Kinesthetic Learning

ကိုယ်တိုင်လက်တွေ့လုပ်ရင်း ပိုမို နားလည်သဘောပေါက်တတ်တဲ့ သူတွေအတွက် မူလတန်းကနေ တက္ကသိုလ်အဆင့်အထိ ဘဝတစ်လျှောက်လုံး အသုံးဝင်မယ့် အကြောင်းအရာတွေကို Hype Think Education ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။

Share your love : ❤️

ကိုယ်တိုင်လုပ် အဟုတ်ဖြစ်တဲ့နည်းလမ်း

ဒီနေ့ခေတ် ပညာရေးစနစ်မှာ သင်ယူမှုပုံစံတွေ အများကြီးရှိပါတယ်။ အမြင်အာရုံ၊ အကြားအာရုံနဲ့ သင်ယူလို့ရသလိုမျိုး “ ကိုယ်လက်လှုပ်ရှားမှုနဲ့ သင်ယူသူ [Kinesthetic Learner]” တွေအတွက်ကလည်း သူတို့ရဲ့သီးသန့်စွမ်းရည်ကို အမှီပြုနိုင်မယ့် နည်းလမ်းတွေ လိုအပ်ပါတယ်။

ဒါကြောင့် ကိုယ်တိုင်လက်တွေ့လုပ်ရင်း ပိုမို နားလည်သဘောပေါက်တတ်တဲ့ သူတွေအတွက် မူလတန်းကနေ တက္ကသိုလ်အဆင့်အထိ ဘဝတစ်လျှောက်လုံး အသုံးဝင်မယ့် အကြောင်းအရာတွေကို Hype Think Education ကနေ ပြောပြပေးသွားမှာမို့ အဆုံးထိဖတ်ရှုနိုင်ပါတယ်နော်။

Kinesthetic Learning ဆိုတာ ဘာလဲ? ဘာကြောင့် အရေးပါတာလဲ?

Kinesthetic Learning ဆိုတာ

  • လက်တွေ့ကိုင်တွယ် လုပ်ဆောင်ရင်း၊ 
  • ကိုယ်ခန္ဓာ လှုပ်ရှားမှုပါဝင်ရင်း သင်ယူတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ 

ဒီလိုသင်ယူတဲ့သူတွေဟာ စာအုပ်ထဲကစာသားတွေထက် လက်တွေ့အတွေ့အကြုံ [Learning by Doing] ကနေအဓိကသင်ယူကြတာပါ။ ဒါဟာ ထိရောက်တဲ့သင်ယူမှုတစ်ခုဖြစ်ပြီး မှတ်ဉာဏ်ထဲမှာလည်း ကြာရှည်စွာ ကျန်ရစ်စေနိုင်ပါတယ်။

မူလတန်းအရွယ် ကလေးတွေအတွက် ဘယ်လိုသင်ကြားပေးမလဲ?

မူလတန်းအရွယ်ကလေးတွေဟာ စွမ်းအင်အပြည့်နဲ့ လှုပ်ရှားရတာကို နှစ်သက်ကြပါတယ်။ ဒါကြောင့် သင်ခန်းစာတွေကို ပျင်းစရာမကောင်းဘဲ ပျော်စရာကောင်းအောင် သင်ကြားပေးဖို့အတွက် ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

သင်္ချာ [Mathematics] ကို သင်ရင် ဒီ Formula ကို ဒီလိုတွက်ဆိုပြီးပဲ သင်ပေးလို့မရပါဘူး။ သင်္ချာဂဏန်းတွေကို ခံစားမှုနဲ့ပါသင်ကြားဖို့ လိုအပ်ပါတယ်။

