Parent’s Role in Career Selection

သားသမီးများရဲ့ careerရွေးချယ်ရေးမှာ မိဘများလက်‌တွေ့ကျကျကူညီနိုင်မည့် နည်းလမ်းမှန်များကို Hype Think Educationမှ မျှဝေရေးသားလိုက်ပါသည်။
Share your love : ❤️

မိဘဟူသည် သားသမီးရဲ့ဘဝအသက်မွေးဝမ်းကြောင်းအလုပ်နဲ့ life decisionများ ဆုံးဖြတ်‌ရွေးချယ်ပေးရာမှာအရေးပါသူများဖြစ်သည်။ သားသမီးများဘဝတလျှောက် မပူမပင်၊ပျော်ပျော်ရွှင်ရွှင်၊ချမ်းချမ်းသာသာနေစေလိုချင်သည်မှာလည်း မိဘတိုင်းရဲ့ချီးကျူးဖွယ်ကောင်းသော မေတ္တာလောဘတစ်ခုပင်ဖြစ်ပါတယ်။ ယနေ့မှာတော့ မိမိတို့၏သားသမီးများရဲ့ careerရွေးချယ်ရေးမှာ မိဘများလက်‌တွေ့ကျကျကူညီနိုင်မည့် နည်းလမ်းမှန်များကို Hype Think Educationမှ မျှဝေရေးသားလိုက်ပါသည်။

1) Encourage your children to get as much education as possible

“ပညာရှိမှလူရာဝင်”ဆိုတဲ့စကားအတိုင်း သားသမီးပညာရေးမြင့်မား‌‌အောင် မိဘများမှ တွန်းအားပေးသင့်‌ပါတယ်။ပညာရေးဆိုရာမှာ အတန်းထဲက report cardမှာ အဆင့်တက်‌လာအောင် တွန်းအားပေးတာမျိုးကို မဆိုလိုပါဘူး။ လက်မှုပညာလေ့လာတာ၊ ပန်းချီဆွဲတာ၊ ဘာသာစကားအသစ်လေ့လာတာ၊ စာအုပ်ဖတ်တာ၊ digital toolsများအသုံးချတာလည်း ပညာဘဲမို့ မိဘဘက်ကသားသမီးရဲ့လုပ်နိုင်စွမ်းကို ယုံကြည်ဖို့နဲ့ supportပေးဖို့ အ‌ရေးကြီးပါတယ်။

2) Know your child’s passion, interest and support their decisions

လူတိုင်းမှာမွေးရာပါအထုံပါရမီရှိပြီးသားပါ။ တစ်ယောက်နဲ့တစ်ယောက်မတူပေမဲ့ ဝါသနာကိုပိုက်ဆံဆိုတဲ့ ပြဒါးတိုင်နဲ့တိုင်းလို့ မရနိုင်ပါဘူး။ Generationအသီးသီးမှ မွေးလာတဲ့လူတိုင်း ဆရာဝန်၊အင်ဂျင်နီယာမဖြစ်လာပါဘူး။ စာမတော်လို့၊ မကြိုးစားလို့ဆိုတဲ့ သတ်မှတ်ချက်‌တွေနဲ့တော့ ဘောင်မခတ်သင့်ပါ။ တစ်ဦးချင်းစီအလိုက်အိမ်မက်၊ဝါသနာများကွဲပြားတာမလို့ လူအများအထင်ကြီးခံရဖို့ထက် သားသမီးရဲ့passionကိုသာ ဦးစားပေးသင့်ပါတယ်။ ကိုယ်ရွေးလိုက်တဲ့ careerအပေါ်လည်း professionalတစ်ယောက်ဖြစ်လာအောင် လမ်းပြနိုင်မယ်ဆို တိုင်းပြည်အနာဂတ်လည်းတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

