အချိန်ဆွဲတတ်တဲ့အကျင့်ကို ဘယ်လိုပြင်ကြမလဲ?
အချိန်ဆွဲခြင်းဆိုတာ အားလုံးနဲ့ရင်းနှီးပြီးသား စကားလုံးတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်တာဝန်တွေကို သတ်မှတ်ထားတဲ့အချိန်အမီပြီးဖို့ မလုပ်နိုင်ဖို့ အဓိကကြိုးကိုင်နေသူကတော့ Procrastination ဆိုတဲ့ အချိန်ဆွဲတတ်တဲ့အလေ့အကျင့်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အလုပ်တွေကိုလုပ်ဖို့ အချိန်ရွှေ့မိနေပြီ၊ ဒီနေ့လုပ်ရမဲ့အလုပ်ကို မနက်ဖြန်ရွှေ့မိနေပြီဆိုရင် သေချာပေါက် Procrastination က သင့်ကို စတင်ကြိုးကိုင်လို့နေပါပြီနော်။
ဒီလို ကိုယ့်ရဲ့တာဝန်တွေကို အချိန်ဆွဲမိပြီး အချိန်ကိုက်မပြီးမြောက်နိုင်တာတွေကနေ ဆိုးကျိုးတွေအများကြီးရှိလာနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ Stress တွေများလာပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တွေတင်လာမယ်၊ ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလစ်ဟင်းသွာပြီး အသုံးမကျသူတစ်ယောက်အဖြစ် မြင်မိလာပါလိမ့်မယ်။
ဒါကြောင့် ဒီနေ့မှာတော့ Hype Think Education ကနေအောင်မြင်မှုလမ်းကြောင်းမှာ အနှောင့်အယှက်ကြီးတစ်ခုဖြစ်နေတဲ့ အချိန်ဆွဲတတ်တဲ့အကျင့်ကို ပြင်ဖို့နည်းလမ်းတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်နော်။
Disadvantages of Procrastination [ အချိန်ဆွဲတတ်ခြင်းမှ ရရှိလာမည့်ဆိုးကျိုးများ ]
လုပ်ဆောင်ရမဲ့အချက် [4] ချက်ကတော့ ~
1 ] Realistic Goals [ဖြစ်နိုင်ခြေရှိသော ရည်မှန်းချက်များချခြင်း]
ကိုယ်ချမှတ်လိုက်တဲ့ Goal တွေဟာ လက်တွေ့မှာလည်း အမှန်တကယ်လုပ်ဆောင်နိုင်မဲ့ပမာဏဖြစ်နေရပါမယ်။ ဥပမာ ~ စာကျက်မယ်ဆိုရင် တစ်ရက်တည်းနဲ့ ပြီးအောင်ကျက်မယ်ဆိုပြီး မဖြစ်နိုင်တဲ့ပမာဏကို မတွေးဘဲနဲ့ ကိုယ်တကယ်ကျက်နိုင်မဲ့ Realistic Goal ကိုချမှတ်ကြရပါမယ်။ မဖြစ်နိုင်တဲ့ပမာဏကို လုပ်ဖို့တွေးခြင်းက Motivation လည်းကျစေပြီး အချိန်ဆွဲချင်တဲ့စိတ်ကို ပေါ်ပေါက်စေပါတယ်။
2 ] Break Tasks Into Smaller Pieces [လုပ်ဆောင်ရမှာတွေကို နည်းနည်းချင်းခွဲပြီးလုပ်ဆောင်ခြင်း]
ကိုယ်လုပ်ရမယ့် Task တစ်ခုကို ပိုပြီးနည်းတဲ့ Task တွေအဖြစ် ထပ်ခွဲပြီး လုပ်ဆောင်ခြင်းက ဝန်မပိစေဘဲ လုပ်ဆောင်ချင်တဲ့စိတ်ကို ဖြစ်ပေါ်စေပါတယ်။ လုပ်ဆောင်ချင်စိတ်များလေ အချိန်ဆွဲမိဖို့ ရာခိုင်နှုန်းနည်းလေပါဘဲနော်။
3 ] Prioritize And Schedule Your Tasks [အချိန်ဇယားဆွဲပြီး အရေးကြီးတာတွေကို ဦးစားပေးလုပ်ဆောင်ခြင်း]
အရေးကြီးတဲ့ကိစ္စတွေကို ဦးစားပေးလုပ်ဆောင်တတ်ခြင်းကလည်း မဖြစ်မနေလိုအပ်တဲ့အချက်ပါပဲနော်။ အရေးသိပ်မကြီးတဲ့အရာတွေမှာ အချိန်ကုန်သွားပြီး အရေးပါတဲ့အရာတွေကျမှ အချိန်ဆွဲပြီး မလုပ်ချင်တာမျိုးတွေ မရှိရလေအောင် ပိုအရေးကြီးတဲ့အလုပ်တွေကို အရင် Shedule ဆွဲပြီးလုပ်ဆောင်သင့်ပါတယ်။
5 ] Positive Self-talks [ကိုယ့်ကိုယ်ကိုယ် အပြုသဘောဆောင်သော စကားများပြောခြင်း၊ အတွေးများတွေးခြင်း]
ကိုယ့်ကိုယ်ကိုယ် အမြဲကောင်းမွန်တဲ့မှတ်ချက်တွေပေးပြီး ဘယ်လောက်ပဲသေးငယ်တဲ့ အောင်မြင်မှုပဲဖြစ်ပါစေ၊ ချီးကျူးပေးဖို့လည်းလိုပါတယ်။ ဒါမှကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပိုတိုးလာပြီး အချိန်ဆွဲတတ်တဲ့အလေ့အကျင့်တွေလည်း တဖြည်းဖြည်းလျော့နည်းသွားမှာပါနော်။
အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကို တကယ်လက်တွေ့ကျင့်သုံးမယ်ဆိုရင်တော့ ကိုယ့်ဆီမှာ အချိန်ဆွဲတတ်တဲ့အကျင့်က အချိန်နဲ့အမျှပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် ရည်မှန်းချက်တွေဆီ အမြန်ဆုံးရောက်ဖို့ ဒီနည်းလမ်းတွေကိုသုံးပြီး အချိန်ဆွဲတတ်တဲ့အကျင့်ကိုဖျောက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။
နောက်နေ့တွေမှာလည်း Hype Think Education ကနေ အခုလို အကျိုးရှိတဲ့အကြောင်းအရာတွေကို အမြဲမျှဝေပေးသွားမှာမို့ Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။
Content Writer Yoon Wathan
Graphic