Prevention From Dehydration

ပူပြင်းတဲ့ နွေရာသီမှာ လူ နဲ့ တိရစ္ဆာန်တွေ Dehydration မဖြစ်စေဖို့ ဘာလုပ်သင့်လဲ?‌လူ့ခန္ဓာကိုယ်မှာ ရေဓာတ် [60%] ပါဝင် တာကြောင့် ရေလုံလောက်စွာ သောက်ခြင်း မရှိပါက Dehydration ဖြစ်စေနိုင်ပါတယ်နော်။

Share your love : ❤️

ပူပြင်းတဲ့ နွေရာသီမှာ လူ နဲ့ တိရစ္ဆာန်တွေ Dehydration မဖြစ်စေဖို့ ဘာလုပ်သင့်လဲ?

‌လူ့ခန္ဓာကိုယ်မှာ ရေဓာတ် [60%] ပါဝင် တာကြောင့် ရေလုံလောက်စွာ သောက်ခြင်း မရှိပါက Dehydration ဖြစ်စေနိုင်ပါတယ်နော်။

Dehydration ဆိုတာကတော့ ခန္ဓာကိုယ်ထဲ ရေဓာတ်ဝင်လာတဲ့ပမာဏ [Input] ထက် ထွက်သွားတဲ့ပမာဏ [Output] ပိုများလာတဲ့အခါ Dehydration ဖြစ်ပါတယ်။ 

အနည်းဆုံး ရေဓာတ် [ 4%] ခန်းခြောက်လာရင် [Mild Dehydration] ခန္ဓာကိုယ်မှာ အကျိုးသက်ရောက်မှု ရှိလာနိုင်ပြီး နောက်တစ်ဆင့် [15% ] ထိ ပြင်းထန်လာရင် [Severe Dehydration] ဖြစ်လာစေပြီး ခန္ဓာကိုယ်အင်္ဂါတွေ ထိခိုက်နိုင်ကာ အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။

အသက်အန္တရာယ် ထိခိုက်တဲ့ထိ မဖြစ်စေဖို့ ကြိုတင်ပြီး ရေဓါတ် မဆုံးရှုံးအောင် ကာကွယ်ရပါမယ်။ ဒါဆိုရင် အခု Hype Think Education ကနေ ပြောပြပေးမဲ့ အကြောင်းအရာကို အဆုံးထိ ဖတ်ရှုသွားရင်း ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်လိုက်ပါ။

ပထမဆုံး Dehydration ကာကွယ်နိုင်မယ့် နည်းလမ်း [6] ချက် အကြောင်းကို  မျှဝေပေးသွားပါမယ်။

1)​ မနက်စောစော ရေသောက်ဖို့ မမေ့ပါနဲ့

မနက်ခင်းပိုင်းမှာ Dehydration ဖြစ်တတ်တာကြောင့် ပထမဦးဆုံး မနက်အိပ်ယာထထ ခြင်း ရေတစ်ဖန်ခွက် သောက်သုံးပေးလိုက်မယ်ဆိုရင် တစ်ညလုံး လိုအပ်ထားမဲ့ ရေဓါတ်ကို ဖြည့်တင်းပေးရာ ရောက်ပါတယ်။

2)​ ရေဘူး ဆောင်ထားခြင်း

ရေသောက်ချင်စိတ်ကို နှိုးဆော်ပေးတဲ့ အနေနဲ့ မိမိရဲ့ မြင်ကွင်းအတွင်းမှာ လှပပြီး မြင်လိုက်တာနဲ့ သောက်ချင်စေမဲ့ ရေဘူးမျိုးဖြစ်ဖြစ်၊ အေးချမ်းကြည်လင်တဲ့ သောက်ရေအိုး အသေး တစ်လုံးဖြစ်ဖြစ် အနားမှာ ဆောင်ထားစေချင်ပါတယ်။

တချို့ကျရင် ရိုးရိုးရေဖဲ သောက်နေရလို့ သောက်ချင်စိတ်မရှိဖြစ်တတ်ပါတယ်။ ဒါဆိုရင် ဒီ Plain Water နဲ့ မိမိ ကြိုက်နှစ်သက်ရာ Herbs Or Fruits တမျိူးမျိုးနဲ့ ရောစပ်ကာ သောက်သုံးလျှင်လည်း ရေဓါတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

3​)​ Electrolyte Solutions သောက်ခြင်း

အားကစားလုပ်တဲ့သူတွေ၊ ချွေးထွက်များစေတဲ့ အလုပ် လုပ်ရ သူများအတွက် Electrolytes ပါတဲ့ Oral Rehydration Solution [ORS] သောက်ပေးခြင်းဖြင့် ရေဓါတ်ဆုံးရှူံးမှုကနေ ကာကွယ်နိုင်ပါတယ်။

