Practise English Listening Tools

English ကို လေ့လာနေသူတို့အတွက် ကိုယ်နဲ့ တကယ်ကိုက်ညီတဲ့ Learning Resource Type မျိုးကို ရွေးချယ်လေ့ကျင့်လို့ရအောင် Hype Think Education ကနေ မျှဝေပေးလိုက်ပါတယ်နော်။ လေ့လာရအဆင်ပြေတဲ့ Resource တွေကို ပါတစ်ခါတည်း ဖော်ပြပေးထားမို့ အဆုံးထိဖတ်ရှုပေးပါနော်။

Share your love : ❤️

“ English Listening Skill တိုးတက်လာအောင် ထိထိရောက်ရောက်လေ့လာကြမယ်”

General 4 Skills အားလုံးကတော့ ညီတူညီမျှ အရေးကြီးတယ်ဆိုပေမဲ့ အဲ့ထဲမှာမှ Listening Skill ကတော့အရေးကြီးဆုံးပါနော်။ ဘာကြောင့်လဲဆိုရင် ဘာသာစကားတစ်ခုကို စတင်သင်ယူ​​တော့မယ်ဆိုပါစို့ အရင်ဆုံး ကိုယ်သင်မဲ့ ဘာသာစကားကို နားရည်ဝပြီး ရင်းနှီးကျွမ်းဝင်နေအောင် အရင်ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ကိုယ့်အနေနဲ့ လေ့လာသင်ယူတဲ့အခါမှာ အခက်အခဲမရှိပဲ သင်ယူရလွယ်ကူနေမှာပါနော်။

English Listening Skill ကို လေ့ကျင့်တဲ့အခါမှာ အရေးကြီးဆုံးကတော့ အမြဲ Active ဖြစ်နေရမှာပါ။ ဒါ​​ကြောင့်ကိုယ်တကယ်စိတ်ဝင်စားတဲ့အကြောင်းအရာမျိုးတွေကို ရွေးပြီးနားထောင်ပေးဖို့ လိုအပ်ပါတယ်နော်။ ဒါမှ အမြဲတမ်း နားထောင်ဖြစ်လာမှာဖြစ်ပြီးတော့ အလေ့အကျင့်ဖြစ်လာမှာပါ။

ဒီနေ့မှာတော့ English ကို လေ့လာနေသူတို့အတွက် ကိုယ်နဲ့ တကယ်ကိုက်ညီတဲ့ Learning Resource Type မျိုးကို ရွေးချယ်လေ့ကျင့်လို့ရအောင် Hype Think Education ကနေ မျှဝေပေးလိုက်ပါတယ်နော်။ လေ့လာရအဆင်ပြေတဲ့ Resource တွေကို ပါတစ်ခါတည်း ဖော်ပြပေးထားမို့ အဆုံးထိဖတ်ရှုပေးပါနော်။

[1] Podcasts

ကိုယ်ကတစ်နေ့ကို အချိန်နည်းနည်းပဲပေးနိုင်ပြီး ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို နေ့စဥ် Effective ဖြစ်ဖြစ် နားထောင်လေ့ကျင့်ချင်တယ်ဆိုရင်တော့ Podcast တွေကို ချန်ထားခဲ့လို့မရပါဘူးနော်။ ကိုယ်ရဲ့နေ့စဉ်အလုပ်တွေလုပ်နေရင်းနဲ့ပဲ ကိုယ်ကြိုက်တဲ့ Topic တစ်ခုခုကိုဖွင့်​ပြီး နားထောင်နိုင်ပါတယ်နော်။ လေ့လာရအဆင်ပြေတဲ့ Podcasts Channels ကိုပါ သူငယ်ချင်းတို့အတွက်တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်နော်။

6 Minute English | Elllo.org

[2] AudioBooks

ကိုယ်က စာဖတ်ရတာ ဝါသနာပါတဲ့လူဆိုရင်တော့ Audiobook တွေကို နားထောင်သင့်ပါတယ်နော်။ ဒါပေမဲ့ သတိပြုရမှာကတော့ Audiobook တွေက အချိန်ကြာတာကြောင့် ကိုယ်ကအရင်ထဲက စာအုပ်တွေကို ဖတ်ရတာကြိုက်တဲ့လူ၊ ဇာတ်လမ်း၊ ဇာတ်ကွက်တွေကို နားထောင်ရတာကြိုက်တဲ့လူဖြစ်နေဖို့တော့ လိုအပ်ပါတယ်နော်။

audible.com/ep/audiobooks | librivox.com

[3] YouTube 

ကိုယ်က Video လေးတွေကြည့်ပြီး လေ့လာတတ်တဲ့ လူမျိုးဆိုရင်တော့ YouTube Video တွေကိုကြည့်ပြီး Listening Skill ကို လေ့ကျင့်လို့ရပါတယ်နော်။

@ted | @rachelsenglish

[4] Music And Movies

ကိုယ်က သီချင်းတွေ နားထောင်ရတာကြိုက်တယ်၊ ရုပ်ရှင်တွေကြည့်ရတာ ကြိုက်တယ်ဆိုရင်တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ ကိုယ်သီချင်းနားထောင်တဲ့အခါ၊ ရုပ်ရှင်ကြည့်တဲ့အခါမှာ သေချာလေးအာရုံစိုက်ပြီး နားထောင်သင်ယူလို့ရပါတယ်နော်။

lingoclip.com | sflix.com | netflix.com

ဒီနေ့ ဖော်ပြပေးခဲ့တဲ့ Resource တွေကနေ  ကိုယ်နဲ့အဆင်ပြေဆုံးကိုရွေးပြီး နေ့စဥ်နားထောင်ပေးမယ်၊ လေ့ကျင့်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ Listening Skill ကအချိန်အတိုအတွင်းမှာ တိုးတက်လာမှာပါနော်။

အခုလိုမျိုးအကျိုးရှိတဲ့အကြောင်းအရာတွေကို မလွတ်တမ်းဖတ်ရှုနိုင်ဖို့ Hype Think Education ကိုလည်း Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

Content Writer Yoon Wathan

Graphic

Share your love : ❤️