LUN & SOL Mascots Announcement

LUN နဲ့ SOL က “ညနဲ့နေ့၊ လနဲ့နေ” လိုပဲ မတူညီပေမယ့် တစ်ယောက်နဲ့ တစ်ယောက် Balance ဖြစ်အောင် အချင်းချင်း ထိန်းညှိဆောင်ရွက်ပေးမယ့် Hype Think Education ရဲ့ Official Mascot တွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Share your love : ❤️

Hype Think ရဲ့ အရမ်းကိုမှ ချစ်စရာကောင်းတဲ့ သူငယ်ချင်းအသစ်တွေကို တွေ့ဖို့ အဆင့်သင့်ဖြစ်ကြပြီလား?

ဒီနေ့မှာတော့ Hype Think Education ရဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်း Mascot တွေဖြစ်တဲ့ LUN နဲ့ SOL ကို မိတ်ဆက်ပေးချင်ပါတယ်။ သူတို့ကတော့ သင်ယူချင်စိတ်ရှိတဲ့လူငယ်တွေ၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားနေတဲ့လူငယ်တွေကို ကိုယ်စားပြုဖန်တီးထားတဲ့ Friendly Mascot တွေ ဖြစ်ပါတယ်။

ဒါ့အပြင် LUN နဲ့ SOL က သင်ယူမှုဆိုတာ ပျော်ရွှင်စရာဖြစ်သလို လူတိုင်းပါဝင်နိုင်တဲ့ အခွင့်အလမ်းအပြည့်ရှိရမယ်ဆိုတဲ့ Hype Think Education ရဲ့ Mission ကို ကိုယ်စားပြု ဖော်ပြနေတဲ့ Mascot တွေလည်း ဖြစ်နေပါသေးတယ်နော်။

ဒါဆိုရင် LUN နဲ့ SOL မှာ ဘယ်လိုမျိုး ချစ်စရာကောင်းပြီး Motivate ဖြစ်စေမဲ့ Personality တွေရှိမလဲ၊ ပြီးတော့ Hype Think Education မှာ သင်တို့နဲ့အတူတူ ဘယ်လိုပါဝင်သွားမလဲဆိုတာကိုတော့ တစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ရှုကြရအောင်။

LUN & SOL Mascots Project ကို စတင်အကြံဉာဏ်ပေးခဲ့တဲ့ Marketing Team Member Ma Shwe Sin Oo နဲ့ Design ကို ဖန်တီးပေးခဲ့တဲ့ Ma Wathone Oo ကို အထူးကျေးဇူးတင်ပါတယ်။ ဒါ့အပြင် Ko Aung T Tant, Ma Khine Wutt Hmone နဲ့ Marketing Team တစ်ခုလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုပါတယ်။

ဒါကြောင့် LUN နဲ့  SOL က Mascot ဖြစ်ရုံတင်မကဘဲ ရှေ့လာမယ့်နေ့ရက်တွေမှာ Educational Content တွေ၊ Event နဲ့ Campaign တွေမှာပါ LUN နဲ့ SOL က ကျောင်းသားတွေ၊ လူငယ်တွေနဲ့အတူ လေ့လာသင်ယူနေတဲ့အခိုက်အတန့်တွေကို မျှဝေပြီး အောင်မြင်မှုတိုင်းကိုလည်း အတူတူ ပါဝင်ဆင်နွှဲသွားမှာမို့လို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

Mascot Announcement

1 ) Lun Sol Mascot Announcement Hype Think Education

ဒီနေ့ Hype Think Education ရဲ့ ချစ်စရာကောင်းတဲ့  သူငယ်ချင်း Mascot တွေဖြစ်တဲ့ LUN နဲ့ SOL ကို မိတ်ဆက်ပေးချင်ပါတယ်။

သူတို့က Hype Think Education ရဲ့ Community Spirit ကို နွေးထွေးစွာ ခံစားရအောင် ဖန်တီးထားတဲ့ မိတ်ဆွေကောင်းတွေလည်း ဖြစ်ပါတယ်။

Our Mission

2 ) Lun Sol Mascot Mission Announcement Hype Think Education

Hype Think Education ရဲ့ Mission ဖြစ်တဲ့ နောင်လာမဲ့ Generation လူငယ်တွေကို ပညာသင်ကြားပေးတာနဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်လာနိုင်ဖို့ ပံ့ပိုးကူညီပေးတာတွေမှာ LUN နဲ့ SOL က Hype Think ရဲ့ ကိုယ်စားပြု ပြသပေးနေတဲ့ Mascot တွေလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပညာရေးဆိုတာ အသိပညာတစ်ခုတည်းမဟုတ်ဘဲ Community ထဲမှာ အတူတူသင်ယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ အတွေ့အကြုံတွေကို မျှဝေခြင်းဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း LUN နဲ့ SOL က ဖော်ပြနေပါတယ်။