3) Instill an altitude of self belief by being positive and never critical

သားသမီးတွေ self confidenceတိုးလာအောင်၊မိမိကိုယ်ကိုယ်တန်ဖိုးထားနိုင်‌အောင် ထိန်းကျောင်းပေးသင့်ပါတယ်။ ကလေးဆန်တယ်၊မရင့်ကျက်ဘူး၊ကလေးမလို့ မလုပ်တတ်‌သေးပါဘူးလို့ အမှတ်မထင်ပြောလိုက်တာတွေက ယုံကြည့်မှုကျစေတာမို့ အပေါင်းသဘောဆောင်(positive words)များဖြင့် ဆုံးမ‌သင်ပြသင့်ပါတယ်။ သားသမီးရဲ့ career pathမှာ အမှားတွေလုပ်မိလည်း အပြစ်တင်မစောပါနဲ့။ “ငါပြောတဲ့အတိုင်း မရွေးချယ်လို့ ဒီလိုဖြစ်ရတာ”ဆိုတာထက် ပြဿနာကို အတူတူအဖြေရှာဖို့၊ နှစ်သိမ့်ပေးဖို့ဘဲ ကလေးတိုင်းကလိုချင်တာပါ။

4) Encourage to observe the effect of Volunteer Works

21 ရာစု‌ခေတ်မှာ ပြည်ပနိုင်ငံသို့ကျောင်းသွားတက်ချင်တဲ့အိပ်မက် လူငယ်တိုင်းရှိမယ်လို့ယုံကြည်ပါတယ်။ Career လမ်းကြောင်းတိုးတက်ဖို့ နိုင်ငံခြားမှာ scholarshipယူပြီး ကျောင်းတက်အလုပ်လုပ်မယ့်သူတိုင်း volunteer workဆိုတဲ့ skillကလည်း မပါမဖြစ်ပါ။ မိဘတွေအနေနဲ့လည်း သားသမီးကို volunteerအလုပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် ငယ်ငယ်တည်းက မိတ်ဆက်ပေးထားသင့်ပါတယ်။ ကောင်းကျိုးကတော့ အတွေ့အကြုံအသစ်နဲ့ သူငယ်ချင်းများများရပြီး ကိုယ်တာဝန်ယူထားတဲ့အလုပ်အပေါ်လည်း အာရုံစူးစိုက်မှု ပိုရစေမှာပါ။ ယုံကြည်မှုနဲ့ဆုံးဖြတ်ချက်ကိုခိုင်မာစေတာမို့ ကိုယ့်careerလမ်းတစ်လျှောက် problem solving skillလည်း တိုးတက်လာမှာ မုချဖြစ်ပါတယ်။

Conclusion

Carrer choiceလုပ်မယ်ဆိုပြီးဆုံးဖြတ်ချက်ချရာမှာ မိဘနဲ့သားသမီးဘယ်သူကအခရာကျမလဲဆိုရင် မိဘတွေရဲ့အားသာချက်ဖြစ်တဲ့ ဘဝအတွေ့အကြုံနှင့် အတွေးအခေါ်တွေက ကလေးတွေထက်စာရင်အများကြီးရင့်ကျက်တာမလို့ သားသမီးတွေ မစဉ်းစားမိတဲ့ရှုထောင့်မျိုးစုံက စဉ်းစားပါလိမ့်မယ်။ 21ရာစုခေတ်လူငယ်သားသမီးတွေကတော့ ခေတ်ရဲ့ရေစီးကြောင်းအလိုက် တိုးတက်လာမယ့် job opportunitiesတွေ၊ social skillတွေ ပိုသိတာမလို့နှစ်ဦးနှစ်ဖက်တိုင်ပင်‌ပြီးရွေးချယ်ဆုံးဖြတ်တာဟာ အကောင်းဆုံးလို့ထင်မိပါတယ်။ Hype Think Educationမှ learnersများလည်း မိဘဖြစ်စေချင်တာနဲ့ ကိုယ်ဖြစ်ချင်တာ ထပ်တူကျပြီး ဝါသနာကိုအကောင်အထည်ဖော်နိုင်ပါစေဟု ဆုမွန်ကောင်းပြုလိုက်ပါတယ်။

Share your love : ❤️