“ Hype Think Education နှင့် Dive In Deep တို့ ရေရှည်မိတ်ဖက်များအဖြစ် လက်တွဲခြင်း”
Hype Think Education နှင့် Dive In Deep တို့သည် လူငယ်များ၏ နိုင်ငံတကာပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရည်မှန်းချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန်အတွက် Partnership Agreement စာချုပ်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ဒီပူးပေါင်းမှုကနေတစ်ဆင့် ဘယ်လိုလှုပ်ရှားမှုတွေကို မြင်တွေ့ရမလဲ?
နှစ်ဖက်စလုံးရဲ့ အဓိက ရည်မှန်းချက်က Study Abroad ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ထိရောက်တဲ့ အကူအညီတွေ ပေးသွားဖို့ပဲ ဖြစ်ပါတယ်။
- Educational Webinars: နိုင်ငံတကာ ပညာသင်ဆု အခွင့်အလမ်းများ၊ လျှောက်ထားပုံ အဆင့်ဆင့်နှင့် ပြင်ဆင်ရမည့် အချက်အလက်များကို အွန်လိုင်းကနေတစ်ဆင့် တိုက်ရိုက်ဆွေးနွေး မျှဝေပေးသွားပါမယ်။
- Interactive Events: ကျောင်းသားကျောင်းသူအချင်းချင်း ချိတ်ဆက်နိုင်မည့် Networking အစီအစဉ်များနှင့် ပညာရေးဆိုင်ရာ လှုပ်ရှားမှုများကို အတူတူ ဖန်တီးသွားမှာပါ။
- Skill-Building Workshops: Study Abroad အတွက် လိုအပ်သော Skillset များ၊ CV Writing နှင့် Essay Writing စသည့် လက်တွေ့အသုံးချနိုင်မည့် သင်တန်းများကို Community အချင်းချင်း ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။
- Expert Insights: နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေနဲ့ ချိတ်ဆက်ပြီး ခိုင်မာတဲ့ အကြံဉာဏ်ကောင်းတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း ရရှိနိုင်အောင် ဖန်တီးပေးသွားမှာပါ။
ဒီ Partnership ဟာ ရေတိုလှုပ်ရှားမှုတစ်ခုတည်း မဟုတ်ဘဲ၊ Study Abroad လမ်းကြောင်းကို လျှောက်လှမ်းနေကြတဲ့ လူငယ်တွေအတွက် ခိုင်မာတဲ့ တံတား တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။
Dive In Deep နဲ့ အတူတူ လက်တွဲပြီး အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ပညာရေး ဝန်းကျင်တစ်ခုကို ဖော်ဆောင်ပေးသွားဖို့ ကျွန်တော်တို့ Hype Think Education အသင့်ရှိနေပါတယ်။
ရှေ့ဆက်ပြုလုပ်သွားမယ့် Workshop နဲ့ Event တွေအကြောင်း အသေးစိတ်ကို သိရှိနိုင်ဖို့ Hype Community ကို Follow လုပ်ထားပေးပါဦးနော်


