Learn Korean Vocabulary Through K-pop Lyrics

သင်က K-pop ကို နားထောင်ရတာကြိုက်တဲ့အပြင် ကိုရီးယား ဘာသာစကားကိုလည်း လေ့လာနေတဲ့သူတစ်ယောက် ဖြစ်နေတာလား? ဒါဆိုရင် ကိုရီးယားဘာသာစကားကို အမြန်တတ်မြောက်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ K-pop သီချင်းတွေကို နားထောင်ရင်း ဘာသာစကားလေ့လာတာက အရမ်းကို အသုံးဝင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

Share your love : ❤️

ဝေါဟာရအသစ်တွေကို Kpop သီချင်းတွေနားထောင်ရင်း လေ့လာကြမယ် 

သင်က K-pop ကို နားထောင်ရတာကြိုက်တဲ့အပြင် ကိုရီးယား ဘာသာစကားကိုလည်း လေ့လာနေတဲ့သူတစ်ယောက် ဖြစ်နေတာလား? ဒါဆိုရင် ကိုရီးယားဘာသာစကားကို အမြန်တတ်မြောက်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ K-pop သီချင်းတွေကို နားထောင်ရင်း ဘာသာစကားလေ့လာတာက အရမ်းကို အသုံးဝင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ သီချင်းနားထောင်ရင်း အသစ်အသစ်သော ဝေါဟာရတွေ၊ အသံထွက်တွေနဲ့ စကားပြောပုံစံတွေကို လေ့လာနိုင်ပါတယ်။

K-pop နားထောင်ရင်း ကိုရီးယားစာလေ့လာတာက တကယ်အကျိုးရှိနိုင်လား?

ဘာသာစကားလေ့လာခြင်းဆိုတာ သင်တန်းထဲမှာ ဖတ်စာအုပ်ကိုပဲသင်ပြီး စကားလုံးတွေကို မှတ်နေရတာမျိုး မဖြစ်သင့်ပါဘူး။ စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး လေ့လာမှသာ တကယ်ကောင်းတဲ့ရလဒ်တွေ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ကိုယ်က K-pop ကိုတကယ်ကြိုက်တယ်ဆိုရင်တော့ သီချင်းတွေကို နားထောင်ရင်း ကိုရီးယားဘာသာစကားကိုလေ့လာတာက တကယ်အသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်လာပါလိမ့်မယ်။

K-pop သီချင်းတွေကို နားထောင်ရင်း ကိုရီးယားဘာသာစကားကို လေ့လာခြင်းက သီချင်းထဲကစကားလုံးတွေအပြင် ကိုရီးယားရဲ့ယဉ်ကျေးမှုကိုပါ နားလည်သိရှိလာဖို့အတွက် များစွာအကျိုးရှိစေပါတယ်။ ဒါကြောင့် Hype Think Academy ကနေ K-pop သီချင်းနားထောင်ရင်းနဲ့ ဝေါဟာရအသစ်တွေကို ဘယ်လိုလေ့လာနိုင်မလဲဆိုတာကို တစ်ပုံချင်းစီအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။  

K-pop ဆိုတာဘာလဲ?

K-pop [케이팝 – Keipap] ဆိုတာကတော့ Korean Popular Music ဖြစ်ပြီး ကိုရီးယားနိုင်ငံမှာ လူကြိုက်အများဆုံး ဂီတအမျိုးအစားတစ်ခုဖြစ်ပါတယ်။ K-pop ရဲ့စတင်မှုတွေဟာ [1990] ပြည့်နှစ်က 서태지와 아이들 [Seo Taiji and Boys] ဆိုတဲ့အဖွဲ့က ကိုရီးယားရိုးရာဂီတနဲ့ နိုင်ငံတကာဂီတစတိုင်တွေကို ပေါင်းစပ်ဖန်တီးမှုကနေ စတင်ခဲ့တာဖြစ်ပါတယ်။ [1996] ခုနှစ်မှာတော့ H.O.T. ဆိုတဲ့ Boy Band က လူကြိုက်များလာပြီး သူတို့ကပဲ 아이돌 문화 [Aidol Munhwa – Idol Culture] ဆိုတဲ့ ပရိတ်သတ်အခြေပြု ယဉ်ကျေးမှုတစ်ခုကို စတင်ခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ K-pop ဟာ တခြားအာရှနိုင်ငံများသို့ ဖြန့်ကျက်လာခဲ့ပြီး တရုတ်မှာ NRG၊ ဂျပန်မှာ BoA တို့လို အနုပညာရှင်တွေက သီချင်းတွေ၊ အကတွေနဲ့အတူ နိုင်ငံတကာမှာ လူသိများလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှစပြီး Big Bang,2ne1,SNSD တို့လို အဖွဲ့ကြီးတွေက နိုင်ငံတကာအဆင့်ကို စတင်တက်လှမ်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။ 

