Let’s develop our brain and skills with chess

Chess (သို့) စစ်တုရင်ဆိုတာက Logic နဲ့ နည်းဗျူဟာတွေကို အခြေခံပြီး အသက်အရွယ်မရွေး ကစားသမားတွေရဲ့ ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ အလုပ်လုပ်နိုင်စွမ်းတွေကို တိုးတက်အောင် လုပ်ပေးနိုင်တဲ့ ကစားနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။

Share your love : ❤️

Introduction

Chess (သို့) စစ်တုရင်ဆိုတာက Logic နဲ့ နည်းဗျူဟာတွေကို အခြေခံပြီး အသက်အရွယ်မရွေး ကစားသမားတွေရဲ့ ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ အလုပ်လုပ်နိုင်စွမ်းတွေကို တိုးတက်အောင် လုပ်ပေးနိုင်တဲ့ ကစားနည်းတစ်မျိုးပဲ ဖြစ်ပါတယ် ဒီကစားနည်းကို ကစားလို့ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

1) Exercising brain

သူက ဦးနှောက်ရဲ့ နှစ်ဖက်စလုံးကိုက အလုပ်လုပ်စေတယ်။ ကစားနေတဲ့ အချိန်အတွင်းမှာ ကစားသမားက ကစားကွက်တွေ Logic တွေ အမြင်နဲ့ ဝေဖန်ပိုင်းခြားပြီး ဆုံးဖြတ်နိုင်စွမ်းတွေအပါအဝင် မှတ်ဉာဏ်ကိုပါ အလုပ်လုပ်စေပါတယ်။ ဒီစစ်တုရင်က ကစားသမားရဲ့ ဦးနှောက်ကို တက်ကြွစေပြီးတော့ ဘဝတစ်လျှောက်လုံး ထက်မြက်စေပါတယ်။

2) Cognitive skills, awareness of consequences of actions

ကစားသမားတွေက ပွဲတစ်ခုစီတိုင်းကို အနိုင်ရဖို့ အမျိုးမျိုးသော စိန်ခေါ်မှုတွေ ပြဿနာတွေကို ကျော်လွှားရပါမယ်။ အဲ့ဒါက သူတို့ရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ အစီအစဉ်ချနိုင်စွမ်း ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေ ခံယူချက်စွမ်းရည်တွေကို မြှင့်တင်ပေးပြီးတော့ ကစားသမားတွေကို အလျင်စလို မလုပ်ဘဲ နောက်လာမဲ့ အကွက်တွေကို ကြိုတင်စီစဉ်နိုင်စေသလို သူတို့ ရွေးချယ်မှုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သုံးသပ်ပြီး ရှုပ်ထွေးတဲ့ နည်းဗျူဟာတွေ ထုတ်သုံးရင်း အကောင်းဆုံး လုပ်နိုင်စေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင်တော့ အလျင်စလို လှုပ်ရှားတာက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို မှားယွင်းသွားစေနိုင်ပါတယ်။ ဒီလိုနည်းနဲ့ လူငယ်ကစားသမားတွေကို သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ရွေးချယ်မှုတွေရဲ့ ကောင်းတဲ့ ဆိုးတဲ့ အကျိုးဆက်တွေကို နားလည်သဘောပေါက်လာစေပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေလိုပဲပေါ့ ကျွန်တော်တို့လည်း  ကောင်းမွန်တဲ့ ရလဒ်တွေ ရဖို့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချကြတယ်လေ။

3) Concentration

သူက စည်းကမ်းနဲ့ အာရုံစူးစိုက်မှုကို တိုးတက်လာစေဖို့လည်း ကူညီပေးတယ်။ အာရုံစူးစိုက်မှုမရှိရင် နောက်ရွှေ့မဲ့ အကွက်တွေနဲ့ နည်းဗျူဟာကို စဉ်းစားရတာ အခက်အခဲဖြစ်သွားစေတယ်။ စိတ်က ကိုယ်သုံးရမဲ့ နည်းဗျူဟာနဲ့ ပတ်သက်ပြီး စဉ်းစားလို့ရှိရင် အာရုံစူးစိုက်လာနိုင်တယ်။ တစ်ခုတည်းကို အာရုံစိုက်နိုင်တဲ့ အကျင့်ရှိတာက နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေ Interview တွေ စာမေးပွဲတွေ Deadline တွေ စတာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တော်တော်လေး အသုံးဝင်ပါတယ်။

