Inner Toxic Self-talk

Hype Think Education ကနေ Psychologist တစ်ယောက်ဖြစ်တဲ့ ‘Ethan Kross’ ပြောပြထားတဲ့ မိမိကိုယ်ကို အဆိုးမြင်အပြစ်တင်နေတဲ့ ‘Chatter’ မျိုးစိတ် [Species] ကို ဝေမျှသွားမှာပဲဖြစ်ပါတယ်။
Share your love : ❤️

ကိုယ်တောင်မသိဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​ပြောဆိုနေမိတာ သတိထားမိကြလား?

မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့အတွက် မလိုအပ်ဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတဲ့ စကားတွေကို ဆင်ခြင်ဖို့ အဓိကလိုအပ်ပါတယ်။

ကျွန်တော်တို့ အခန်းအသစ်တစ်ခုကို တည်ဆောက်သလိုပဲ ပထမဆုံးအမှိုက်သရိုက်တွေ ရှင်းထုတ်ရသလို မိမိကိုယ်ကို ပြောင်းလဲတည်ဆောက်ပြီး Positive Attitude ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့အဆိုးမြင်ဝါဒီကို အရင်ရှင်းထုတ်ရပါမယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ Hype Think Education ကနေ Psychologist တစ်ယောက်ဖြစ်တဲ့ ‘Ethan Kross’ ပြောပြထားတဲ့ မိမိကိုယ်ကို အဆိုးမြင်အပြစ်တင်နေတဲ့ ‘Chatter’ မျိုးစိတ် [Species] ကို ဝေမျှသွားမှာပဲဖြစ်ပါတယ်။

1 ) What Is Chatter

1 ) What Is Chatter_ Inner Toxic Self-talk Hype Think Education

Chatter ဆိုတာ ကိုယ့်အတွင်းစိတ်ရဲ့ အမှောင်ဘက်ခြမ်းပဲ ဖြစ်ပါတယ်။ ပြဿနာတွေကို နားလည်သဘောပေါက်ရန် ကြိုးစားတဲ့အခါ ကိုယ့်ခေါင်းထဲမှာ ဖြေရှင်းချက်‌ရှာဖွေနေတာတွေက မဆုံးမသတ်ပဲ ဖြစ်နေတတ်ပါတယ်။ နောက်ဆုံးတော့ အမှားတွေကို ထပ်တလဲလဲ စဉ်းစားနေမိတာ၊ တစ်နည်းအားဖြင့် စားမြုံပြန်တာမျိုး၊ စိုးရိမ်ပူပန်ကြောင့်ကြမှုတွေကို ပုံမှန်ထက် အခြေအနေ ပိုဆိုးအောင်တွေးမိနေတာမျိုးတွေပဲ ဖြစ်လာပြီး Negative Cycle ကြီးထဲမှာပဲ သံသရာလည်နေတတ်ပါတယ်။

2 ) Positive Voice In Head

2 ) Positive Voice In Head Inner Toxic Self-talk Hype Think Education

Ethan က စိတ်ထဲတွေးပြီးပြောနေတဲ့ ကိုယ့်ရဲ့ Inner Voice ဟာ “Verbal Working Memory System” [နှုတ်မှတ်ဉာဏ်အလုပ်လုပ်တဲ့စနစ်] ရဲ့ အစိတ်အပိုင်းလို့ ထောက်ပြထားပါတယ်။

အဲ့ဒီ Inner Voice [စိတ်ထဲကပြောနေတဲ့အရာ] ကပဲ ကိုယ့်ကို လှုံဆော်တယ်၊ အစီအစဉ်တွေ ဆောင်ရွက်စေတယ်။
ဥပမာ။ ။ အင်တာဗျူးတွေမှာ ဘာတွေမေးမယ် ကြိုစဉ်းစားနိုင်တာမျိုး၊ ဘယ်လို‌ပြန်ဖြေရမယ်ကို ကြိုပြင်ထားတာမျိုးကို ပြောတာပါ။

နောက်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းချုပ်ထားနိုင်ပါတယ်။
ဥပမာ။ ။ ကိုယ်က ဝိတ်ချနေတဲ့သူ ဒါပေမဲ့ ညဘက်ဗိုက်ဆာလို့ တစ်ခုခုစားဖို့ပြင်တဲ့အခါ “ ဒါကိုမစားနဲ့၊ မဟုတ်ရင်‌တော့ နင်မနက်ကျနောင်တရလိမ့်မယ်။”

ဒါ့အပြင် ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့အရာတွေကိုလည်း သိမ်းဆည်းထားပါသေးတယ်။
ဥပမာ။ ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ တစ်ခုခုကိုကိုယ် နားလည်နိုင်တဲ့ ပုံစံမျိုးတွေ စတဲ့ အရာတွေကို ဖလင်တစ်ခုလို သိမ်းဆည်းထားနိုင်ပါတယ်။