ယနေ့ခေတ်မှာ K-pop ရဲ့ အာနိသင်

ယနေ့ခေတ်မှာတော့ K-pop ဟာ တစ်ကမ္ဘာလုံးကို လှုပ်ရှားစေတဲ့ ယဉ်ကျေးတဲ့လှုပ်ရှားမှုတစ်ခုဖြစ်လာပြီပဲဖြစ်ပါတယ်။ EXO, Blackpink, BTS, Twice တို့လို အဖွဲ့ကြီးတွေအနေနဲ့ Billboard စာရင်းထိပ်ဆုံးတွင် အမြဲနေရာယူနေကြပြီး အရောင်းအများဆုံး Album တွေနဲ့အတူ ကမ္ဘာတဝှမ်းမှပရိတ်သတ်များကိုလည်း ရရှိလာနိုင်ခဲ့ပါတယ်။ Fan တွေကလည်း Concert တွေကို တက်ရောက်နိုင်ဖို့အတွက် အပြေးအလွှားလက်မှတ်တွေဝယ်ကြတာကြောင့် စာရင်းပြည့်နေတဲ့ World Tour တွေဖြစ်လာပြီး K-pop ရဲ့ တကယ့်လှုပ်ရှားမှုကို ဖော်ပြနေကြတာပဲဖြစ်ပါတယ်။ 

သီချင်းနားထောင်ပြီး ဝေါဟာရအသစ်တွေကို ဘယ်လိုလေ့လာကြမလဲ? 

အသံထွက်ရှင်းရှင်းလင်းလင်းရှိတဲ့ သီချင်းတွေကနေ စတင်ပါ။

ဘာသာစကားတစ်ခုကို နားထောင်ပြီးလေ့လာတဲ့အခါမှာ အသံထွက်ကအရမ်းအရေးကြီးပါတယ်။ အဆိုတော်ရဲ့အသံထွက်ရှင်းရှင်းလင်းလင်းနဲ့ဆိုထားတာမျိုးတွေကတော့ စကားလုံးအသစ်တွေကို ပထမဆုံးကြားတဲ့အခါမှာ နားထဲမှာစွဲလွယ်စေပါတယ်။ ဥပမာ : IU, AKMU, Taeyeon တို့ရဲ့ သီချင်းတွေက အသံထွက်ကောင်းပြီး အသုံးများတဲ့ ဝေါဟာရတွေပါဝင်ပါတယ်။

စကားလုံးရိုးရှင်းပြီး ထပ်ခါတလဲလဲအသုံးပြုထားတဲ့ သီချင်းတွေကို ရွေးချယ်ပါ။

ပထမဆုံးစတင်တဲ့အခါမှာ စကားလုံးနည်းနည်းနဲ့ တည်ဆောက်ထားတဲ့ သီချင်းတွေကို စတင်နားထောင်တာက ကောင်းတဲ့စတင်ခြင်းပဲဖြစ်ပါတယ်။ Chorus မှာ ထပ်ခါတလဲလဲပြန်ဆိုနေတဲ့ စကားလုံးတွေက ကိုယ့်ကို နားထောင်ရင်းနဲ့ အလိုအလျှောက် မှတ်မိသွားစေနိုင်ပါတယ်။ 

မတူညီတဲ့ K-pop ဂီတအမျိုးအစားအမျိုးမျိုးနဲ့လည်း ရင်းနှီးကြည့်ပါ။

K-pop ဆိုတာက တစ်မျိုးတည်းပဲ မဟုတ်တာကြောင့်  Ballad, Hip-hop, R&B, EDM စတဲ့ မတူညီတဲ့ သံစဉ်နဲ့ အမျိုးအစားတွေမှာ သုံးတဲ့ စကားလုံးနဲ့ အသုံးအနှုန်းကလည်း မတူကြပါဘူး။ သီချင်းတွေကို အမျိုးအစားကွဲကွဲပြားပြားနားထောင်တာက ကိုယ့်ကို စကားလုံးအသစ်အများကြီးနဲ့ ထိတွေ့စေနိုင်ပြီး အသုံးအနှုန်းကွဲပြားမှုကိုလည်း မြင်စေနိုင်တာမို့လို့ ဝေါဟာရအသစ်တွေကို လေ့လာရာမှာအထောက်အကူဖြစ်လာစေနိုင်ပါတယ်။

