IELTS or Duolingo English Test

English Testအမျိုးအစားတွေအများကြီးရှိတဲ့ထဲမှာမှ ရေပန်းအစားဆုံးဖြစ်တဲ့ IELTS နဲ့ Duolingo English Testနဲ့ကို ယှဉ်တွဲပြောပြပေးချင်ပါတယ်။
Share your love : ❤️

Introduction

နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စီစဉ်နေရင် မဖြစ်မနေစဉ်းစားရမှာက English proficiency testပါ။ English Testအမျိုးအစားတွေအများကြီးရှိတဲ့ထဲမှာမှ ရေပန်းအစားဆုံးဖြစ်တဲ့ International English Language Test Systemဆိုတဲ့ IELTS နဲ့ Duolingo English Testနဲ့ကို ယှဉ်တွဲပြောပြပေးချင်ပါတယ်။

IELTS? or Duolingo English Test?

ပထမဦးဆုံးအနေနဲ့ English proficiency testအတွက် သင်တန်းတွေမတက်ခင်မှာ ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ requirementsတွေကို ကျောင်း websiteကနေ စုံစမ်းထားသင့်ပါတယ်။ တချို့ကျောင်းတွေက IELTSရော Duolingoရော နှစ်ခုလုံးလက်ခံပေမဲ့ တချို့ကျတော့ IELTSတစ်မျိုးတည်းကိုပဲ လက်ခံတာတွေရှိပါတယ်။ 

Duolingo English testဟာ 2016 မှာမှစတင်ခဲ့ပေမဲ့ Covid နောက်ပိုင်းမှာ Online testအဖြစ် အရင်ကထက်လူသိများလာခဲ့ပြီး universitiesတော်တော်များများကလဲ လက်ခံလာကြပါတယ်။ Duolingoက IELTSထက် ပိုလွယ်ကူပြီး ပိုစျေးပေါတာမို့လို့ ကျောင်းသားအများစုအတွက် ထည့်စဉ်းစားသင့်တဲ့ optionတစ်ခုဖြစ်လာပါတယ်။

ဖြေဆိုချိန်တွေယှဉ်ကြည့်ရင် IELTSက speaking ကိုသက်သက်တရက်ဖြေရပြီး writing, readingနဲ့ listeningကိုတော့ တစ်ထိုင်တည်းဖြေရပါတယ်။ 4 skillsလုံးအတွက် total durationက 2 hrs 45 minsလောက်ရှိပါတယ်။ Duolingoကတော့ 4 skillsလုံးအတွက် 1 hourလောက်ပဲ ကြာပါတယ်။ 

Registration fees အနေနဲ့ဆိုရင် IELTSက 245~255$ ရှိပြီးတော့ Duolingoအတွက် 49$ပဲ ရှိပါတယ်။ Results တွေကိုတော့ Duolingoက ဖြေပြီးတာနဲ့ 48 hoursအတွင်းရပြီးတော့ IELTSက ခြောက်ရက်အတွင်း သိရပါတယ်။ 

Duolingoကို ရွေးချယ်မယ်ဆိုရင်တော့ online testဖြစ်တဲ့အတွက် Laptopကောင်းကောင်းတစ်လုံးရှိဖို့၊ wifiကောင်းဖို့၊ ပတ်ဝန်းကျင်က တိတ်ဆိတ်နေဖို့ အလွန်အရေးကြီးပါတယ်။ ဖြေတဲ့ချိန် တခြားဘာသံမှပါလို့မရတာ၊ Cameraကိုမျက်နှာလွှဲလို့မရတာ၊ errorခဏခဏတက်တာ စတာတွေတော့ ဂရုစိုက်ရပါတယ်။ 

Conclusion

IELTSလား? Duolingoလား? သေချာမရွေးခင် ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ requirementsတွေကို သေချာ checkလုပ်ကြည့်ပါ။ Pros and cons တွေကို ပြန်ယှဉ်ကြည့်ပါ။ အားလုံးပဲအဆင်ပြေကြပါစေလို့ မျှော်လင့်ပါတယ်။ အနာဂတ်ပညာရေးလမ်းကြောင်းတွေလည်း သာယာဖြောင့်ဖြူးပါစေလို့ Hype Think Educationမှ ဆုမွန်ကောင်းပြုလိုက်ပါတယ်နော်။

Content Writer by Minn Htet Hein

Share your love : ❤️