

‌အဖြေရှာရခက်တဲ့ Career Confusion ‌တွေကို ဘယ်လိုကိုင်တွယ်ကြမလဲ?

ဒီနေ့မှာတော့ ကျွန်တော်တို့ Hype Think Education ကနေပြီးတော့ ဒီနေ့ခေတ် လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Career Confusion နှင့် ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့အတူ သင်ကိုယ်တိုင် အဖြေရှာနိုင်ဖို့အတွက် နည်းလမ်းကောင်း [၆]ခုကို Sharing လုပ်ပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ Career Confusionဆိုတာဘာလဲ?

Career Confusion ဆိုတာကတော့ အခုလိုနည်းပညာတိုးတက်ပြီးတော့ သင်ယူချင်တာကို အင်တာနက်ရှိရုံနဲ့ အလွယ်တကူလေ့လာလို့ရနေတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့လို လူငယ်တွေအတွက် သင်ယူစရာအတက်ပညာတွေက များလာပြီး‌တော့ ကိုယ်နဲ့လိုက်ဖက်တဲ့ အလုပ်အကိုင် Profession တစ်ခုခုကို ဆုံးဖြတ်ဖို့ မရေမရာဖြစ်နေတာမျိုးတွေ ဖြစ်လာပါတယ်။

 ဘယ်အရာတွေကရော Career Confusion ကို ဖြစ်စေနိုင်လဲ?

  • မိသားစုပြဿနာ
  • Comfort Zone ထဲက မရုန်းထွက်နိုင်တာ
  • လေ့လာမှုအားနည်းပါးတာ
  • အဆင်ပြေနေတဲ့ လူတိုင်းကို အားကျတာ
  • ကိုယ် ဘာကိုစိတ်ဝင်စားလဲဆိုတာ သေချာမသိတာ
  • Living and Dream Job မကွဲပြားတာ

ဒီအချက်တွေက Career Confusion ဆိုတဲ့ မရေရာမှုကြီးကို ဖြစ်ပေါ်စေတဲ့အဓိက အချက်တွေပါပဲ။

ဒါဆို အခုလိုပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ?

ဖြေရှင်းဖို့နည်းလမ်းလေးတွေကိုတော့ ကျွန်တော်တို့ အချက် [၆]ချက်ခွဲပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

1) ပထမဆုံးပြောချင်တာကတော့ Youtube ကြည့်ပါ။

1 ) Watch Youtube How to solve your career confusion Hype Think Education
  • အခုလို နည်းပညာခေတ်ကြီးမှာ ကိုယ် ဘာဝါဿနာပါသလဲဆိုတာကို သေချာမသိနေသေးရင်တော့ အရင်ဆုံး YouTube ကြည့်ပါ။
  • ကိုယ် ဘာကို စိတ်ဝင်စားလဲဆိုတာကို အရင်ဦးဆုံး လိုက်လံရှာဖွေပါ။

2) ကိုယ်စိတ်ဝင်စားတဲ့အရာကို လုပ်ပါ။

3 ) Do something what you are attentive to How to solve your career confusion Hype Think Education
  • ဥပမာ သင်က ဟင်းချက်တာကို ဝါဿနာပါတယ်ဆိုပါစို့ ဟင်းချက်ရတဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်ပါ။
  • ကိုယ်စိတ်ဝင်စားတဲ့အရာကို လုပ်တာမျိုးက ကျွန်တော်တို့ရဲ့ တိုးတက်မှုနှုန်းနဲ့ သင်ယူလေ့လာမှုနှုန်းကို ပိုပြီးမြန်ဆန်လာစေမှာ ဖြစ်ပါတယ်။

