အသက်၂၀ ကျော်လာပြီဆိုလျှင် ဘ၀အတွက်စပြီးရင်းနှီးမြှုပ်နှံပါ။
အသက် ၂ဝ ကျော်လာပြီဆိုလာရင် ဆယ်ကျော်သက်လိုပျော်နေလို့ မရတော့ပါဘူး။ ဘဝအတွက် စပြီးတော့ ရင်းနှီး မြှုပ်နှံရပါမယ်။ ဒီအချိန်မှာ ဘဝအတွက် ရည်မှန်းချက်ထားပြီး မိမိ ဖြစ်ချင်တဲ့ ရည်မှန်းချက်နှင့် လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့်ရပါမယ်။
အသက်၂၀ ကျော်ဝန်းကျင်ဆိုတဲ့ အချိန်ဟာ ဘဝတွက် အရေးကြီးဆုံးအချိန်ပါပဲ။ ဒီအချိန်မှာ ဘဝကို ဆယ်ကျော်သက်ရွယ်တုန်းကလို ဖြစ်သလို မရှင်သန်သင့်တော့ပါဘူး။ အသက် ၂၀ ကျော်လာပြီဆိုတာက အရင်လို မိဘထံ အားကိုးပြီး ရှင်သန်ရတာနဲ့ မတူတော့တဲ့ဘဝကို စတင် ဝင်ရောက်လာနေပြီဆိုတာ သတိထားပါ။
အသက် ၂၀ ကျော်လာတဲ့အချိန်မှာ ဘာတွေလုပ်သင့်လဲ?
1 ] ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ကအရေးကြီးပါတယ်။
ကိုယ့်စိတ်ကဘာတွေလိုချင်လဲ? ဘာလုပ်ရရင် ပျော်သလဲ? ဘယ်အရာကိုလုပ်ရရင်ကျေနပ်မိလဲ? ကိုယ့်ကိုယ်ကိုယ်နားလည်မှပဲ မျှော်လင့်ချက်နဲ့လမ်းကြောင်းတွေရှင်းလာနိုင်မယ်။
2 ] တတ်နိုင်တဲ့အတိုင်း ကြိုးစားဖို့လိုပါတယ်။
ကိုယ်ရည်မှန်းတာက သူများနဲ့မတူနိုင်ပါဘူး။ ဒီအရွယ်၊ ဒီအချိန်မှာ တချို့က မိဘရဲ့supporting အား ကောင်းမှု ကြောင့် ရှေ့ကို မြန်မြန်ရောက်နေတာလည်း ရှိနေနိုင်သလို၊ တချို့ကျ ကိုယ့်လမ်းကိုခက်ခဲစွာဖောက်ပြီး လျှောက်နေရတာလည်း ရှိပါတယ်။ အသက်၂၀ ကျော်အရွယ်မှာ ကိုယ်နဲ့သူများကို နှိုင်းယှဉ်တာတွေကို သတိကပ်ပြီးလျော့ရပါမယ်။ လောကကြီးမှာ perfect ဖြစ်တဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းမှာ အားနည်းချက်၊ အားသာချက် ကိုယ်စီရှိတာမို့ကိုယ့်အရည်ချင်းကိုသာ ကိုယ်သိမြင်အောင် ရှာဖွေပြီး လက်တွေ့ဘဝမှာ အကျိုးရှိအောင် အသုံးချတတ်ရပါမယ်။ဘဝဟာ drama မဆန်တာကြောင့် ကိုယ့်အားရှိသလောက်ကြိုးစားပြီး ကိုယ့်လမ်းကို ကိုယ်ဖန်တီးရပါမယ်။
3] အချိန်ကိုတန်ဖိုးရှိစွာအသုံးချတတ်ရပါမယ်။