သီချင်းစာသား [Lyrics] နဲ့ ဘာသာပြန်ကို ရှာဖတ်ပါ။

သီချင်းကို နားထောင်ရင်း Korean Lyrics [한글 가사] နဲ့ အင်္ဂလိပ်ဘာသာပြန်ကို တပြိုင်နက်ဖတ်ရှုကြည့်ခြင်းက အဓိပ္ပာယ်နားလည်မှုအတွက် အရမ်းကို အထောက်အကူဖြစ်ပါတယ်။ တချို့သော Website တွေမှာတော့ Lyrics နှစ်မျိုးကို တစ်ခါတည်းဖော်ပြပေးထားတာတွေရှိလို့ စကားလုံးတွေရဲအဓိပ္ပါယ်ကို တိတိကျကျ နားလည်လာနိုင်တာကြောင့် သီချင်းတစ်ပုဒ်ရဲ့ Theme၊ Mood၊ Feeling တွေကိုပါ ခံစားနိုင်လာပါတယ်။

မသိသေးတဲ့ စကားလုံးတွေကို Highlight လုပ်ပြီး မှတ်သားထားပါ။

သီချင်းနားထောင်ပြီး နားမလည်သေးတဲ့ စကားလုံးတွေကို သီးခြားမှတ်သားထားခြင်းက တဖြည်းဖြည်း vocabulary တိုးတက်လာအောင် ကူညီပေးပါတယ်။ အဓိပ္ပာယ်မသိသေးတဲ့စကားလုံးတွေကို Notebook တစ်ခုခုမှာ စနစ်တကျ မှတ်သားထားလိုက်တာက အဲ့စကားလုံးတွေကို ထပ်မံကြားရတဲ့အခါ ပိုပြီးမှတ်မိလွယ်စေပါတယ်။ 

အဓိပ္ပါယ်နဲ့ အသံထွက်ကို စနစ်တကျ လေ့လာပါ။

သီချင်းနားထောင်ရင်း Highlight လုပ်ထားတဲ့ စကားလုံးတွေကို တကယ်တမ်းနားလည်ဖို့ဆိုရင်  Korean-English Dictionary တွေကို အသုံးချခြင်းက အရေးကြီးပါတယ်။ Naver Dictionary နဲ့ Daum Dictionary တို့က သုံးဖို့အထူးသင့်တော်ပါတယ်။ အခုလိုအဘိဓာန်တွေကို သုံးပြီး စကားလုံးတစ်လုံးကို လေ့လာတဲ့အခါမှာ ဒီအချက်တွေကို အထူးဂရုပြုဖို့လိုပါတယ်။

Infinitive Form [မူရင်းပုံစံ]

Korean Verb တွေဟာ သီချင်းထဲမှာ မူရင်းပုံစံနဲ့ မဟုတ်ဘဲ 변화 [Conjugation] ပြုလုပ်ထားတာများပါတယ်။ ဥပမာ – “갔어” ဆိုတာ “가다” [သွားသည်] ဆိုတဲ့ Infinitive Form ရဲ့ 과거형 [အတိတ်ပုံစံ] ဖြစ်တာမို့လို့ မူရင်းပုံစံကို သိထားမှသာ Dictionary မှာရှာဖွေနိုင်မှာဖြစ်ပါတယ်။

Part of Speech [နာမဝိသေသန၊ ကြိယာစသဖြင့် အမျိုးအစား]

တစ်လုံးတည်းသော စကားလုံးတစ်လုံးဟာ နေရာမတူရင် အဓိပ္ပါယ်မတူနိုင်တာတွေရှိပါတယ်။ ဥပမာ – “사랑” ဆိုတာ Noun ဖြစ်နိုင်သလို, Verb အဖြစ် “사랑하다” ဆိုပြီး အသုံးပြုနိုင်ပါတယ်။ ဒီလိုမျိုး Part of Speech ကို သေချာနားလည်ခြင်းက Context မှန်မှန်နဲ့ အသုံးပြုနိုင်ဖို့အတွက် မဖြစ်မနေနဲ့ လိုအပ်ပါတယ်။

발음 [အသံထွက်]

한글 [Korean characters] တွေက အသံထွက်အရ တစ်ခါတလေမှာ လုံးဝမတူတာတွေရှိပါတယ်။ ဥပမာအနေနဲ့ဆိုရင် “좋아” ဆိုတဲ့စကားလုံးမှာ “ㅎ” က Silent ဖြစ်ပြီး “조아” လို့အသံထွက်ပါတယ်။ ထို့ကြောင့် 발음 ကို Dictionary ထဲမှာ ကြည့်ဖို့ အရေးကြီးပါတယ်။

ကိုယ့်အသံနဲ့ ထပ်ဆိုကြည့်ပါ။ [Sing Along and Record Yourself]