3 ) Dark Side of Inner Voice

3 ) Dark Side of Inner Voice Inner Toxic Self-talk Hype Think Education

Ethan ပြောပြသွားတဲ့ Chatter ရဲ့ မကောင်းတဲ့ အခြမ်းတွေကတော့ ကိုယ့်ရဲ့ဆက်ဆံရေးတွေမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာတာပါ။ အကြောင်းအရင်းက ကိုယ့်ရဲ့ ပြဿနာတွေပဲ တစ်ချိန်လုံး ထပ်ခါတပ်ခါပြန်ပြောနေပြီး တစ်ဖက်သူရဲ့စကားကို ကောင်းကောင်းနားမထောင်တော့တာပါ။

ဒါ့ကြောင့် လူ‌က စိတ်ဆတ်လွယ်ပြီး အကြောင်းပြချက်မရှိ ပြဿနာ ရှာချင်လာပါတယ်။ ဒါ့အပြင် အချိန်ကြာလာတာနဲ့အမျှ Chatter ဆိုတဲ့ အဆိုးမြင်စိတ်ကြီးထဲမှာ ပိတ်မိနေပြီး ဒီအကြောင်းအရာတွေကိုပဲ အကြိမ်ကြိမ်တွေးမိနေမှာပါ။ အကျိုးဆက်ကတော့ စိတ်ဖိစီးမှုဒဏ်ကို ရေရှည်ခံစားရမယ့် အပြင် နှလုံးသွေးကြောနှင့်ဆိုင်တဲ့ရောဂါတွေ၊ နာတာရှည် ရောဂါတွေ အဆိုးဆုံးကတော့ ကင်ဆာရောဂါ ပါ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ 🌱

4 ) How To Control Your Inner Voice

4 ) How To Control Your Inner Voice Inner Toxic Self-talk Hype Think Education

Ethan ဖော်ပြချက်အရ ကိုယ်က Chatterဆိုတဲ့ ဇုန်ကြီးထဲရောက်‌‌နေတဲ့အခါ ကိုယ့်အတွေးတွေက ထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့ ခံစားရပါလိမ့်မယ်။ ဒါကြောင့်မို့ ကိုယ်က Chatter တစ်ခုကိုခံစားရပြီဆိုရင် လုံးဝ ရုန်းမထွက်နိုင်ဘဲ နောက်ဆုံး ကျန်းမာရေးတွေထိခိုက်လာမှာလား ဆိုရင်တော့ မှားပါတယ်။

ပြဿနာတိုင်းမှာအဖြေရှိသလိုပဲ Chatter ကို အနိုင်ယူဖို့ဆိုရင် Rituals ဆိုတဲ့ အစီအစဉ်တစ်ခုကို စနစ်တကျဖန်တီးပြီး တူညီတဲ့နည်းလမ်းနဲ့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ရမယ့် အမူအကျင့်တွေကို ကြပ်မတ်ထားရမှာပဲ ဖြစ်ပါတယ်။

ဥပမာ။ ။ တင်းနစ်ကစားသမား “ Rafael Nadal” က သူကစားနေချိန် ထိန်းချုပ်ရဆုံးအရဆုံးအရာက သူ့ရဲ့ စိတ်ထဲကအသံ [Inner voice] ပါ။ ဒါကြောင့်သူက အနားပေးချိန် [Break time] တွေမှာ သူလုပ်နေကြ ‘Rituals’တစ်ခုရှိပါတယ်။

အဲ့တာကတော့ သူက ပ‌ထမရေဘူးကို တစ်ငုံပဲ သောက်ပြီး ‌ဒုတိယရေဘူးကိုလည်း တစ်ငုံထပ်သောက်ပါတယ်။ ပြီးတော့ အဲ့ရေဘူးနှစ်ခုကို သူ‌ကောက်ယူခဲ့တဲ့နေရာအတိုင်း အတိအကျပြန်ထားလိုက်တယ်။ ဒီလိုနည်းနဲ့သူကစိတ်ကို ထိန်းချုပ်ထားတာပါ။ အဲ့လိုပဲ လူအမျိုးမျိုး အခြေအနေအရပ်ရပ်အတွက် သီးသန့်ဖြေရှင်းရတဲ့နည်းဆိုပြီး မရှိပါဘူး။ မိမိစိတ်ကို ထိန်းချုပ်နိုင်မယ့် Ritual တစ်ခုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေတာအကောင်းဆုံးပါ။

Conclusion

ဒီနေ့ပြောပြပေးသွားတဲ့အကြောင်းအရာကတော့ အသက်အရွယ်မရွေး ဖြစ်တတ်တဲ့ မိမိကိုယ်ကို အဆိုးမြင်ပြောဆိုနေမိတဲ့ အသံတွေကို သတိထားမိလာအောင် ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီလို ကြုံတွေ့ရတိုင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသိရှိထားဖို့ လိုအပ်ပါတယ်။

ဒီလို ‘Inner Voice’ ကြောင့် စိတ်ဖိစီးမှုခံစားနေရတဲ့သူတွေအတွက်လည်း အခု အကြောင်းအရာတွေက အထောက်အကူကောင်းတစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်လည်း အခုလို ဆန်းသစ်တဲ့အကြောင်းအရာတွေကို ရေးသားဖော်ပြသွားဦးမှာမို့ Hype Think Education ကို Follow လုပ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Content Writer Hnin Inzli

Graphic Designer Nway Yamon Shin

Share your love : ❤️