အချစ်အတွက်အချိန်မကုန်စေပါနဲ့။ ဘဝမှာ အချစ်ထက် အရေးကြီးတာတွေ အများကြီးရှိနေသေးတာမို့ ၂၀ ကျော်ဆိုတဲ့ အသက်ရွယ်မှာ အချစ်ကို ဦးစား မပေးသင့်တော့ပါဘူး။ အချစ်သည် ဘဝရဲ့အခန်းတစ်ခန်းမျှပဲ ဖြစ်ပါတယ်ဘဝကြီးမဟုတ်ပါ။ အများစု အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဟာ အချစ်ရဲ့နာကျင်မှုမှာ ရစ်မူးပြီး ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးခံနေတာမို့ ဒီအသက်အရွယ်မှာ အချစ်ဆိုတဲ့အရာကို သတိထားဖို့လိုပါတယ်။
အလုပ်မှာ အဆင်မပြေတာကြုံရတဲ့အခါ ရလာနိုင်တဲ့ Stress တွေ၊ Pressure တွေ ထဲက ရုန်းမထွက်ပဲ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ အတွေးများစွာနဲ့ ပြဿနာရဲ့အဖြေကို မရှာဘဲ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လိုက်၊ သူများကိုလည်း အပြစ်တင်လ်ိုက်နဲ့ အချိန်တွေကို ဖြုန်းနေတတ်ကြပါသေးတယ်။ ဒါပေမယ့် အချိန်ဆိုတဲ့ အရာကို တန်ဖိုးထားကြည့်ပါ။ အရာရာမှာ ကိုယ့်ကိုယ်ကိုယ် စဥ်းစား ဆင်ခြင်လာနိုင်ပါလိမ့်မယ်။ အဆင်မပြေခဲ့တဲ့အချိန်တွေကိုလည်းအဆိုးထဲက အကောင်းဖြစ်အောင် ပြန်လည်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ခရီးလမ်းဖြစ်အောင် သင်ခန်းစာယူတတ်ရပါမယ်။
4 ] ပတ်ဝန်းကျင်ကို လျစ်လျူရှု့တတ်ဖို့လည်း သင်ယူပါ။
ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေး၊ ယောကျ်ားလေး၊ မိတ်ဆွေတွေလည်း ကိုယ့်လမ်းကို သက်ရောက်တတ်ပါတယ်။ အမြဲ positive ဖြစ်နေတဲ့သူတွေနဲ့ အတူရှိဖို့ကြိုးစားပါ။ အရည်အချင်းရှိသူတွေရှိတဲ့ ဝန်းကျင်မှာပဲ ကျင်လည်ပါ။ပတ်ဝန်းကျင်ရဲ့စကားသံတိုင်းကို နားမထောင်ပါနဲ့။ ပတ်ဝန်းကျင်ရဲ့ဝေဖန်သံကြားမှာ ကိုယ့်ကိုယ်ကိုယ် လမ်းမပျောက်ပါစေပါနဲ့။ ဒီအရွယ်မှာ ပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်နေလွန်းရင် လူငယ်တစ်ယောက်အတွက်အသက်ဆက်ရှင်သန်ချင် စိတ်တောင်ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်စိတ်စကားသံပဲနားထောင်ပါ။ပတ်ဝန်းကျင်ရဲ့ တချို့သောစကားသံလောက်ပဲ နားထောင်ပါ။
5 ] ပိုက်ဆံနဲ့ အချိန်ကိုတန်ဖိုးထားတတ်ရပါမယ်။
အသက် ၂၀ ကျော်ဆိုတာကတစ်သက်မှာနှစ်ခါ ပြန်မရတဲ့အချိန်ပါ။ အဲ့ချိန်ထဲကမှပိုက်ဆံအနည်းငယ်တောင် တန်ဖိုးရှိအောင်သုံးဖို့၊ အနာဂတ်အတွက် စုဖို့၊ အတွေ့အကြုံအတွက် ရင်းနှီးဖို့လိုပါတယ်။အသုံးဖြုန်းလျော့ရပါမယ်။သုံးလို့ရသေးရင်ထပ်မဝယ်ဘဲပိုက်ဆုံစုတတ်တဲ့အကျင့်ကောင်းလေးရှိဖို့လိုပါမယ်။ ရှာသလောက်မသုံးဘဲ Need နဲ့ Want ကို ခွဲ ခြားပြီးဝယ်ရပါမယ်။