4) Personal development, building resilience and confidence

ဒီကစားနည်းက ရှုံးနိမ့်ပြီး လဲကျသွားရင်တောင်မှ ပြန်ထလာနိုင်ဖို့အတွက်ကို သင်ပေးတယ်။ အနိုင်ရတယ်ဆိုတာ ဘဝမှာ အရေးပါပေမဲ့ ရှုံးနိမ့်သွားတာကို လက်ခံနိုင်ဖို့ကလည်း အရေးကြီးတယ်။ ကိုယ်က ရှုံးနိမ့်သွားခဲ့တယ်ဆိုရင် အားစိုက်ထုတ် အချိန်ယူပြီး အမှားကို ဆန်းစစ် အားနည်းချက်ကို ရှာ ပြီးရင် ရအောင် ကျော်ဖြတ်။ ဒါက ကစားသမားတွေကို ရှုံးနိမ့်ခြင်းကနေ သင်ခန်းစာယူပြီး တိုးတက်လာအောင် ကူညီပေးတယ်။ ကျွန်တော်တို့ ဘဝမှာလည်း ရှုံးနိမ့်ပြီး လဲကျသွားခဲ့ရင် ပြန်ထပြီး အသိဉာဏ်ပိုရှိရှိ ပိုပြီး သန်သန်မာမာနဲ့ ပြန်ထလာနိုင်ဖို့ လိုအပ်တယ်။ ဒီလိုမျိုး ထပ်ခါ ထပ်ခါ ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်တာက ခံနိုင်စွမ်းနဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ အကူအညီဖြစ်စေတယ်။

5) Stress management

ပြီးတော့ ဒါက ကစားသမားတွေကို စိတ်ဖိစီးနေရင်တောင်မှ စိတ်အေးအေးထားတတ်လာအောင် သင်ပေးတယ်။ ကစားသမားတစ်ယောက်က အချိန်ကုန်တော့မဲ့ ကစားပွဲတစ်ခုမှာ အကောင်းဆုံးရလဒ်ကို ရဖို့ အာရုံစိုက်ထားရမဲ့အပြင် သူ့ရဲ့ ဝေဖန်နိုင်စွမ်းကို ထိန်းသိမ်းဖို့ စိတ်ငြိမ်ငြိမ်ထားပြီး သေချာစဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ စစ်တုရင်ကစားနည်းမှာလိုပဲ ကျွန်တော်တို့ကလည်း ယုံကြည်မှုရှိရှိ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

6) Creativity and originality

သူက ကစားသမားတွေရဲ့ တီထွင်နိုင်စွမ်းနဲ့ မူလပုံစံကို ထွက်ပေါ်လာအောင် လုပ်ဆောင်ပေးတယ်။ ဘာလို့လဲဆိုတော့ ကစားသမားတွေက မတူညီတဲ့ ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ဘယ်အချိန်မဆို ပြောင်းလဲနေတဲ့ ပေါင်းစပ်မှုတွေကို ပြန်တုံ့ပြန်နိုင်အောင်လို့ပေါ့။ သမားရိုးကျနည်းလမ်းတွေနဲ့ အဆင်မပြေတော့ရင် ကိုယ့်ရဲ့ ပြိုင်ဘက်ကို အာရုံလွှဲဖို့ ဖြစ်ဖြစ် တခြား နိုင်မဲ့ နည်းကို သုံးဖို့ အချိန်ဆွဲဖို့အတွက်ဖြစ်ဖြစ် တီထွင်နိုင်စွမ်းရှိနေမှ ဖြစ်မှာပါ။

Conclusion

အပေါ်မှာပြောခဲ့တဲ့ အချက်တွေကတော့ စစ်တုရင်ကစားနည်းက ကစားသမားတွေကို စွမ်းရည်တိုးတက်အောင် ကူညီပေးတဲ့ နည်းလမ်းတွေပါ။ ဒါပေမဲ့လည်း ဒါက အချိန်ကုန်ပြီး နည်းနည်းတော့ စိတ်ဖိစီးစေတတ်ပါတယ်။

Translated by Shun

Graphic Hype Think

Share your love : ❤️