  • ကလေးတွေကို စက်ဝိုင်းပုံဆိုင်းဘုတ်ကိုင်ခိုင်းပြီး စက်ဝိုင်းအဖွဲ့ ဖွဲ့ခိုင်းတာ၊ ထောင့်မှန်နဲ့ ထောင့်ကျန် ကွာခြားချက်ကို ခန္ဓာကိုယ်နဲ့ ကွေးညွှတ်ပြသခိုင်းတာမျိုး လုပ်ပေးနိုင်ပါတယ်။
  • စက္ကူခေါက်ခြင်း၊ ပုတီးစေ့များ၊ အရောင်စုံပိတ်ဆို့တုံးလေးများ၊ Lego အတုံးလေးတွေကို အသုံးပြုပြီး ပေါင်းခြင်း၊ နုတ်ခြင်းကို လက်တွေ့ပြသပေးနိုင်ပါတယ်။

ဒါမှ ကလေးတွေဟာ ဂဏန်းတွေကို စိတ်ကူးနဲ့ တွက်တာထက် လက်တွေ့ကိုယ်တိုင် ရေတွက်ရင်း ပိုမိုနားလည်နိုင်ပါတယ်။

Language ပိုင်းတွေကို သင်ပေးတဲ့အခါ အက္ခရာတွေကို ကိုယ်ခန္ဓာနဲ့ ပုံဖော်ပြီး မှတ်ခိုင်းတာမျိူး၊

‘က’ ဆိုရင် ဘယ်လိုကွေးမလဲ၊ ‘ခ’ ဆိုရင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုးကို ကစားခိုင်းနိုင်ပါတယ်။

ပုံပြင်တွေ၊ ဇာတ်လမ်းတွေအတွက်လည်း Role Play သရုပ်ဆောင်ခိုင်းပါ။ 

  • ပုံပြင်ထဲက ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေ၊စကားပြောဟန်တွေကို အတုယူပြီး သရုပ်ဆောင်ခိုင်းလိုက်တာက ဇာတ်လမ်းကို ပိုမိုနားလည် မှတ်မိစေပါတယ်။
  • သမိုင်းထဲက အရေးပါတဲ့ဖြစ်ရပ်တွေကို ဇာတ်တိုက်ခိုင်းတာ၊ ပုံစံငယ်တွေ ပြုလုပ်ခိုင်းတာမျိုး လုပ်ပေးနိုင်ပါတယ်။

Science အပိုင်းတွေကို လေ့လာစေဖို့ ပန်းပွင့်၊ သစ်ရွက်၊ ကျောက်ခဲတွေကို ကိုယ်တိုင် လက်တွေ့ကိုင်တွယ် စစ်ဆေးခိုင်းပါ။

  • အရောင်ရောစပ်တဲ့ လက်တွေ့စမ်းသပ်မှုတွေ လုပ်ပေးတာမျိုးဟာ ကလေးတွေအတွက် သိပ္ပံကို ပိုမိုစိတ်ဝင်စားလာစေပါတယ်။
  • စမ်းသပ်ခန်း ဖန်တီးပေးထားတာမျိုး၊ ရိုးရှင်းတဲ့ ဓာတ်ကူပစ္စည်းလေးတွေ [ဥပမာ ~ မုန့်ဖုတ်ဆိုဒါ၊ ရှာလကာရည်] သုံးပြီး မီးငြိမ်းသတ်တဲ့ စမ်းသပ်ချက်လေးတွေ သင်ကြားလုပ်ပြခိုင်းတာပါ။

အထက်တန်းအရွယ်၊ တက္ကသိုလ်ကျောင်းသားတို့ ကိုယ်တိုင်လေ့လာနိုင်မယ့် နည်းလမ်းတွေ

  • အရွယ်ရောက်လာတာနဲ့အမျှ သင်ယူရမယ့် အကြောင်းအရာတွေက ပိုမိုရှုပ်ထွေးနက်နဲလာပါတယ်။ ဒီလိုအချိန်မှာ Kinesthetic Learning နည်းလမ်းတွေကို ဘယ်လို အသုံးချနိုင်မလဲ?