6 ] ဘာသာစကားတစ်ခုကို တတ်မြောက်အောင်သင်ယူရပါမယ်။
ကိုယ်နှစ်သက်တဲ့ ဘာသာတစ်ခုအပေါ် စိတ်ပြင်းပြမှု အပြည့်နဲ့ လေ့လာပါ။ ဘာသာစကားလေ့လားခြင်းက ကိုယ့်ရဲ့မှတ်ဉာဏ်ကို အရည်သွေးတိုးတက်စေပါတယ်။ ဘယ်ဘာသာပဲ တတ်မြောက်နေပါစေ ကိုယ့်အတွက် အကျိုးမဲ့စေတာမျိုး မရှိတာမို့ သင်ယူမှု အလေ့ကျင့်ကို ဖန်တီးတတ်ရပါမယ်။
7 ] ဘာသာတရားကိုင်းရှိုင်းပါ။
အသက်၂၀ ကျော်ဆိုတဲ့အရွယ်က တည်ငြိမ်သင့်သလောက် ရင့်ကျက်မှုတွေ စရှိနေပြီမို့ အရာရာကိုမလုပ်ခင်သေချာတွေးတောစဉ်းစားဆုံးဖြတ်ပြီးမှ ပြောဆိုလုပ်ကိုင်ရပါမယ်။ ရှင်းလင်းတဲ့ အတွေးတွေရှိနေနိုင်ဖို့ဆိုရင် ကိုယ်သက်ဝင်ယုံကြည်တဲ့ဘာသာတရားအပေါ် ရိုသေလေးစားပြီး ကိုင်းရှိုင်းရပါမယ်။ ဘုရား၊ တရားများများလုပ်နိုင်လာလေ ပိုပြီးတော့ အေးချမ်းတည်ငြိမ်စေလာမှာဖြစ်တဲ့အပြင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ရှင်းလင်းတိကျတဲ့ ဆုံးဖြတ်ချက်တွေအဖြစ် ချနိုင်လာပါလိမ့်မယ်။
ဒီအရွယ်ဟာ ထိရှမှုလွယ်ပြီးတော့ တာဝန်ယူရတဲ့ အပိုင်းတွေ များလာတာဖြစ်တာကြောင့် တဖြည်းဖြည်း ပျော်ရွှင်မှုတွေဆိုတာ နည်းတတ်လာတယ်။ အထီးကျန်ချိန်တွေ များလာတတ်တယ်။ ဒါ့ကြောင့် အသက်၂၀ကျော်လာပြီဆိုတာနဲ့ ဘာသာတရားနဲ့ နေ့စဥ် လူနေမှု ဘဝကို ယှဉ်တွဲနေတတ်ဖို့ သင်ယူတတ်ရပါမယ်။ တရားရဲ့အဆုံးမနဲ့ တိကျတဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်ပြီး စစ်မှန်တဲ့အေးချမ်းမှုက ဘာလဲဆိုတာ မြင်တတ်ရပါမယ်။
ဒါ့ကြောင့်မို့ အသက်၂၀ ကျော်လာပြီဆိုတာနဲ့ နှစ်ခါပြန်မရတဲ့ လူငယ်ဘဝကို အကျိုးရှိစွာအသုံးချတတ်ဖို့လိုပါတယ်။ ဒီအရွယ်က ကိုယ့်အိမ်မက်တွေနဲ့ မျှော်လင့်ချက်တွေကို တကယ်ဖြစ်လာအောင် စပြီး ဖန်တီးဖို့ အကောင်းဆုံးအချိန်တစ်ခုဖြစ်ပါတယ်။
အခုလို လူငယ်တွေအတွက် အကျိုးရှိတာတွေကို အမြဲစဉ်ဆက်မပြတ် မျှဝေပေးနေပြီး လူငယ်တွေနဲ့ အတူအမြဲတည်ရှိနေတဲ့ Hype Think Education ကို Follow ထားပေးပါဦးနော်။
Content Writer Khin Myo Lae Yee
Graphic