Professionalism

Professionalism ဖြစ်ဖို့ ကျွန်တော်တို့ရဲ့ College year ကာလတွေမှာ ဘယ်အရာတွေက အဓိကပြင်ဆင်ဖို့လိုအပ်တာလဲ? ဒါ့အပြင် တခြားရှုထောင့်တွေကနေ ဘယ်လိုသုံးသပ်လို့ရလဲ?
Share your love : ❤️

Professionalism ဖြစ်ဖို့ ကျွန်တော်တို့ရဲ့ College year ကာလတွေမှာ ဘယ်အရာတွေက အဓိကပြင်ဆင်ဖို့လိုအပ်တာလဲ? ဒါ့အပြင် တခြားရှုထောင့်တွေကနေ ဘယ်လိုသုံးသပ်လို့ရလဲ?

ဒီအကြောင်းအရာတွေကိုတော့ Summary အနေနဲ့ အတိုချုံး ဆွေး‌‌နွေးပေးသွားမှာပဲဖြစ်လို့ ပုံတစ်ပုံချင်းစီမှာ အသေးစိတ်ဖတ်လိုက်ကြရအောင်နော်။

ဒါ့အပြင် Student Life & Professional Working Life ဆိုတဲ့ LifeStyle [2] ခုကို လက်ရှိမှာဖြတ်သန်းနေကြတဲ့ မန္တလေးသူ၊ မန္တလေးသားလူငယ်များအတွက်လည်း မိမိ‌ရှေ့ဆက်လျှောက်လမ်းရမဲ့ ရှေရည်ခရီးမှာ Balance ဖြစ်အောင်လုပ်နိုင်ဖို့အပြင် အခြားပညာရေးအခွင့်အလမ်းကောင်းတွေကို ရရှိဖို့အတွက် “Me2” On-ground Event ကို ဖန်တီးပေးလိုက်ပါပြီနော်။

“Me2 Event” ကိုတော့ လာမည့် [ March 10,Sunday, 10AM ~ 2PM, Mandalay ] မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်၀င်စားလို့တက်ရောက်ချင်တဲ့သူတွေအနေနဲ့ အခုပေးထားတဲ့ bit.ly/Me2RegisterForm ထဲမှာ Register လုပ်နိုင်ပါတယ်နော်။

“ Me2” Event အကြောင်းကို အသေးစိတ်ဖတ်ရှုလိုပါကလည်း bit.ly/Me2Event ထဲမှာ ဖတ်ရှုနိုင်ပါတယ်။

1) Preparation [ကြိုတင်ပြင်ဆင်ခြင်း]

1 ) Preparation Professionalism Hype Think Education

အဓိကအချက်က ကြိုတင်ပြင်ဆင်ခြင်းပါ။ “ ပွဲမဝင်ခင်အပြင်ကကျင်းပ” ဆိုတဲ့အတိုင်း ကြိုတင်ပြင်ဆင်ထားခြင်းဟာ မိမိပြုလုပ်ရန်စီစဉ်ထားတဲ့ မည်သည့် လုပ်ငန်းဆောင်တာကိုမဆို အသင့်ဖြစ်နေပြီး အဆင်ပြေချော့မွေ့စွာပြီးမြောက်‌စေပါတယ်။ Professional ဆန်စေဖို့ မိမိရဲ့ Student Life ကတည်းက ဘယ်အရာကိုမဆို ကြိုတင်စီစဉ်ထားခြင်းဟာ သင့်ရဲ့စိတ်ပူပန်မှုကို‌‌လျှော့ချပေးသည့်အပြင် မိမိကိုယ်ကိုသေချာမှု [Self assured] ဆိုတဲ့ယုံကြည်မှုတွေကိုပါ ဖြစ်ပေါ်လာစေသည့်အတွက် စိတ်ပိုင်းဆိုင်ရာကိုပါ ကောင်းမွန်စေတဲ့ အလေ့အကျင့် [ Habit ] တစ်ခုပဲ ဖြစ်ပါတယ်။

2) Punctuality [အချိန်မှန်ခြင်း]

2 ) Punctuality Professionalism Hype Think Education

ဒါဟာ ပြုစုပျိုးထောင်ဖို့အရေးကြီးဆုံးအချက်ပါ။ အချိန်တိကျသူတစ်ဦးဟာ အချိန်ရဲ့အရေးကြီးမှုကို ကောင်းကောင်းနားလည်ပြီး မိမိရဲ့အချိန်အပြင် အခြားသူများရဲ့ အချိန်‌ကိုပါ လေးစားတတ်တာကြောင့် Competent ဖြစ်တဲ့သူတွေမှာပဲတွေ့ရတဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။

