To Improve Your Creativity: Need to Follow the Habits

လူတိုင်းအတွက် အရေးကြီးလှတဲ့ Creative Skill တိုးတက်ဖို့ အထောက်အကူပြုတဲ့ အလေ့အကျင့်ကောင်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခု Hype Think Education ကနေ မျှဝေပေးသွားမှာဖြစ်ပါတယ်။

Share your love : ❤️

တီထွင်ဖန်တီးနိုင်မှုစွမ်းရည် တိုးတက်စေဖို့ ဒီလိုအလေ့အကျင့်ကောင်းတွေ ရှိထားပြီလား?

ဘယ်အလုပ်ပဲလုပ်လုပ် သာမန်ထက်ပိုပြီး တီထွင်ဖန်တီးတတ်တဲ့သူတွေက အလုပ်ပြီးမြောက်မှုနှုန်း မြန်ဆန်တဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ပိုပြီးရရှိဖို့ လွယ်ကူပါတယ်။ 

Creative Skill ဆိုတာကို မွေးကတည်းက ပါရမီတစ်ခုအဖြစ် ပိုင်ဆိုင်ထားတတ်ကြသူတွေလည်း ရှိပါတယ်။ 

ဒါပေမဲ့ ဘယ်အရာမဆို “ မသုံးရင်တုံးသွားတတ်တဲ့သဘော” ရှိတဲ့အတွက် ပါရမီစွမ်းရည်တစ်ခုအနေနဲ့ ရှိထားပေမဲ့ လက်တွေ့အသုံးမချနိုင်ရင်လည်း အလကားပါပဲ။

ဒါ့အပြင် တီထွင်ဖန်တီးနိုင်မှုစွမ်းရည် [Creative Skill] တိုးတက်ဖို့ လူတိုင်း လေ့ကျင့်တည်ဆောက်ယူလို့ရပါတယ်။ 

ဒါဆို ဒီကနေ့ခေတ်မှာ လူတိုင်းအတွက် အရေးကြီးလှတဲ့ Creative Skill တိုးတက်ဖို့ အထောက်အကူပြုတဲ့ အလေ့အကျင့်ကောင်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခု Hype Think Education ကနေ မျှဝေသွားမဲ့အချက်တွေကို အဆုံးထိဖတ်ရှုလိုက်တော့နော်

Challenge yourself

ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်လွန်းတဲ့အလုပ်တွေကိုပဲ လုပ်ကိုင်တတ်ခြင်းက Creative Skill ကျဆင်းစေတဲ့ အကြောင်းပြချက်တစ်ခုပါပဲ။

ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်စေတဲ့ ဘာသာစကားလေ့လာတာ၊ ပန်းချီဆွဲတာ၊ ရေကူးသင်တာ၊ ဦးနှောက်ဖွံ့ဖြိုးမှုတိုးတက်စေတဲ့ Game တွေ ကစားတာတွေကို နေ့စဉ်ဘဝမှာ Daily Routine တစ်ခုလို လုပ်ဆောင်သင့်ပါတယ်။

Small Lifestyle Switch-Ups

နေ့တိုင်းတသမတ်တည်းလုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေကို အပြောင်းအလဲလုပ်ကြည့်ပါ။ ဥပမာ ကိုယ်က သွားကို အမြဲတမ်း ညာလက်နဲ့တိုက်တဲ့သူဆိုရင် ဘယ်လက်နဲ့ စမ်းတိုက်ကြည့်တာမျိုး၊ ကိုယ့်အတွက် အသစ်အဆန်းဖြစ်တဲ့ စာအုပ်တွေဖတ်ကြည့်တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာတွေကိုလည်း အချိန်ပေးပြီး ပြုလုပ်သင့်ပါတယ်။

Keep Learning

နောက်ထပ်အရေးကြီးတာကတော့ စဉ်ဆက်မပြတ်လေ့လာနေဖို့ လိုအပ်ပါတယ်။ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေ၊ Fashion Trend တွေ၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ စသဖြင့် လက်လှမ်းမီသမျှ လေ့လာတတ်ဖို့ အရေးကြီးပါတယ်။

Exercise

လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးကောင်းဖို့သာမဟုတ်ဘဲ ဦးနှောက်နဲ့ စိတ်အာရုံတိုးတက်စေဖို့ အထောက်အကူပြုပါတယ်။

Yoga ဆော့တာ၊ စက်ဘီးစီးတာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ စတဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်နိုင်သလို ကြက်တောင်ရိုက်တာ၊ ဘောလုံးကန်တာ စတဲ့ ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတွေကလည်းပဲ Creative Skill တိုးတက်ဖို့ တစ်စိတ်တစ်နေရာကနေ အကျိုးပြုနိုင်ပါတယ်။

Take a break

တစ်ရက်မှအနားမယူဘဲ နေ့တိုင်းအလုပ်တွေ ဆက်တိုက်လုပ်နေမယ်ဆိုရင် burnout ဖြစ်ပြီး Creative Skill ကျဆင်းတတ်ပါတယ်။

Multitasking ကို လိုတာထက်ပိုပြီး လုပ်ဆောင်တာ၊ ပုံမှန်အိပ်ချိန်မရှိတာ၊ စနစ်တကျ အနားမယူတာတွေကလည်း ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းတွေကို လျော့ကျစေလို့ ပုံမှန်အနားယူတတ်တဲ့အလေ့အကျင့်ရှိဖို့ အရေးကြီးပါတယ်။

Conclusion 

ဒီအလေ့အကျင့်တွေကတော့ ရိုးရှင်းပေမဲ့ အမှန်တကယ် အချိန်ပေးပြီး ပြုလုပ်မယ်ဆိုရင် ထင်မထားလောက်အောင် အကျိုးထူးစေမှာ အမှန်ပါပဲ။

နေ့တိုင်းလိုလို စက္ကန့်မလပ် အသစ်အဆန်းတွေ ပေါ်ထွက်နေတဲ့ခေတ်မှာ တီထွင်ဖန်တီးနိုင်စွမ်းမရှိရင် သူများတွေထက် နောက်ကောက်ကျန်ခဲ့မှာ သေချာပါတယ်။

ဒါ့ကြောင့် အခု Hype Think Education ကနေ မျှဝေသွားခဲ့တဲ့ Creative Skill တိုးတက်ဖို့ အလေ့အကျင့်ကောင်းတွေကို တစိုက်မတ်မတ်လုပ်ဆောင်ရင်း ပိုပြီး Productive ဖြစ်တဲ့နေ့ရက်တွေ၊ ပိုပြီး အလုပ်ပြီးမြောက်တဲ့နေ့ရက်တွေနဲ့ သူများထက်နှာတဖျားသာတဲ့ အခွင့်အလမ်းကောင်းတွေကို ရရှိပိုင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

အခုလို အကျိုးရှိတဲ့ အကြောင်းအရာမျိုးစုံနဲ့ စိတ်ဝင်စားဖွယ် Knowledge Sharing တွေ၊ Webinar ၊ Event တွေကို လက်မလွတ်ဘဲ စောင့်ကြည့်ချင်တယ်ဆိုရင်တော့ Hype Think Education ကို Follow လုပ်ထားလိုက်တော့နော်။

Content Writer Nilar Win

Graphic

Share your love : ❤️