သီချင်းကို အရင်ဆုံး နားထောင်ပြီးမှ ကိုယ့်အသံနဲ့ ထပ်ဆိုကြည့်ပါ။ 💿 သီချင်းစာသားအတိုင်း မှန်ကန်စွာ စကားလုံးတွေကို ထပ်ဆိုဖို့ကြိုးစားကြည့်ပြီး ကိုယ့်အသံကို Phone၊ Tablet [ဒါမှမဟုတ်] Computer နဲ့ မှတ်တမ်းတင်ထားပါ။ မူလသီချင်းနဲ့ ကိုယ့်အသံကို နှိုင်းယှဉ်ကြည့်ပြီး အသံထွက်၊ စကားလုံးတွေကို သေချာသတိပြုပါ။ ဒီနည်းလမ်းက အသံထွက်ကို တိုးတက်အောင် ပြုပြင်ပေးပြီး စကားလုံးအသစ်များကို သတိထားလေ့လာရန် အထောက်အကူဖြစ်စေပါတယ်။

ကိုရီးယားယဉ်ကျေးမှုနဲ့ အနုပညာလောကကို နားလည်အောင် လုပ်ပါ။ [Understand Korean Culture and Context]

K-pop သီချင်းတွေထဲက ဝေါဟာရအသစ်တွေကို သင်ယူသလိုပဲ သီချင်းစာသားနဲ့ သက်ဆိုင်တဲ့ ကိုရီးယားယဉ်ကျေးမှု၊ အနုပညာလောက၊ လူမှုရေးအကြောင်းအရာများကိုလည်း နားလည်သိရှိဖို့ အရေးကြီးပါတယ်။ ယဉ်ကျေးမှုနောက်ခံကို သိရှိမှုက စကားလုံးတစ်လုံးတစ်လုံးရဲ့ အဓိပ္ပာယ်နက်နဲမှုကို ပိုမိုနားလည်စေပြီး ဘာသာစကားနဲ့ ပိုမိုချိတ်ဆက်ပြီး သဘောပေါက်စေပါတယ်။

သီချင်းရဲ့ အကြောင်းအရင်း [Background]၊ ရေးသားသူ၊ သီဆိုသူတို့ရဲ့ ဇာတ်လမ်းနောက်ခံကို ရှာဖွေဖတ်ရှုပါ။ K-pop Idol များရဲ့ ကိုယ်ရေးအကျဉ်း၊ အနုပညာလက်ရာ၊ သမိုင်းနောက်ခံများကိုလေ့လာခြင်းက သီချင်းစာသားရဲ့ ပိုမိုနက်နဲတဲ့ အဓိပ္ပာယ်များကို သိရှိစေနိုင်ပါတယ်။

K-Drama တွေနဲ့ကိုရီးယားစာပေတွေကိုလည်း ပေါင်းစပ်လေ့လာမယ်ဆိုရင်  ယဉ်ကျေးမှုနဲ့ ဘာသာစကားကို ပိုမိုနက်နဲစွာ နားလည်လာစေနိုင်ပါတယ်။ ယဉ်ကျေးမှုနောက်ခံနားလည်မှုက စကားလုံးအသုံးအနှုန်း၊ စကားပြောပုံစံ၊ နှင့် သဘောထားတွေကို ပိုမိုကျယ်ပြန့်စွာ လေ့လာနိုင်စေပါတယ်။

[ Conclusion ]

K-pop သီချင်းတွေက စိတ်ဝင်စားမှုကိုဖြစ်စေသလို ကိုရီးယားယဉ်ကျေးမှုနဲ့ ဘာသာစကားကိုပါ တစ်ပြိုင်နက်တည်းနားလည်လာနိုင်စေတဲ့ သင်ယူနည်းပဲဖြစ်ပါတယ်။ သီချင်းထဲက ဝေါဟာရအသစ်တွေကို နားထောင်ရင်း၊ အသံထွက်နဲ့ သဒ္ဒါကို နားထောင်မှတ်သားပြီး ကိုယ့်အသံနဲ့ပါဆိုကြည့်တာက “Speaking & Listening” စွမ်းရည်ကို တကယ်တိုးတက်စေမှာပဲဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်နဲ့ စကားလုံး [5] လုံး သင်ယူနိုင်တယ်ဆိုရင် တစ်ပတ်မှာ အလုံး [30]၊ တစ်လမှာ အလုံး [120] တောင် နားထောင်ရင်းနဲ့ လေ့လာနိုင်မှာပဲဖြစ်ပါတယ်။

နောက်ထပ်လည်း Hype Think Acadamy ကနေ လူငယ်တွေအတွက် ဘာသာစကားသင်တန်းတွေကို အခမဲ့ဖွင့်လှစ်ပေးနေသလို ဗဟုသုတရစေတဲ့အကြောင်းအရာတွေ၊ ဘာသာစကားသင်ယူနိုင်မယ့်အခွင့်အလမ်းတွေ၊ ဘာသာစကားလေ့လာရာမှာအထောက်အကူဖြစ်စေမယ့် Tip တွေကို မျှဝေပေးသွားမှာမို့လို့ Follow လုပ်ခဲ့ဖို့ အမှာစကားပါးချင်ပါတယ်။

Content Writer Saw Yu Nwe

Graphic

Share your love : ❤️