Ivy League Universities

ကမ္ဘာတစ်ဝှမ်းက အဆင့်မြင့်ပညာရေးကိုစိတ်ဝင်စားတဲ့ ကျောင်းသားတွေအကြားမှာ Ivy League School တွေက နာမည်ကြီးသလို လူတိုင်းတက်ချင်ကြတဲ့ Dream University တွေလည်းဖြစ်ကြပါတယ်။ Ivy League School တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စုံစုံလင်လင်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
Share your love : ❤️

Introduction

Ivy League School ဆိုတာ ဘာလဲ?

What is Ivy League School Hype Think Education

ကမ္ဘာတစ်ဝှမ်းက အဆင့်မြင့်ပညာရေးကိုစိတ်ဝင်စားတဲ့ ကျောင်းသားတွေအကြားမှာ Ivy League School တွေက နာမည်ကြီးသလို လူတိုင်းတက်ချင်ကြတဲ့ Dream University တွေလည်းဖြစ်ကြပါတယ်။ မြန်မာနိုင်ငံက Study Abroad လုပ်ဖို့ကြိုးစားနေကြတဲ့ကျောင်းသားတွေဆိုရင်လည်း ဒီ Ivy League ‌School တွေအကြောင်းအသေးစိတ်မသိရင်တောင် ဝင်ခွင့်အရမ်းမြင့်ပြီး နာမည်ကြီးတဲ့ထိပ်တန်းကျောင်းတွေဖြစ်တယ်ဆိုတာ ကြားဖူးနားဝရှိနေမှာပါ။

ဒီနေ့မှာတော့ Hype Think Education ကနေ Ivy League School တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စုံစုံလင်လင်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ဒီစာလေးကိုဖတ်ပြီးရင် Ivy League School တွေရဲ့အကြောင်းကို ရှင်းရှင်းလင်းလင်းနားလည်သွားမှာဖြစ်လို့ သိချင်ရင်တော့ အဆုံးထိဖတ်ကြည့်လိုက်ပါနော်။

Ivy League School တွေက ဘာတွေလဲ?

Ivy League Schools Hype Think Education

Ivy League School တွေကတော့ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ပုဂ္ဂလိကကျောင်းတွေဖြစ်ပြီးတော့

  • Harvard University
  • Princeton University
  • Yale University
  • University of Pennsylvania
  • Brown University
  • Columbia University
  • Cornell University
  • Dartmouth Collage စတဲ့ တက္ကသိုလ် [8] ခုပါဝင်ပါတယ်။ ဒီကျောင်းတွေကို အတိုကောက်အနေနဲ့ “ 𝐈𝐯𝐢𝐞𝐬” လို့လည်းခေါ်ကြပါသေးတယ်။

ဘာလို့ Ivy League School တွေလို့ ခေါ်တာလဲ?

Ivy League School တွေလို့ ခေါ်ရတဲ့အကြောင်းအရင်းကတော့ အနည်းငယ်ရှုပ်ထွေးပါတယ်။ 🌱 တစ်နှစ်တာလုံး အရွက်တွေကစိမ်းစို‌နေတတ်တဲ့ Ivy ဆိုတဲ့ပန်းပင်တွေကို ရေရှည်တည်တံ့တဲ့ ကြီးထွားရှင်သန်မှုဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့  တက္ကသိုလ်နဲ့ ကောလိပ်နယ်‌မြေတွေမှာ “ Planting the Ivy” ဆိုတဲ့ 19 ရာစုအခမ်းအနားပွဲကိုလုပ်ခဲ့ရာကနေ ဒီကျောင်းတွေကို Ivy Colleges ဆိုပြီးခေါ်ဆိုခဲ့ကြပါတယ်။ 

Ivy League ဆိုတာကတော့ ဒီ Ivy College တွေကြားက အားကစားပြိုင်ပွဲတွေကို ရည်ညွှန်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Ivy League School ဆိုရင် အားကစားအပြင် ပညာရေးနဲ့ပတ်သက်ပြီး ဂုဏ်သရေရှိစွာရပ်တည်နေတဲ့ ထိပ်တန်းကျောင်းတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဘာလို့ Ivy League School တွေက နာမည်ကြီးတာလဲ?