သဘာဝအနေဖြင့်လည်း အုန်းရည် သောက်ပေးခြင်းကနေ ချွေးထွက်ပြီး ခန္ဓာကိုယ်လိုအပ်တဲ့ သတ္တုဓာတ် ပြန်ဖြည့်နိုင်ပါတယ်။

4​) Comfort ဖြစ်တဲ့ အဝတ်အစားကိုသာ ရွေးချယ် ဝတ်ဆင်ခြင်း

ပူလောင်မှု [Heatstroke] မဖြစ်စေဖို့ရော ချွေးထွက်များခြင်းကနေလည်း ကာကွယ်ဖို့အတွက် နွေရာသီနဲ့ကိုက်ညီပြီး လေဝင်လေထွက်လဲ ကောင်းစေမဲ့ ချည်၊ စပန့် လိုမျိုး အဝတ်အစားများကိုသာ ရွေးချယ် ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။

5)​ ရေဓါတ်ပြည့်ဝတဲ့ အစားအသောက်စားသုံးခြင်း

ရေဓာတ်များတဲ့ အစားအစာတွေ ဖြစ်ကြတဲ့ ဖရဲသီး၊ သခွါးသီး၊ စတော်ဘယ်ရီ၊ ခရမ်းချဥ်သီး လိုမျိုး အသီးအနှံများစားသုံးပေးခြင်းဖြင့်ကလည်း ရေဓါတ်ကို ပြန်လည် ပြည့်ဝစေနိုင်ပါတယ်နော်။

6) Water Tracking App သုံးခြင်း သို့မဟုတ် Alarm ပေးထားခြင်း

အခုဆိုရင် နည်းပညာခေတ်ထဲ ရောက်လာပြီ ဖြစ်တဲ့ အတွက် ဘာလိုချင် လိုချင် Phone တစ်လုံး ရှိရုံနဲ့ အကုန် ဖြစ်လာနိုင်နေပါပြီ။

ရေသောက်ဖို့ အတွက် ထုတ်ပေးထားတဲ့ Water Reminder App ကဆိုရင် ဘယ်အချိန် သောက်ရမယ်၊ ဘယ်လောက် Ml သောက်ရမယ်ဆိုပြီး Personal Tracking လုပ်ပေးတဲ့ ရေဓါတ်ဆုံးရှုံးမှုကနေ ကာကွယ်ဖို့ ထုတ်ပေးထားတဲ့ အသုံးဝင်တဲ့ Software တစ်မျိုးပဲ ဖြစ်ပါတယ်။

မိမိမှာ ရေသောက်ဖို့ မေ့နေတာကြောင့် ရေဓါတ်ဆုံးရှူံးမှု မဖြစ်ရအောင် Phone ထဲမှာ Alarm ပေးထားရုံဖြင့်လဲ ရေသောက်ဖို့ သတိရစေနိုင်ပါတယ်။

နောက်တစ်ချက် အနေနဲ့ကလည်း မိမိလုပ်နေကျ လုပ်ငန်းစဉ်ပြီးရင် ရေသောက်မယ်ဆိုပြီး Habit တစ်ခု ထားခြင်းကလည်း ရေသောက်စေဖို့ Reminder ဖြစ်စေနိုင်ပါတယ်။ ဥပမာ အနေဖြင့် Email စစ်ပြီးတိုင်း ရေသောက်မယ်ဆိုပြီး အကျင့် တစ်ခု ထားခြင်းပေါ့နော်။

ဒါဆိုရင်  ကာကွယ်ရမဲ့ လုပ်သင့်တဲ့ နည်းလမ်းတွေကို သိပြီးပြီဆိုရင် မလုပ်သင့်တာတွေကတော့~

အလွန်ချိုလွန်းတဲ့ Soda, Energy Drinks တွေ၊ Alcohol, Caffeine ပါဝင်တဲ့ အရာ‌တွေကို အလွန်အကျွံသောက်ခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ နောက်တစ်ချက်က‌တော့ အပူထဲတွင် ရေမသောက်ဘဲ ကြာရှည်နေဖို့ မသင့်ပါဘူး။

Dehydration ဖြစ်ပြီဆိုရင် အဓိက လက္ခဏာတွေကတော့

  • ပါးစပ်၊ လျှာ ၊အာခေါင် ခြောက်သွေ့ခြင်း
  • မျက်လုံး နီလာခြင်း
  • ဆီးသွားမှု လျော့နည်းလာခြင်း
  • ဆီးအရောင် မည်းလာခြင်း
  • သတိလစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေ‌ထောက်ကြွက်တက် ဖြစ်ခြင်း
  • ပင်ပန်းနွမ်းနယ်နေခြင်း 

အထူးသဖြင့် နို့စို့ကလေးတွေဟာ စကားမပြောတတ်တာကြောင့် Dehydration လက္ခဏာ တွေကို သတိထား စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

