Long-term Partnership : EdHer

Hype Community ထဲက သူငယ်ချင်းတို့အတွက် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့... လူငယ်တွေအတွက် ပိုကောင်းတဲ့ ပညာရေးအခွင့်အလမ်းတွေ ဖန်တီးပေးဖို့ Hype Think Education နဲ့ EdHer တို့အကြား Partnership Agreement ကို ၂၀၂၆ ခုနှစ်၊ မတ်လ [၃] ရက်နေ့မှာ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုကို သဘောတူခဲ့ပြီပဲ ဖြစ်ပါတယ်။

Share your love : ❤️

“ Hype Think Education နှင့် EdHer တို့ ရေရှည်မိတ်ဖက်များအဖြစ် ရေရှည်လက်တွဲခြင်း”

Hype Community ထဲက သူငယ်ချင်းတို့အတွက် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့… လူငယ်တွေအတွက် ပိုကောင်းတဲ့ ပညာရေးအခွင့်အလမ်းတွေ ဖန်တီးပေးဖို့ Hype Think Education နဲ့ EdHer တို့အကြား Partnership Agreement ကို ၂၀၂၆ ခုနှစ်၊ မတ်လ [၃] ရက်နေ့မှာ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုကို သဘောတူခဲ့ပြီပဲ ဖြစ်ပါတယ်။

‎Hype Think Education သည် Quality Learning, Study Abroad အတွက် နိုင်ငံတကာ ပညာရေး လမ်းညွှန်မှု နှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဘာသာစကားသင်တန်းများကို ကူညီထောက်ပံ့ပေးနေပြီး “Hype Think Young Learners” အမည်ဖြင့် ကလေးငယ်များအတွက် ပညာရေး အသိပညာများကို မျှဝေပေးနေတဲ့ လူမှုစီးပွါးအကျိုးပြု အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

Hype Think Education ရဲ့ ရည်ရွယ်ချက် နဲ့  EdHer ရဲ့ ရည်ရွယ်ချက်များသည် မြန်မာနိုင်ငံတွင်သာမက ASEAN မှာရှိတဲ့ ကျောင်းသား၊ကျောင်းသူတိုင်း Quality Education နဲ့ နိုင်ငံတကာရှိ ပညာရေးအခွင့်အလမ်းများအားလုံးကိုရယူနိုင်စေဖို့ ဖြစ်ပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ကျွန်တော်တို့ Hype Think Education ရဲ့ လူငယ်တွေရော၊ EdHer ရဲ့ သင်ယူသူတွေပါ အရင်ကထက် ပိုမိုခိုင်မာတဲ့ အခွင့်အလမ်းသစ်တွေကို အတူတူ ရရှိစေဖို့အတွက် ရည်ရွယ်ပါတယ်။

Hype Think Education နဲ့ EdHer တို့ Long-term Partnership လုပ်ဆောင်ခြင်းအားဖြင့် ဘာတွေ ရလာမလဲ?

  • Scholarship နှင့် ပတ်သက်သည့် တိကျသေချာသော အချက်အလက်များကို အချိန်နှင့်တပြေးညီ ပူးပေါင်းမျှဝေပေးခြင်း
  • လူငယ်များအတွက် အမှန်တကယ် လိုအပ်နေသည့် ဗဟုသုတနှင့် ကျွမ်းကျင်မှုများ ရရှိစေဖို့ Webinar, Event ပွဲများကို အတူတကွ ပူးပေါင်းကျင်းပခြင်း
  • Hype Think Education မှ ဖွင့်လှစ်သော ဘာသာစကားသင်တန်းများကို EdHer မှ သင်ယူသူများအတွက် ဦးစားပေးအနေဖြင့် တက်ရောက်ခွင့် ရရှိစေခြင်း

နောက်ထပ် အသစ်သစ်သော စိတ်လှုပ်ရှားစရာ အစီအစဉ်များကို သိရဖို့ Hype Think Education Page ကို စောင့်ကြည့်ပေးပါဦးနော်

Share your love : ❤️