3) ဝါဿနာတွေများနေရင် တစ်ခုခုကို အချိန်(၂)ပတ်လောက်ပေးပြီး လေ့လာပါ။

4 ) Take two weeks to learn one of your passions if you have too many How to solve your career confusion Hype Think Education
  • ဒီနည်းလမ်းကတော့ သင်စိတ်ဝင်စားတဲ့အရာတွေက သင်နဲ့ကိုက်ညီမှုရှိမရှိကို ပိုပြီးသိလာစေမှာ ဖြစ်ပါတယ်။ 
  • အချိန်(၂)ပတ်လောက်ပေးပြီးမှ မတိုးတက်လာဘူး ကိုယ်နဲ့လည်း ကိုက်ညီမှုမရှိဘူးဆိုရင် တခြားတစ်ခုကိုပြောင်းပြီး ကြိုးစားကြည့်ပါ။

4) ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ပါ။

5 ) Discuss with the professionals How to solve your career confusion Hype Think Education
  • အကယ်၍ သင့်အနီးအနားမှာ သင်စိတ်ဝင်စားတဲ့ နယ်ပယ်နဲ့ ကျွမ်းကျွမ်းကျင်ကျင် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လူတွေရှိရင်
    • တိုင်ပင်ပါ။
    • ဆွေးနွေးပါ။
    • အကြံဉာဏ်တောင်းခံပါ။
    • အခက်အခဲတွေကို မေးမြန်းပါ။

ဒီလိုမှသာ သင့်အနေနဲ့ ဒီလမ်းကိုဆက်လျှောက်သင့် ၊ မလျှောက်သင့် ဆုံးဖြတ်ရ ပိုပြီးလွယ်ကူစေမှာ ဖြစ်ပါတယ်။

5) လူတိုင်းကို ကိုယ်နဲ့မနှိုင်းယှဉ်ပါနဲ့။

6 ) Don’t compare yourself with others How to solve your career confusion Hype Think Education
  • သင့်အနေနဲ့ တစ်ခုခုကို တစိုက်မတ်မတ် လုပ်မယ် စဉ်းစားထားရင် အဲဒီ့ တစ်ခုကိုပဲ သေချာပေါက် အောင်မြင်အောင်လုပ်ပါ။
  • ကိုယ်ကလမ်းတစ်ဝက်လောက်ဖောက်ပြီးမှ သူများလုပ်နေတဲ့အရာတစ်ခုကို အားကျလို့ဆိုပြီး အသစ်ကပြန်စဖို့ (လုံးဝ) မတွေးပါနဲ့။

6) Living နဲ့ Dream Job ကထပ်တူကျစရာမလိုပါဘူး။

7 ) Living Vs dream job How to solve your career confusion Hype Think Education
  • ကိုယ်လုပ်နေတဲ့အရာတစ်ခုက ကိုယ့်အတွက် အကျိုးရှိပေမယ့် ကိုယ်ဝါဿနာပါရာလုပ်နေရတာမဟုတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
  • လူတိုင်းက ကိုယ်ဝါဿနာပါရာနဲ့ အသက်မွေးနေရတာ မဟုတ်တဲ့အတွက် လုံးလုံးလျားလျားကြီး ထပ်တူကျနေစရာ မလိုပါဘူး။
  • ကိုယ့်အတွက် အကျိုးအမြတ်တစ်ခုခုရနေတဲ့ အလုပ်မျိုးဆိုရင် အဆင်ပြေပါတယ်။
  • အဲ့လိုမဟုတ်ဘဲ ဝါဿနာနဲ့လည်းမကိုက်၊ ဘာမှလည်းအကျိုးအမြတ်မရရင်တော့ တခြားတစ်ခုကို ပြောင်းလုပ်ဖို့အတွက် စဉ်းစားပါ။

ဒါဆိုရင်တော့ အကုန်လုံးလည်း ကိုယ့် Career ကို ဘယ်လိုရှာဖွေရမလဲဆိုတာ သိသွားမယ်လို့ ယုံကြည်ပါတယ်။

နောက်ထပ်လည်း အခုလို ဗဟုသုတရစရာတွေ အများကြီးတင်ပေးဦးမှာမို့လို့ Hype Think Education Pageကို Like,Follow & See first လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော်။

Content Writer by Min Thant Ko Ko

Graphic Designer by Hsu San Win

Share your love : ❤️