နိုင်ငံခြားကိုရောက်တဲ့အခါ Homesickness ဘယ်လို ကျော်လွှားကြမလဲ?
Homesickness – “ အိမ်လွမ်းနာကြခြင်း” ဆိုတာ အထူးသဖြင့် မိဘနဲ့တစ်ခါမှခွဲလေ့ ခွဲထမရှိပဲ နိုင်ငံရပ်ခြားမှာ ပညာသွားရောက်သင်ကြားနေတဲ့သူတွေ နှင့် အလုပ်လုပ်နေတဲ့သူတွေ ဖြစ်လေ့ဖြစ်ထရှိကြတဲ့ emotionalတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ်ရောက်ရှိနေတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှု ၊ ဘာသာစကားစသည့်အရာများနှင့် ပတ်သတ်ပြီး နေသားကျအောင်ကြိုးစားရင်းကနေ ဒီလိုခံစားချက်မျိုးက မကြာမခဏ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါကြောင့် အခုလို Homesicknessကို ခံစားလာရတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ ကျော်လွှားကြမလဲဆိုတာကို Hype Think Educationမှ မျှဝေပေးလိုက်ပါတယ်။
1) Keeping familiar things
နိုင်ငံခြားသွားဖို့ပြင်ဆင်နေတဲ့သူဆိုရင် မသွားခင်တည်းက မိသားစု အမှတ်တရဓာတ်ပုံတွေ (သို့) သယ်ဆောင်ရလွယ်ကူတဲ့ အိမ်ရဲ့ အမှတ်တရပစ္စည်းတစ်မျိုး၊ နှစ်မျိုးလောက်တော့ယူဆောင်သွားနိုင်ပါတယ်။ ဒါမှမဟုတ် နေထိုင်မဲ့နေရာအသစ်ကို အိမ်ကဲ့သို့ဆင်တူပုံစံမျိုး အလှဆင်ကြည့်တာမျိုးတွေ လုပ်လို့ရပါတယ်။ ကိုယ့်နဲ့ရင်နှီးနေတဲ့ပစ္စည်းလေးတွေ အနားမှာရှိနေတဲ့အခါမှာတော့ နေအိမ်အတိုင်းပဲ နွေးထွေးမှုရှိပြီးတော့ စိတ်လုံခြုံမှုရှိစေပါတယ်။
2) Make new friends
နောက်နည်းလမ်းအနေနဲ့ သူငယ်ချင်းအသစ်တွေထားဖို့ မကြောက်ပါနဲ့။ စိတ်ကိုပေါ့ပေါ့ပါးပါးပဲထားပြီးတော့ ကိုယ့်ရဲ့ အားလပ်ရက်တွေမှာ အတန်းဖော် (သို့) လုပ်ဖော်ကိုင်ဖက်တွေအသစ်တွေနဲ့ အပြင်လျှောက်လည်ပြီး အချိန်ကုန်ဆုံးကြည့်ပါ။ သူတို့ရဲ့မွေးရပ်မြေအကြောင်းကို မေးကြည့်တာမျိုး၊တစ်ယောက်အကြိုက်တစ်ယောက် မေးကြည့်တာမျိုး စသည့်အကြောင်းအရာများကို စကားစမြည်ပြောတာကလည်း စိတ်တူကိုယ်တူသူငယ်ချင်းမျိုး ရရှိနိုင်ပါတယ်။ ဒီနည်းလမ်းကတော့ မရင်းနှီးတဲ့ပတ်၀န်းကျင်အသစ်မှာ နေထိုင်ရတဲ့ကိုယ့်အတွက် အထီးကျန်မှုတွေကိုလျှော့ချပေးနိုင်ပြီးတော့ မိတ်ဆွေသစ်များစွာလည်းတိုးလာနိုင်ပါတယ်။
3) Focus on self-care
နိုင်ငံခြားရောက်ပြီး အစပိုင်းမှာဆိုရင် နေသားကျဖို့လုံးပန်းနေရတဲ့အတွက် အများစုက ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ စားချိန်၊ အိပ်ချိန်မမှန်တာတွေ၊ အလုပ်ကို အလွန်အကျွံလုပ်မိတာတွေက ကိုယ့်ရဲ့ physical and mentalကို ထိခိုက်စေရုံတင် မဟုတ်ပါဘူး။ Homesicknessဖြစ်စေမှုကို ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းကို healthy lifestyleမျိုးနဲ့ ဖြတ်သန်းနိုင်အောင်လို့ ကိုယ်ပိုင် routineလေးတစ်ခု ဖန်တီးပြီးတော့ ဒီအလေ့အကျင့်လေး(၃)ခုကိုလည်း မပါမဖြစ်ထည့်ထားသင့်ပါတယ်။
- ️Eat Healthy Food and Sleep Enough.
