Long-term Partnership : ASEAN Youth Organization – Myanmar

မြန်မာနိုင်ငံအတွင်း လူငယ်များအတွက် ASEAN နိုင်ငံများနဲ့ဆက်စပ်တဲ့ အခွင့်အလမ်းများကို ဖန်တီးပေးနေတဲ့ ASEAN Youth Organization - Myanmar အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ Hype Think Education တို့ ရေရှည်လက်တွဲပြီး အလုပ်တွေလုပ်ဆောင်သွားဖို့ Partnership Agreement စာချုပ်ကို ၂၀၂၄၊ ဇွန်လ၊ ၂၉ ရက်နေ့မှာ ချုပ်ဆိုခဲ့ပါတယ်။
Share your love : ❤️

“Hype Think Education နှင့် ASEAN Youth Organization – Myanmar တို့ ရေရှည်မိတ်ဖက်များအဖြစ် လက်တွဲခြင်း”

မြန်မာနိုင်ငံအတွင်း လူငယ်များအတွက် ASEAN နိုင်ငံများနဲ့ဆက်စပ်တဲ့ အခွင့်အလမ်းများကို ဖန်တီးပေးနေတဲ့ ASEAN Youth Organization – Myanmar အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ Hype Think Education တို့ ရေရှည်လက်တွဲပြီး အလုပ်တွေလုပ်ဆောင်သွားဖို့ Partnership Agreement စာချုပ်ကို ၂၀၂၄၊ ဇွန်လ၊ ၂၉ ရက်နေ့မှာ ချုပ်ဆိုခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ Hype Think Education ဟာဆိုရင်တော့ အရည်အသွေးပြည့်၀တဲ့ ပညာရေးကို လူငယ်တိုင်းရရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဘာသာစကားသင်တန်းများ၊ နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပေးလျှက်ရှိပြီး လက်ရှိမှာဆိုရင်လည်း လူငယ်တို့အတွက် အဘက်ဘက်ကနေ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတ‌က်‌စေဖို့ Event, Webinar တွေနဲ့ Workshop စတဲ့ အစီအစဉ်ကောင်းတွေကိုလည်း Hype Community အမည်ဖြင့် Online ရော On-ground မှာပါ ကျင်းပပြုလုပ်ပေးနေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ ဖန်းတီပေးနေတဲ့ လူငယ်အကျိုးပြု Education အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

Hype Think Education နဲ့အတူ လက်တွဲသွားမယ့် ASEAN Youth Organization – Myanmar ဟာဆိုရင်လည်း ASEAN Youth Organization ရဲ့ Chapter တစ်ခုအနေနဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေအတွက် အသိပညာ၊ ဗဟုဟုတရရှိစေမယ့် အစီအစဉ်တွေအပြင် ASEAN နိုင်ငံတွေမှာရှိတဲ့ လူငယ်တွေနဲ့ပါ အချင်းချင်းရင်းနှီးမှုရစေပြီး တိုးတက်ပြောင်းလဲစေမယ့် လုပ်ငန်းတွေကို လုပ်ဆောင်လျှက်ရှိတဲ့ လူငယ်အကျိုးပြုအဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

အခုလို လူငယ်အဖွဲ့အစည်း [၂] ခုဖြစ်တဲ့ Hype Think Education နှင့် ASEAN Youth Organization – Myanmar တို့ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံက လူငယ်တွေတိုးတက်ရေးအတွက် အကူအညီကောင်းတွေဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ ဟောပြောပွဲ၊ Webinar နဲ့ On-ground Event တွေအပြင် Workshop တွေ၊ Training တွေကို ရေရှည်လက်တွဲလုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် Hype Think Education မှာ စေတနာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ Volunteer လူငယ်တွေအတွက်ဆိုရင်လည်း အကျိုးရှိစေမယ့် အခွင့်အလမ်းကောင်းများစွာကို ရရှိစေမှာဖြစ်သလို မြန်မာနိုင်ငံအပါအဝင် ASEAN နိုင်ငံတွေက လူငယ်အချင်းချင်း Networking ချဲ့ထွင်နိုင်ခွင့်တွေကိုပါ ရယူနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Hype Think Education နှင့် ASEAN Youth Organization – Myanmar တို့ ရေရှည်လက်တွဲပြီး လူငယ်တို့အတွက် ဘယ်လိုအစီအစဉ်ကောင်းတွေကို ဖန်တီးပြုလုပ်ပေးသွားမလဲဆိုတာကို စိတ်ဝင်စားနေပြီဆိုရင်တော့ Hype Think Education ကို စောင့်မျှော်ကြည့်ရူနိုင်ပါတယ်။

Share your love : ❤️