ထို့အပြင်ကြိုတင်ပြင်ဆင်ခြင်းဟာအချိန်မှန်ခြင်းနဲ့ဆက်နွယ်ပါတယ်။ ကြိုတင်ပြင်ဆင်ခြင်းကြောင့် အချိန်မှန်ခြင်းတွေဖြစ်လာတဲ့အတွက် Time management ဟာ သင်ယူဖို့လိုအပ်တဲ့ Life-long style တစ်ခုပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ‘ဝီရိယ’ ဟုဆိုနိုင်ပြီး ဝီရိယသုံးခြင်းဖြင့် လစ်ဟာမှုမရှိအောင် ကြိုးစားရပါမယ်။

3 ) Mindset [တွေးခေါ်မှု]

3 ) Mindset Professionalism Hype Think Education

စိတ်ဓာတ်ပိုင်းဆိုင်ရာအနေနဲ့ ပျင်းရိခြင်း [ Sloth ] နဲ့ အချိန်‌‌ဆွဲခြင်း [ Procrastination ] ဟာ Must Avoid ပါ။ တစ်ခုခုကိုပြုလုပ်ရန်အချိန်မဆွဲဘဲ မဆိုင်းမတွထလုပ်ခြင်းဟာ Professional တစ်ဦးရဲ့ စိတ်ဓာတ်ခံယူချက်တစ်ခုပါ။ “ အဓိကနဲ့ သာမည” ကို ကောင်းကောင်းခွဲခြားတတ်ပြီး လုပ်သင့်လုပ်ထိုက်တာကို ပြီးစီးအောင်လက်စသတ် နိုင်ခြင်းပဲဖြစ်တယ်။ကိစ္စရပ်တစ်ခုခုကို ပြီးမြောက်အောင်ပြုလုပ်ပြီးမှ အနားယူခြင်းဟာသင့်ကို Deadline struggling မဖြစ်စေပါဘူး။ [Do it first, rest later]

ထိုအပြင် Self-reliance ရှိခြင်းဟာမိမိရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ပုံရိပ်ကောင်းတစ်ခုဖြစ်ရ န် တည်ဆောက်ခြင်းပဲ ဖြစ်တယ်။ မိမိကိုယ်တိုင် ပြသာနာတစ်ခုကို အရင်ဖြေရှင်းရန်ကြိုးစားသင့်ပြီး လိုအပ်မှသာအကူအညီတောင်းခြင်းဟာ မိမိကိုယ်ကို ရပ်တည်နိုင်တဲ့ Indenpent အမှီအခိုကင်းသူတစ်ယောက်အဖြစ် Qualified ဖြစ်‌စေတဲ့အပြင် Leadership အပိုင်းမှာလည်း တိုးတက်မှုရှိကာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာ‌စေရန် အလားလာရှိနိုင်ပါတယ်။

4 ) Courtesy [ယဉ်ကျေးပျုငှာမှု]

4 ) Courtesy Professionalism Hype Think Education

ရှုထောင့်တစ်ခုကကြည့်ရင် ယဉ်ကျေးစွာဆက်ဆံတတ်ခြင်းဟာ အရေးကြီးပါတယ်။ ယဉ်ကျေးစွာ ဆက်ဆံခြင်းဆိုသည်မှာ စကားပြောဆိုသည့်နေရာတွင်သာမဟုတ်ဘဲ စာကြည့်တိုက်ထဲတွင် အခြားစာဖတ်သူများ အနှောင့်အယှက်မဖြစ်စေရန် မိမိရဲ့ဖုန်းကို အသံတိုးထားခြင်း [ Mute ]၊ အသက်ကြီးသူတွေကိုနေရာပေးခြင်းအစရှိတဲ့ အပြုအမူ [ Behaviour ] တွေက သင့်ကို High standard ဖြစ်စေပြီး Professional တစ်ယောက်အနေဖြင့်လည်း Image ကောင်းတစ်ခုကို ရရှိစေပါတယ်။

Content Writer Hnin Inzli

Graphic Designer Nway Yamon Shin

Share your love : ❤️