- Do one of your favorite sports.
- Give yourself time to do something you love
4) Explore the surrounding
နေထိုင်ရာပတ်၀န်းကျင်အသစ်ကို အမြဲစူးစမ်းလေ့လာနေပါ။ ပတ်၀န်းကျင်မှာ ကိုယ်တစ်ယောက်ထဲ တစ်သီးတစ်သန့်နေတာမျိုးထက် အ်ိမ်နီးချင်း၊မိတ်ဆွေအသိုင်းအဝိုင်းနဲ့ အချိန်ယူပြီး ရင်းနှီးနေအောင် မိတ်ဖွဲ့ထားပါ။ နောက်ပြီးတော့ နေထိုင်ရာအနီးအနားတစ်ဝိုက်မှာ ကိုယ့်အတွက် good vibeမျိုးပေးနိုင်တဲ့ library, café, music venue, park နေရာတွေကိုလည်း မကြာခဏသွားပြီး စိတ်အပန်းဖြေကြည့်ပါ။ ဒါဆိုရင်တော့ ကိုယ့်အတွက် ပတ်၀န်းကျင်အသစ်မှာနေရတာက ပိုပြီးပျော်ဖို့ကောင်းလာမှာပဲဖြစ်ပါတယ်။
5) Try Local Food
အစားအသောက်ကလည်း နိုင်ငံရပ်ခြားတွင် နေထိုင်သူတိုင်းအတွက် အိမ်လွမ်းခြင်းကိုဖြစ်စေတဲ့ အကြီးမားဆုံးအကြောင်းအရင်းတစ်ခုထဲမှာ အပါအ၀င်ပါပဲ။ ဒါကြောင့် အိမ်ကိုသတိရတိုင်းမှာ ကိုယ့်ရဲ့localအစားအသောက်တွေ ရှိနိုင်မဲ့ စားသောက်ဆိုင်မျိုးတွေမှာ သွားစားကြည့်တာမျိုး၊ ချက်ပြုတ်စားရတာ ကြိုက်တယ်သူဆိုရင်လည်း ဟင်းချက်နည်းများလေ့လာပြီး ကိုယ်တိုင်ချက်ပြုတ်စားတာမျိုး စသည့်နည်းလမ်းများကိုလည်း လုပ်ကြည့်နိုင်ပါတယ်။ ဟင်းနံ့လေးတွေကတော့ အလွမ်းလည်းပြေစေတဲ့အပြင် အိမ်ရဲ့ အငွေ့အသက်လေးတွေကိုပါ ပိုရစေတာပေါ့နော်။
6) Keep in touch with family and friends
နောက်ဆုံးနည်းလမ်းတစ်ခုကတော့ အချိန်ရရင်ရသလို မိသားစုနဲ့ video callပြောတာတို့ (သို့) ဖုန်းပြောပြီးတော့လည်း အလွမ်းသယ်နိုင်ပါတယ်။ ဖေဖေ၊မေမေတို့က video callမပြောတတ်ဘူးဆိုရင်လည်း မသွားခင်တည်းကပြောတတ်အောင်သင်ပေးခဲ့ပါနော်။ ချစ်ရတဲ့မိသားစုနဲ့ အဆက်အသွယ်ရနေတော့ စိတ်ထဲမှာလဲ အိမ်ရဲ့အဝေးမှာနှစ်ရှည်လများနေထိုင်နေရတယ်လို့ မခံစားရတော့ဘဲ နေ့ရက်တိုင်းကိုလည်း energyအပြည့်နဲ့ ဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။
Conclusion
ဒါကြောင့် အိမ်နဲ့အဝေးမှာရောက်နေကြသူတိုင်းအတွက် အိမ်လွမ်းနာကြခြင်းဝေဒနာဆိုတာမျိုးက အနည်းနဲ့အများတော့ ခံစားရတာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် လက်မလျှော့လိုက်ပဲ အခုပြောပြပေးသွားတဲ့နည်းလမ်းတွေနဲ့ အကောင်းဆုံးကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။ အားလုံးပဲ Keep goingပါ။
Content Writer by Hnin EiEi Phyo