အပေါ်‌မှာပြောခဲ့သလိုပဲ Ivy League School တွေက World Ranking မှာ ထိပ်ဆုံးနေရာကနေပါဝင်နေကြတဲ့အပြင် ပညာရေးနဲ့ပတ်သက်ပြီး ဂုဏ်သတင်းတွေလည်း ကျော်ကြားပါတယ်။ Quality မြင့်လွန်းတဲ့ Academic Program တွေ၊ Research တွေနဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကြောင့် ကမ္ဘာ့လက်ရွေးစင်ကျောင်းတွေအဖြစ် နာမည်ကြီးကြပါတယ်။ နာမည်ပျက်လုံးဝမရှိဘဲ အစဉ်အလာကြီးစွာရပ်တည်လာခဲ့ကြပြီး ဝင်ခွင့် Rate တွေကလည်း အရမ်းနည်းတာကြောင့် Ivy League ‌School တွေမှာ တက်ရောက်နိုင်ဖို့က ကမ္ဘာတစ်ဝှမ်းကကျောင်းသားတိုင်းရဲ့ အိပ်မက်ဖြစ်နေတာပါ။

Ivy League School တွေရဲ့ World Ranking

2024 ခုနှစ်အတွက် Ivy League School တွေရဲ့ World Ranking တွေကတော့ ~

  • Harvard University : 2
  • Princeton University : 17
  • Yale University : 16
  • University of Pennsylvania : 12
  • Brown University : 73
  • Columbia University : 23
  • Cornell University : 13
  • Dartmouth College : 237 တို့ဖြစ်ပါတယ်။

Ivy League School တွေရဲ့ Acceptance Rate %

Acceptance Rate % of Ivy League Schools Hype Think Education

Ivy League School တွေရဲ့ Class of 2024 Admission Rate တွေကတော့ ~

  • Harvard University : 4.9%
  • Princeton University : 5.6%
  • Yale University : 6.5%
  • University of Pennsylvania : 8.1%
  • Brown University : 6.9%
  • Columbia University : 6.1%
  • Cornell University : 10.7% 
  • Dartmouth College : 8.8% တို့ဖြစ်ပါတယ်။

Ivy League ကျောင်းတွေရဲ့ Admission Requirements တွေက ဘာတွေလဲ?

Admission requirements for Ivy League Schools Hype Think Education

တစ်ကျောင်းနဲ့တစ်ကျောင်း Requirements တွေအားလုံးမတူညီနိုင်ပေမယ့် Ivy League ကျောင်းတွေကို လျှောက်တော့မယ်‌ဆိုရင်

  • SAT Scores မြင့်မြင့်ရထားရပါမယ်။
  • Extracurricular Activities တွေနဲ့ Volunteering အတွေ့အကြုံတွေရှိထားရပါမယ်။
  • Interview တွေကိုလည်း ထူးချွန်စွာဖြေဆိုနိုင်ပါမယ်။

Acceptance Rate တွေကအရမ်းနည်းတဲ့အပြင် ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေဝင်လျှောက်ကြတာဖြစ်တဲ့အတွက် Ivy League School တွေမှာ တက်ရောက်ချင်ရင်တော့ အဘက်ဘက်မှာထူးချွန်နေအောင် ပြင်ဆင်ထားသင့်ပါတယ်နော်။

ဘယ် Ivy League School က အကောင်းဆုံးလဲ?

Ivy League ကျောင်းတွေအားလုံးက ကမ္ဘာ့ထိပ်တန်းဝင်ကျောင်းတွေဖြစ်ပါတယ်။ သင်ကြားရေးနဲ့ပတ်သက်ပြီးလည်းစိတ်ပူစရာမရှိတာကြောင့် အကောင်းဆုံးကျောင်းဆိုတာထက် ကိုယ်နဲ့ကိုက်ညီမယ့်ကျောင်းနဲ့ Major ကို လေ့လာစုံစမ်းပြီး ရွေးချယ်တက်ရောက်ဖို့အကြံပြုချင်ပါတယ်နော်။

Conclusion

ဒီလောက်ဆိုရင်တော့ Ivy League School တွေရဲ့အကြောင်းကို ရှင်းရှင်းလင်းလင်းနားလည်သွားကြလောက်ပြီလို့ ယုံကြည်ပါတယ်။ အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ Hype Think Education ကနေ ပညာရေးအတွက်အကူအညီ‌ဖြစ်စေမယ့် အစီအစဉ်တွေကို အမြဲမပြတ်တင်ဆက်ပေးလျက်ရှိတာကြောင့် လက်မလွှတ်တမ်းစောင့်မျှော်ပေးကြပါဦးနော်။

Content Writer May Chan Myae

Graphic Wathone Oo

Share your love : ❤️