Long-term Partnership : Citta Consultancy

မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခ၊ အခက်အခဲတွေကို ဆွေးနွေးနှစ်သိမ့်အကြံပေးသော ဝန်ဆောင်မှုတွေနဲ့ လူမှုစီးပွားတစ်ခုဖြစ်တဲ့ Citta Consultancy နဲ့ ကျွန်တော်တို့ Hype Think Education ဟာ ‘Long-term Partner’ တွေအဖြစ် ရေရှည်အတူတကွ အလုပ်တွေလုပ်ဆောင်တော့မှာပဲဖြစ်ပါတယ်။
Share your love : ❤️

“Citta Consultancy နှင့် Hype Think Education တို့ Long-term Partnership အဖြစ် ရေရှည်လက်တွဲခြင်း”

မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခ၊ အခက်အခဲတွေကို ဆွေးနွေးနှစ်သိမ့်အကြံပေးသော ဝန်ဆောင်မှုတွေနဲ့ လူမှုစီးပွားတစ်ခုဖြစ်တဲ့ Citta Consultancy နဲ့ ကျွန်တော်တို့ Hype Think Education ဟာ ‘Long-term Partner’ တွေအဖြစ် ရေရှည်အတူတကွ အလုပ်တွေလုပ်ဆောင်တော့မှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ Hype Think Education က အရည်အသွေးပြည့်ဝသော ပညာရေးကို လူငယ်တိုင်းရရှိစေရန် ပညာရေးခရီးလမ်းအတွက် အထောက်အကူဖြစ်စေမယ့် သာသာစကားသင်တန်းတွေ ၊ နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေကို သင်ကြားပို့ချပေးလျက်ရှိပြီး ယနေ့အချိန်ထိလည်း ပညာရေးကဏ္ဍတွေအပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လူမှုပတ်ဝန်းကျင်နဲ့ အသိပညာ၊ အတတ်ပညာဆိုင်ရာ ဗဟုသုတတွေ တိုးတက်စေဖို့အတွက်လည်း Event, Webinar, Workshop စတဲ့ အစီအစဉ်ကောင်းတွေကို Hype Community အမည်ဖြင့် Online ‌မှာရော On-ground မှာပါ ဖန်တီးပြုလုပ်ပေးနေတဲ့ လူငယ်အကျိုးပြုအဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။

Hype Think Education နဲ့အတူ ရေရှည်လက်တွဲသွားမယ့် ‘Citta Consultancy – Psychological Services’ ဟာဆိုရင် မိမိရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေဖြစ်တဲ့ မိသားစုရေးရာ၊ Relationship ဆက်ဆံရေး၊ အိမ်ထောင်ရေးနဲ့ လုပ်ငန်းခွင်အတွင်း လူသားအရင်းအမြစ်ဆိုင်ရာ တိုးတက်ကောင်းမွန်စေရေး စတာတွေအပြင် မိမိကိုယ်တိုင်ကြုံတွေ့ခံစားနေရတဲ့ ပဋိပက္ခများ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတာတွေနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်နေသော စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ ကျွမ်းကျင်ပညာရှင်များက ဘက်မလိုက်ဘဲ ဂရုတစိုက်နားထောင်ပြီး နှစ်သိမ့်ဆွေးနွေး Counselling ဝန်ဆောင်မှုပေးတဲ့ [Social Enterprise] လူမှုစီးပွားရေး အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

အခုလို အသိပညာကော၊ အတတ်ပညာပါ မျှဝေနေတဲ့ Hype Think Education နှင့် Citta Consultancy လူမှုအဖွဲ့အစည်း [၂] ခုတို့ ရေရှည်လက်တွဲကာ မြန်မာနိုင်ငံကလူငယ်တွေရဲ့ Mental Health ဖွံ့ဖြိုးမှုနဲ့ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အကြံပေးဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး Event ၊ Workshop ၊ Webinar တွေကို ကျင်းပပြုလုပ်သွားတော့မှာပဲဖြစ်ပါတယ်။

ဒါဆိုရင် Hype Think Education နဲ့ Citta Consultancy တို့ ရေရှည်ပူးပေါင်းပြီး လူငယ်တွေအတွက် ဘယ်လိုအစီအစဉ်ကောင်းတွေ ဖန်တီးသွားမလဲဆိုတာ စိတ်ဝင်စားရင်တော့ Hype Think Education ကို စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်။

Share your love : ❤️