The Idea Behind LUN & SOL

3 ) The Idea Behind Lun & Sol Mascot Announcement Hype Think Education

LUN နဲ့SOL ရဲ့ Shape ကို Hype Think Education ရဲ့ Logo ထဲက အစိတ်အပိုင်းတွေကို Character ပုံစံအဖြစ် ဖန်တီးပြောင်းလဲထားတာကြောင့် Brand Identity နဲ့ ဆက်နွယ်မှုကို ပိုမိုခိုင်မာစေသလို Hype Think Education ရဲ့ အစိတ်အပိုင်းတစ်ခုလိုလည်း ခံစားရစေပါတယ်။

LUN နဲ့ SOL ကို ဖန်တီးရာမှာ Orange နဲ့ Green ဆိုတဲ့ အရောင် [2] ခုကို ကိုယ်စားပြုအနေနဲ့သုံးထားပြီး ပျော်ရွှင်မှုနဲ့ သင်ယူမှုကြားက Balance ကို ထိန်းညှိထားတဲ့ Hype Think Education ရဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကို ပိုပြီးပေါ်လွင်အောင် ဖန်တီးထားတာပဲဖြစ်ပါတယ်။

🟠 LUN မှာ အသုံးပြုထားတဲ့ Orange က လူငယ်ဆန်မှု၊ စိတ်အားထက်သန်မှုနဲ့ ဖန်တီးနိုင်စွမ်းကို ကိုယ်စားပြုပေးပြီး အသစ်သစ်တွေကို သင်ယူတဲ့အချိန်မှာ ရရှိလာတဲ့ စိတ်လှုပ်ရှားမှုနဲ့ စူးစမ်းချင်စိတ်တွေကို ထင်ဟပ်စေဖို့ ရွေးချယ်ထားတာဖြစ်သလို

🟢 SOL မှာ သုံးထားတဲ့ Green ကတော့ ပညာရေး၊ တိုးတက်မှု၊ အသိပညာကို ကိုယ်စားပြုပြီး အဆက်မပြတ် သင်ယူတိုးတက်နေတာတွေကို ထပ်ဟပ်စေဖို့အတွက်ရွေးချယ်ထားတာဖြစ်ပါတယ်။

LUN

4 ) Lun Mascot Appearance Personality Announcement Hype Think Education

LUN ဆိုတာ Latin စကားလုံး Luna [Moon] ကနေ ဆင်းသက်လာတာပါ။ ညမှာ တိတ်ဆိတ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ထင်ဟပ်စေတဲ့ Vibe ကို ကိုယ်စားပြုတဲ့အပြင် Creativity ပြည့်နှက်နေတဲ့ Energy ကိုပါ ဖော်ပြသေးတယ်နော်။

LUN’s Appearance & Personality

LUN က SOL ထက် အရပ်နည်းနည်းပုပြီး အေးဆေးတည်ငြိမ်၊ နူးညံ့တဲ့မျက်နှာပုံစံရှိတာမို့လို့ ပထမဆုံးတွေ့မြင်ရုံနဲ့ပဲ ချစ်စရာကောင်းသွားစေတဲ့ Character ဖြစ်ပါတယ်။

သူက Introvert ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်သာ အဓိကအလေးထားတတ်တဲ့သူဖြစ်တဲ့အပြင် Cool ဖြစ်အောင် ကြိုးစားပေမယ့် မျက်နှာအမူအရာတွေက သူ့ရဲ့ စိတ်ခံစားချက်အမှန်ကို ဖုံးမထားနိုင်ပါဘူး။

ဒီအချက်ကြောင့်ပဲ ချစ်စရာကောင်းပြီး ဟာသဆန်တဲ့ Vibe ကို ပေါ်လွင်စေပါတယ်။ အများအားဖြင့် အရမ်းအတွေးလွန်တတ်တာကြောင့် တစ်ခါတရံ အမှားလုပ်မိတတ်တာမျိုးတွေရှိပါတယ်။

LUN က အမှားတွေကနေ သင်ယူပြီး ကိုယ့်အရှိန်အဟုန်၊ ကိုယ့်ပုံစံနဲ့ တဖြည်းဖြည်း ကြီးထွားလာတဲ့ Self-growth Learner တွေကို ကိုယ်စားပြုတဲ့ Character ဖြစ်ပါတယ်။ တီထွင်ဖန်တီးနိုင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်စွမ်းကိုလည်း ထင်ဟပ်အောင် ပုံဖော်ထားပါတယ်။

