Importance of Education

ချမ်းသာသည်ဖြစ်စေ၊ဆင်းရဲသည်ဖြစ်စေ လူတိုင်းသည် ပညာနှင့် ထိုက်တန်ပါတယ်။ လူတော်တော်များများမှာ ပညာရေးကောင်းပြီး ကမ္ဘာကြီးဟာ အဆင့်မြင့်တဲ့ နေရာကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
Share your love : ❤️

[In Burma]

လူတိုင်းသိကြသည့်အတိုင်း ပညာရေးသည် လူတစ်ဦးချင်းစီတိုင်းအတွက် ဗဟုသုတရရှိရန် အရေးပါသောအရာတစ်ခုဖြစ်သည်၊ စာဖတ်၊စာရေးပြီး တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေ။

ကောင်းမွန်သောပညာရေးကိုရှိသည့် လူတစ်ဦးသည် ပိုမိုကောင်းမွန်သော အရည်အချင်းများ တိုးပွားလာစေနိုင်ပြီး ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသည့်အပြင် အမှားအမှန်ကို ပိုင်းခြားစေနိုင်သည်။

ပညာရေး၏ အကျိုးကျေးဇူးများ

  • ပညာရေးသည် person’s communication skills ကို ဖတ်ပုံ၊ ရေးပုံနှင့် နားထောင်ပုံတို့ကို လေ့လာခြင်းဖြင့် မြှင့်တင်ပေးသည်။ လူတစ်ဦးသည် စာဖတ်ခြင်းအပြင် စာရေးနည်းကို သိသောအခါ သူ/သူမသည် အဆုံးမရှိသော အချက်အလက်များကို သုတေသနပြုဖတ်ရှုနိုင်ပြီး ၎င်းတို့၏ကိုယ်ပိုင်လုပ်ငန်း [သို့မဟုတ်] အချို့သော program များကို စတင်လုပ်ဆောင်နိုင်သည်။
  • ပညာရေးသည် လူတွေကို အရည်အချင်းနှင့်ပြည့်မှီပြီး မိမိနှင့်ကိုက်ညီသော အလုပ်တစ်ခုရရှိရန်နှင့် ကူညီပေးသည်။ ဆိုလိုသည်မှာ အထက်တန်းကျောင်း [သို့မဟုတ်] ဘွဲ့တစ်ခုခု ရပြီးသူများသည် ဝင်ငွေပိုရနိုင်သည့်အတွက် လစာပိုများမည်ဖြစ်သည်။
  • ပညာရေးသည် လူတွေကို ပိုမိုတီထွင်ဖန်တီးနိုင်စေပြီး ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ်စွမ်းရည်ကိုလည်း တိုးတက်စေသည်။
  • ပညာရေးသည် ကျား၊မတန်းတူညီမျှမှုကို မြှင့်တင်ပေးပြီး အမျိုးသမီးများအား ပညာတတ်မြောက်စေရန် စွမ်းဆောင်ပေးပါသည်။ လူတိုင်းသည် ကောင်းမွန်သောပညာရေးနှင့် ထိုက်တန်သောကြောင့် gender၊လူမျိုး၊ဘာသာ စသည်တို့ကို အခြေခံပြီး ခွဲခြားဆက်ဆံခြင်း မပြုလုပ်သင့်ပါ။
  • ပညာတတ်ခြင်းဖြင့် မှန်ကန်သော ထင်မြင်ယူဆချက်များကို တွေးခေါ်နိုင်သည့်အပြင် အခြားသူများ၏ အမြင်များကို လေးစားတန်ဖိုးထားတတ်စေသည်။

အနှစ်ချုပ်

လူတွေအားလုံးသာ ပညာတတ်များဖြစ်လျှင် လူ့အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းမှု ပိုရှိနိုင်သလို ကမ္ဘာပေါ်ရှိလူတိုင်းသည် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကောင်းမွန်သောပညာရေးကိုရရှိရန် ထိုက်တန်ပါသည်။ ဆင်းရဲနွမ်းပါးသူများအတွက် အစိုးရက အခမဲ့သင်တန်းများ ပေးသင့်သည် [သို့မဟုတ်] သင့်တင့်လျောက်ပတ်သော ပညာကြေးဖြင့် ကလေးများအတွက် အခြားလိုအပ်သော အရာများကို စီစဉ်ပေးသင့်သည်။ လူတော်တော်များများ ပညာတတ်မြှောက်လာသည့်အခါ မိမိတို့နေထိုင်နေသောကမ္ဘာကြီးဟာ ယခုထက် အဆင့်မြင့်တဲ့ နေချင်စရာကောင်းသောနေရာတစ်ခုဖြစ်လာစေမှာ ဖြစ်ပါတယ်။

Share your love : ❤️