လူအများစုဟာ ခန္ဓာကိုယ်ကျန်းမာရေးကိုသာ အဓိကထား ဂရုစိုက်ကြပြီး၊ စိတ်ကျန်းမာရေးကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ စိတ်နဲ့ကိုယ်ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာကြောင့်၊ စိတ်ကျန်းမာရေး မကောင်းရင် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့ စိတ်ရော၊ ကိုယ်ပါ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဒီနေ့မှာတော့ စိတ်ရော၊ ကိုယ်ပါ ကျန်းမာစေမယ့် နည်းလမ်းတွေကို Physical Care နဲ့ Mental Health ဆိုပြီး နှစ်ပိုင်းခွဲပြီး ပြောပြပေးသွားမှာပါ။
Physical Care: ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဂရုစိုက်နည်းများ
၁။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
တစ်နေ့ကို အနည်းဆုံး [၁] နာရီခန့် လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်အတွင်းပိုင်း အစိတ်အပိုင်းတွေကို ကျန်းမာစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
- Yogaလုပ်ခြင်း
- အားကစား နည်းမျိုးစုံ လုပ်ခြင်း
- Gym ဆော့ခြင်း
၂။ အာဟာရပြည့်ဝအောင် စားသုံးပါ။
အစားအစာကို အသီးအရွက်၊ အသားငါးတွေနဲ့ ညီညွတ်မျှတစွာ စားသုံးပါ။
- ဗီတာမင် A [မုန်လာဥနီ၊ ရွှေဖရုံသီး]: မျက်စိကျန်းမာရေးအတွက်
- ဗီတာမင် C [လိမ္မော်သီး၊ သံပုရာသီး]: ကိုယ်ခံအားတိုးစေခြင်း
- ဗီတာမင် K [ဟင်းနုနွယ်]: သွေးခဲမှုကို ကောင်းမွန်စေခြင်း
- အိုမီဂါ-၃ [ငါး]: ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအတွက် အရေးကြီးပါတယ်။
၃။ ရေများများသောက်ပါ။
တစ်နေ့ကို အနည်းဆုံး [၂] လီတာခန့် ရေသောက်ပေးပါ။ ရေဟာ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံး အရာတစ်ခုဖြစ်ပါတယ်။
၄။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။
နေ့စဉ် ရေချိုးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းတို့က ခန္ဓာကိုယ်ကို ကျန်းမာစေပြီး၊ စိတ်လန်းဆန်းစေပါတယ်။
Mental Health: စိတ်ကျန်းမာရေးအတွက် ဂရုစိုက်နည်းများ
၁။ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။
စိတ်ဖိစီးမှုများလာရင် စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။
Mindfulness တရားထိုင်ခြင်း စိတ်ကို ငြိမ်သက်စေပြီး၊ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
စိတ်လုံခြုံမှုရှိတဲ့နေရာမှာ နေထိုင်ပါ စိတ်ခံစားမှုတွေကို ဖော်ထုတ်ပြီး၊ သက်သာစေပါတယ်။
၂။ ပျော်ရွှင်စရာတွေ လုပ်ပါ။
ကိုယ့်ကိုယ်ကို အားပေးပြီး၊ ပျော်ရွှင်စရာတွေ လုပ်ဆောင်ပါ။
- သီချင်းနားထောင်ခြင်း
- ဟာသ Movie တွေ ကြည့်ခြင်း
- မိသားစုနဲ့ အချိန်ပေးခြင်း
- ကိုယ်ဝါသနာပါတာတွေကိုလုပ်ခြင်း
၃။ လုံလောက်စွာ အိပ်စက်အနားယူပါ။
တစ်နေ့ကို ၈ နာရီခန့် အိပ်စက်အနားယူပါ။ အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
၄။ စာဖတ်ခြင်း၊ ပညာရပ်များ လေ့လာခြင်း။
Motivational စာအုပ်များ ဖတ်ခြင်း [Self-help books]၊ စိတ်ကို အကြည်ဓာတ်ပေးတဲ့ စာတွေဖတ်ပြီး၊ ပညာရပ်အသစ်တွေ လေ့လာပါ။
၅။ သဘာဝနဲ့ ထိတွေ့ပါ။
လေကောင်းလေသန့်ရှူရှိုက်ပြီး၊ သဘာဝပတ်ဝန်းကျင်မှာ အချိန်ပေးပါ။ ဒါက စိတ်ကို လန်းဆန်းစေပါတယ်။
စိတ်ရော၊ ကိုယ်ပါ ကျန်းမာမှသာ လှပတဲ့ဘဝကို တည်ဆောက်နိုင်မှာပါ။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ရင်း၊ စိတ်ကျန်းမာရေးကိုပါ မမေ့ပါနဲ့။ ဒီနည်းလမ်းတွေကို လိုက်နာပြီး၊ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ဖန်တီးလိုက်ပါ။
Content Writer Khin Myo Lae Yee
Graphic