လက္ခဏာတွေကတော့ဖြင့်

  • အလွန်အမင်း အိပ်ငိုက်နေမယ်ဆိုရင် Dehydration ဖြစ်တာလား စစ်ဆေးပါ။
  • ဆီးသွားမှု လျော့နည်းလာပြီး Diaper ထဲတွင် အနံ့ဆိုးများ ထွက်လာတာကလည်း Dehydration ဖြစ်တတ်တဲ့ လက္ခဏာပါ။
  • ငိုတဲ့အခါ မျက်ရည်မထွက်တော့ဘူးဆိုရင်လည်း Dehydration ဖြစ်နေလားဆိုပြီး သတိထား စောင့်ကြည့်ပါ။
  • ကြောင်နဲ့ ခွေးတွေမှာဆိုရင်လည်း သူတို့ ဖြစ်နေတာကို ‌မပြောပြတတ်တာကြောင့် အခုလို လက္ခဏာများကို ဂရုတစိုက် စောင့်ကြည့်စေချင်ပါတယ်။

အရေပြား စိုပြေမှု ယိုယွင်းခြင်း [Skin Pinch Test – ပင်ချိနှေးလာခြင်း]

မိမိ တိရဲ့ လည်ပင်းနဲ့ ပုခုံးအနားက အရေပြားအချို့ကို လက်မနဲ့ လက်ညှိုး ကနေ ဆွဲယူကာ ပြန်ချလိုက်ပါ။ အရေပြားက သူ့နေရာသူ ချက်ချင်း ပြန်ရောက်သွားမယ်ဆိုရင် စိတ်ချရပါတယ်၊ မဟုတ်ဘူး ကြာနေတယ် ဆိုရင် ခန္ဓာကိုယ် လက္ခဏာတွေ စောင့်ကြည့်‌တော့ပါ။

  • ဆီးသွားမှုနှင့် ဝမ်းထွက်မှု ပုံမှန် ရှိမရှိ စောင့်ကြည့်ပါ။
  • အရေပြားနှင့် ပါးစပ်စေးမှုကို အပတ်စဉ်စစ်ဆေးပါ။ စတဲ့ အချက်တွေကို သတိမူ ရပါမယ်။

ကြောင်နဲ့ ခွေးတွေကို Dehydration ကနေ ကာကွယ်ပေးမယ့် နည်းလမ်းတွေကတော့

ရေသောက်ခြင်းကို လှုံ့ဆော်ပေးရပါမယ်။ ဥပမာ အနေဖြင့် ရေခဲတုံး [Ice cubes] ပေးပြီး တဖြည်းဖြည်း သောက်ခိုင်းခြင်း ဖြစ်ပါတယ်။

ရေကျနေတဲ့ Water Fountains သုံး‌ပေးလို့ရပါတယ်။ ဘာလို့ဆို ကြောင်တွေဟာ စီးနေတဲ့ ရေကို ပိုနှစ်သက် တာကြောင့် နောက်ခံရေစီးသံကြားရတဲ့အခါ ရေသောက်ချင်စိတ် ဖြစ်ပေါ်လာပါတယ်။

ရေဓာတ် ဖြည့်ဆည်းပေးခြင်း ဖြစ်ပါတယ်။ Vet မှ အကြံပြုပါက Pet-Safe Electrolyte Solutions ကို တိုက်ကျွေးခြင်းတို့ ဖြစ်ပါတယ်။ Dehydration ပြင်းထန်လာပါက ချက်ချင်း နီးစပ်ရာ Vet ဆေးခန်း သို့ ခေါ်ဆောင်ရန် အရေးကြီးပါတယ်နော်။ အကယ်၍ မတော်တဆ Dehydration ဖြစ်သွားမယ်ဆိုရင် First Aid – အနေဖြင့် အိမ်မှာ ORS အလွယ်တကူ ပြုလုပ်လို့ရပါတယ်။

နည်းလမ်းကတော့ ~

  • 1/2 teaspoon ဆား
  • 6 teaspoons သကြား
  • 1 Litre ရေသန့်  တို့ဖြင့် ဖျော်စပ်ကာ
  • Dehydration ဖြစ်နေတဲ့ လူကို သောက်ခိုင်းနိုင်ပါတယ်။

Severe Dehydration ဖြစ်နေပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန် ခေါ်ဆောင်ရန် အရေးကြီးပါတယ်။

နွေရာသီမှာ ကျန်းမာစွာ ဖြတ်သန်းဖို့ Hydrated ဖြစ်နေဖို့ မမေ့ပါနဲ့နော်။ တနေ့ ရေ 8 ခွက် [2L] သောက်ပြီး “ဝအောင်သောက်၊ လှအောင်သောက်” လို့ သတိရလိုက်ကြပါ။

Content Writer Zar Chi Win

Graphic Khine Wutt Hmone

Share your love : ❤️