[In Burma]
အိမ်စာဆိုသည်မှာ ကျောင်းသားများအား အိမ်တွင်ပြုလုပ်ရန်ပေးသောအလုပ်များ [သို့မဟုတ်] သင်ခန်းစာများဖြစ်သည်။
သင်က ကျောင်းသားတစ်ယောက်လား? ဒါဆို အိမ်စာတွေပေးတာကိုရော သဘောကျလား? [ဒါမှမဟုတ်] ကျောင်းမှာ အားလုံးကို ပြီးအောင်လုပ်ရတာကို ကြိုက်လား?
အိမ်စာလုပ်ခြင်း၏ ကောင်းကျိုးတွေအပြင် အားနည်းချက်တွေလည်း အများကြီးရှိပါတယ်။
ပထမဆုံးအနေနဲ့ ဘယ်လိုမျိုးကောင်းကျိုးတွေလဲရှိသလဲဆိုတာ လေ့လာကြည့်ရအောင်။
အိမ်စာလုပ်ခြင်း၏ ကောင်းကျိုးများ
အိမ်စာပြီးရမည့် deadlineအချိန်ကိုလည်း သတ်မှတ်ထားသောကြောင့် ကျောင်းသားများ၏ Time management skillsကို မြှင့်တင်နိုင်ပြီး၊ အိမ်စာများကိုလည်း သတ်မှတ်ထားသည့်အချိန်တွင်း ပြီးမြောက်စေသည်။
အိမ်စာသည် ကျောင်းမှာမရှိရင်တောင် ကျောင်းသားတွေကို သူတို့ရဲ့လေ့လာမှုနဲ့ ချိတ်ဆက်ထားနိုင်သည့်အတွက် အိမ်စာလုပ်ခြင်းသည် ကျောင်းသားများ လက်ရှိသင်ကြားနေသော သင်ခန်းစာများကို ကောင်းစွာနားလည်သဘောပေါက်ခြင်း ရှိ၊ မရှိနှင့် အိမ်တွင် ကိုယ်တိုင်လေ့လာသောအခါတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆရာ၊ဆရာမများ သိနိုင်ပါသည်။ အိမ်တွင် တစ်ဦးချင်း အိမ်စာလုပ်ခြင်းကြောင့် ကျောင်းသားများအနေဖြင့် ပိုမိုလွတ်လပ်စွာ စာလေ့လာနိုင်ပါသည်။ ဒီအပြင် ကျောင်းသားများသည် ပိုမိုစည်းစနစ်ကျပြီး တာဝန်ယူစိတ် ပိုရှိလာစေသည်။
အိမ်စာလုပ်ခြင်း၏ အနုတ်လက္ခဏာဆောင်သောအချက်များ
ကျောင်းသားများသည် ကျောင်းတွင်လည်း စာကျက်ရသောကြောင့် မပြီးပြတ်သေးသော အလုပ်များ [သို့မဟုတ်] ဆရာများပေးသော လေ့ကျင့်ခန်းအသစ်များကို ယူဆောင်လာခြင်းသည် သူတို့အတွက် အလွန်စိတ်ဖိစီးမှုကို ရရှိစေပါသည့်အတွက် သူတို့ရဲ့ mental health ကို ထိခိုက်စေနိုင်သည်။
ထို့အပြင် စာများကိုတစ်ယောက်ထဲလုပ်ရတာ ဖြစ်သောကြောင့် ကိုယ်တိုင်သေချာမစဥ်းစားတော့ဘဲ အင်တာနက်မှတစ်ဆင့် အဖြေများကိုရှာရန် ကြိုးစားကြသည်။ အိမ်စာတွေအရမ်းများပြီး နားချိန်နှင့် ဖျော်ဖြေရေးများအတွက်အချိန်မပေးနိုင်ပါက နောက်နေ့တွင် ကျောင်းတက်ရန် စိတ်ဓာတ်ကျစေနိုင်သည်။ အချို့သောမေးခွန်းများကို နားမလည်ပါက ရုန်းကန်ရနိုင်သည်။
အနှစ်ချုပ်
ဤအရာများသည် အိမ်စာလုပ်ခြင်း၏ အပြုသဘောဆောင်သောအချက်များနှင့် အနုတ်လက္ခဏာဆောင်သောအချက်များဖြစ်သည်။ ငယ်ငယ်တုန်းက အိမ်စာတွေကို ကြိုက်လား။ အိမ်စာနှင့်ပတ်သက်ပြီး သင်အကြိုက်နှင့် မကြိုက်သည့်အချက်တွေကဘာတွေရှိလဲ? အိမ်စာလုပ်ရတာကိုရော ပျော်စရာလို့ ထင်လား?