Mind Mapping ချရေးတာမျိုးလုပ်ပါ။

  • စာရွက်ကြီး၊ Poster အဖြူကြီးတွေပေါ်မှာဖြစ်ဖြစ် ခေါင်းထဲကစဉ်းစားထားတဲ့ဟာတွေကို စာလုံးတွေ၊ ပုံတွေ၊ မြားတွေနဲ့ ချိတ်ဆက်ပြီး စိတ်ကူးပုံဆွဲပါ။ Concept တစ်ခုလုံးကို အရောင်တွေသုံးပြီး ဆွဲထုတ်ပါ။ ဒီလိုလေ့လာခြင်းက ဦးနှောက်ကို လှုံ့ဆော်ပေးပြီး စုစုစည်းစည်း မှတ်မိနားလည်လွယ်စေပါတယ်။

Self-Teaching လုပ်ကြည့်ပါ။ 

  • သင်ယူထားတဲ့အကြောင်းအရာတွေကို မှန်ရှေ့မှာဖြစ်စေ၊ သူငယ်ချင်းတစ်ယောက်ကိုဖြစ်စေ ဆရာတစ်ယောက်လို ပြန်လည်ရှင်းပြကြည့်ပါ။ သင်ပြနေစဉ်မှာ လက်အမူအရာတွေ၊ လှုပ်ရှားမှုတွေ အသုံးပြုမယ်ဆိုရင် နားလည်မှုကို ပိုပြီးခိုင်မာစေပါတယ်။

Theory တွေကို Real World Applied လုပ်ပါ။

စီးပွားရေးဘာသာကို သင်ယူနေသူလား?

  • ကိုယ်ပိုင် Project သေးသေးလေး စတင်လုပ်ဆောင်ကြည့်ပါ။ 

ဘာသာစကားကို သင်ယူလေ့လာနေသူလား?

  • အဲ့ဒီ ဘာသာစကားကို ပြောတဲ့လူတွေနဲ့ တွေ့ဆုံပြီး စကားပြောလေ့ကျင့်ပါ။

ဆိုတော့ ကျောင်းမှာ သင်လိုက်တဲ့ Theory တွေကို လက်တွေ့ဘဝမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာ စဉ်းစားပါ။သင်ယူမှုပတ်ဝန်းကျင်ကို ပြောင်းလဲပါ။

တစ်နေရာတည်းမှာပဲ အာရုံစိုက်မရဘူးဆိုရင် နေရာပြောင်းပါ။ 

  • စာကြည့်ခုံမှာ မတ်တပ်ရပ်ပြီးဖတ်တာ၊ ပန်းခြံထဲမှာ ထိုင်ပြီးဖတ်တာမျိုး လုပ်ပါ။ Content Writer တွေဆို တိတ်ဆိတ်တဲ့ Coffee ဆိုင်မှာထိုင်ရေးရင် Creation ဖြစ်တယ်လို့ဆိုပါတယ်။
  • ဒါကြောင့် လှုပ်ရှားမှုနဲ့အတူ ပတ်ဝန်းကျင်ပြောင်းလဲခြင်းက ဦးနှောက်ကို လန်းဆန်းစေပါတယ်။

ပြန်ချုပ်ရမယ်ဆိုရင် Kinesthetic Learning ဆိုတာ လှုပ်ရှား၊ ခံစား၊ သင်ယူခြင်းပဲ ဖြစ်ပါတယ်။ အခုပြောပြသွားတဲ့ နည်းလမ်းလေးတွေက ဆရာတွေရော၊ ကျောင်းသားတွေအတွက်ပါ အကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်။

သင်ယူတာကို ထိုင်ခုံမှာပဲ ငြိမ်ငြိမ်ထိုင်ပြီး ဖတ်ရှုရတာမျိုးထက် လှုပ်ရှားမှု၊ စမ်းသပ်မှုနဲ့ ပျော်ရွှင်မှုကို ခံစားရင်း သင်ယူချင်တယ်ဆိုရင်တော့ Hype Think Education က ဖွင့်တဲ့ သင်တန်းတွေကို လာတတ်လိုက်တော့နော်

ပညာရေးမှာ ခေတ်နောက်ကျမကျန်ခဲ့ချင်ရင်တော့ Hype Think Academy နဲ့ Hype Think Education Page တွေကို Follow လုပ်ထားဖို့တော့ လိုတာပေါ့နော်။

Content Writer Zar Chi Win

Graphic

Share your love : ❤️