SOL

5 ) Sol Mascot Appearance & Personality Announcement Hype Think Education

SOL ဆိုတာ Latin စကားလုံး SOL [Sun] ကနေ ဆင်းသက်လာတာပါ။ နေ့မှာ တက်တက်ကြွကြွနဲ့ စွမ်းအင်တွေ ပြည့်ဝနေပြီး လမ်းညွှန်ပေးနိုင်တဲ့ Leadership Vibe ကို ကိုယ်စားပြုပါတယ်။

SOL’s Appearance & Personality

SOL က အရပ်မြင့်ပြီး စွမ်းအင်အပြည့်၊ ယုံကြည်မှုအပြည့်ရှိတဲ့ Character ပါ။ သူက Extrovert ဖြစ်ပြီး အသံကျယ်ကျယ်နဲ့ ပျော်ပျော်နေတတ်တဲ့အပြင် အဓိကဝါသနာက LUN ကို အမြဲစနေ၊ စမ်းသပ်နေရတာကို ကြိုက်ပါတယ်။

အသံကျယ်ပြီး ဟာသဆန်တဲ့ ပုံစံရှိပေမယ့် ပြဿနာတွေ ကြုံလာတဲ့အခါမှာတော့ SOL က အေးဆေးတည်ငြိမ်ပြီး အာရုံစိုက်နိုင်တဲ့သူအဖြစ် ပြောင်းလဲသွားတတ်ပါသေးတယ်။

SOL က စိန်ခေါ်မှုတွေကို ရင်ဆိုင်တတ်ပြီး ခက်ခဲတဲ့အချိန်တွေမှာတောင် အခြားသူတွေကို ဆက်ပြီးကြိုးစားဖို့ လမ်းညွှန်၊ Motivate ပေးနိုင်တဲ့ Leader type Learner တွေကို ကိုယ်စားပြုပါတယ်။

ရှေ့ဆက်သွားမယ်၊ မရပ်တန့်ဘူး ဆိုတဲ့ Energy ကို ထင်ဟပ်အောင် ပုံဖော်ထားခြင်းဖြစ်ပါတယ်။

More Than Mascots

6 ) Lun Sol Mascot More Announcement Hype Think Education

LUN နဲ့ SOL က “ညနဲ့နေ့၊ လနဲ့နေ” လိုပဲ မတူညီပေမယ့် တစ်ယောက်နဲ့ တစ်ယောက် Balance ဖြစ်အောင် အချင်းချင်း ထိန်းညှိဆောင်ရွက်ပေးမယ့် Hype Think Education’s Official Mascot တွေ ဖြစ်ပါတယ်။

Hype Think Education မှာ ဒီလိုမတူညီတဲ့ Personality တွေဟာ အတူတူ သင်ယူနိုင်၊ အတူတူ ကြီးထွားနိုင်တယ်ဆိုတာကို LUN နဲ့ SOL က ကိုယ်စားပြုနေပါတယ်။

LUN နဲ့  SOL က Mascot ဖြစ်ရုံတင်မကဘဲ ရှေ့လာမယ့်နေ့ရက်တွေမှာ ပညာရေးဆိုင်ရာ Content တွေ၊ Event နဲ့ Campaign တွေထဲမှာ သင်တန်းသား၊သူတွေ၊ လူငယ်တွေနဲ့အတူတူ သင်ယူမှုအခိုက်အတန့်တွေကို မျှဝေပြီး အောင်မြင်မှုတိုင်းကို အတူတူ ပျော်ရွှင်ဆင်နွှဲနေတဲ့ LUN နဲ့ SOL ကို တွေ့မြင်ရပါလိမ့်မယ်။

ဒီလိုအခိုက်အတန့်တွေကနေတဆင့် ပညာရေးကို ပိုမိုစိတ်ဝင်စားပြီး နွေးထွေးဖော်ရွေတဲ့ ခံစားချက်မျိုးရအောင် LUN နဲ့ SOL ကလည်း Hype Think Education နှင့် အမြဲအတူ လိုက်ပါ ကူညီပေးသွားမှာဖြစ်ပါတယ်။

Project Credits and Appreciation

7 ) Lun Sol Mascot Project Credits Appreciation Announcement Hype Think Education

LUN & SOL Mascots Project အကောင်အထည်ပေါ်လာအောင် စတင်အကြံဉာဏ်ပေးခဲ့တဲ့ Marketing Team Member Ma Shwe Sin Oo နဲ့ Mascot Design ကို ဖန်တီးပေးခဲ့တဲ့ Ma Wathone Oo ကို အထူးကျေးဇူးတင်ပါတယ်။

ဒါ့အပြင် Ko Aung T Tant, Ma Khine Wutt Hmone နဲ့ Marketing Team တစ်ခုလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုပါတယ်။

Content Writer Saw Yu Nwe

Graphic Wathone Oo

Share your love : ❤️