ရည်းစားမရှိတဲ့ Single လေးတွေ Valentine Day ကို ဘယ်လို ဖြတ်သန်းမလဲ?
“ ရည်းစားမထားဘဲ ချောကလက်ရနည်း” တွေ ဘာတွေ Hype Think က ပြောပြတော့မှာလားပေါ့
“ ဟင့်အင်း လုံးဝမဟုတ်ပါဘူး” ချောကလက်ကတော့ ကျွန်တော်လည်းမရပေမဲ့ Valentine Day မှာ Single လေးတွေ အပျော်ရွှင်ဆုံးဖြတ်သန်းနိုင်မယ့် နည်းလမ်းတွေထဲက [7] မျိုးကို ပြောပြပေးတော့မှာမို့ Thanks Me Later နော်
ကဲ ဒါဆို ပျင်းရိစရာကောင်းတဲ့ နေ့ရက်တွေကနေ ရုန်းထွက်ပြီး ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် Self-love ပေးတဲ့ နည်းလမ်းလေးတွေမို့ Valentine Day မှာတင်မက အားလပ်ရက်တွေမှာလည်း လုပ်ကြည့်ပြီး စိတ်အပန်းဖြေနိုင်ဖို့ မျှော်လင့်ပါတယ်ဗျ။
[1] Check Out A New Town
ကိုယ်နေတဲ့မြို့နဲ့ နီးစပ်ရာ မြို့တစ်မြို့ဆီ သွားလည်တာမျိုး၊ မြို့ပြင်ကို သူငယ်ချင်းတွေနဲ့ ကားပတ်မောင်းတာမျိုးက Single တွေပဲ လုပ်လို့ရနိုင်တဲ့ အထူးအခွင့်အရေးပါ။
[2] Buy Yourself Flowers, Chocolate or Something Special
I can buy myself flowers သီချင်းထဲကလိုပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်နိုင်စားနိုင်တာကို ပြသလိုက်ပါ။ [ RS တွေကို Bully တာ မဟုတ်ရပါ ]
[3] Enjoy A Beauty Treatment
ဒီလိုနေ့မျိုးက ကိုယ့်ကိုယ်ကိုယ် Self-care အပြည့်အဝ ပေးရမယ့် နေ့မျိုးပါ။ Spa သွားတာမျိုး ၊ Beauty Sloon သွားပြီး Hair Color ပြောင်းလိုက်တာမျိုး ဒါတွေက စိတ်ကို လွတ်လပ်ပေါ့ပါးစေမှာပါ။
[4] Hangout With Single Friends
အရေးကြီးတဲ့ အပိုင်းကို ရောက်လာပါပြီ။ ဒါကတော့ Single ဖြစ်နေတဲ့ သူငယ်ချင်းတွေချည်းစုပြီး ရုပ်ရှင်ကြည့်တာမျိုး၊ လျှောက်လည်တာမျိုး လုပ်ပါ။ Single တွေချည်းမို့ နောက်စံတင်းစရာမရှိဘဲ ပိုပျော်ဖို့ ကောင်းပါတယ်။
[5] Read A Book At A Local BookStore
အိမ်မှာ စာဖတ်တာမျိုးထက် တိတ်ဆိတ်ငြိမ်သက်တဲ့ စာအုပ်ဆိုင်လေးမှာ စာအုပ်ဖတ်ရတဲ့ အရသာက ဘာနဲ့မှ မယှဥ်နိုင်ပါဘူး။
[6] Cook Your Favorite Meal or Order Takeout
ကိုယ်ကြိုက်တဲ့ အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်ရတာဟာ ကိုယ့်ရဲ့ ရှင်သန်မှုဘဝကို သတိရစေတဲ့ အခိုက်အတန့်ပါပဲ။ ဒါမှမဟုတ် သူငယ်ချင်းတွေစုပြီး Order မှာစားတာမျိုးကလည်း ဒီလိုနေ့မျိုးအတွက် ကွက်တိပါပဲ။
[7] Host A Singles – only Dinner Party
Single တွေချည်းစုပြီး Dinner Party လုပ်ပါ။ Single တွေကိုပဲ ဖိတ်ပါ။ ဒါဆို Valentine Day မှာ ဆုံတဲ့ ဖူးစာတွေ ဘာတွေ ဖြစ်လာနိုင်ပါသေးတယ်။
Content Writer by Thet Mon Myint