“ သစ်ချည်းပဲထိုင်ခုတ်နေတာထက် ပုဆိန်သွေးဖို့လိုလာပြီ” ဆိုတဲ့ စကားပုံကဘာလဲဘယ်လိုအရေးပါနိုင်သလဲ?
“ သစ်ချည်းပဲထိုင်ခုတ်နေတာထက် ပုဆိန်သွေးဖို့လိုလာပြီ” ဆိုတဲ့ စကားပုံရဲ့အဓိပ္ပါယ်က ဘာလဲ? ဘယ်လိုအရေးပါလဲ? ဆိုတာကို Hype Think Education ကနေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
- သစ်ချည်းပဲထိုင်ခုတ် = အကျိုးမဲ့တဲ့အလုပ်တစ်ခု လုပ်နေရခြင်း
- ပုဆိန်သွေး = လုပ်အားထုတ်ရပေမယ့် အကျိုးရှိတဲ့အလုပ် တစ်ခု
ဒီစကားလုံးဟာ တကယ်ကိုတန်ဖိုးရှိပါတယ်။
တချို့လူတွေက ကိုယ့်အတွက်အကျိုးမရှိတာကို သ်ိပေမယ့်လည်းအချ်ိန်ကို ဖြုန်းမိတတ်ကြပါတယ်။ တစ်နေကုန်ဖုန်းကြည့်နေတာ၊ ဖတ်စရာမလိုတဲ့ “Post” တွေနဲ့ တုန့်ပြန်နေတာ၊ သူများဘဝကို စောင့်ကြည့်နေတာဟာ မသိမသာနဲ့ ကိုယ့်ဘဝအတွက် တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်စေပါတယ်။ ဘာမှမဖြစ်သေးတာကို “အေးအေးချမ်းချမ်း” လို့ ခံယူနေတာဟာ တကယ်တန်ဖိုးမဲ့တတ်ပါတယ်။
ကိုယ်လုပ်နေတာက ကြိုးစားနေရတာလို့ ထင်နေပေမဲ့ တကယ်တော့ “သစ်ချည်းပဲထိုင်ခုတ်နေတာ” မျိုးဖြစ်နေတတ်ပါတယ်။
အချိန်လည်းကုန်၊ ကိုယ်လည်းပင်ပန်းရပေမယ့် သစ်ချည်းပဲထိုင်ခုတ်နေတာမျိုးက ဘာမှမတိုးမတက်ပါဘူး။ ဘဝမှာတကယ်တိုးတက်ချင်တဲ့သူ တစ်ယောက်ဆိုရင်တော့ တချို့အချိန်တွေမှာ ကိုယ့်ကိုယ်ကို မနာလိုစေတဲ့သူတွေကို အားကျမိတာကိုပဲ အခွင့်အလမ်းအဖြစ်သုံးပြီး “ပုဆိန်သွေး” ဖို့ စလုပ်သင့်ပါတယ်။
ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ကိုယ်တကယ်စိတ် အေးချမ်းရတဲ့ဘဝကိုပိုင်ဆိုင်ဖို့အတွက် တန်ဖိုးရှိတဲ့အနာဂတ်နဲ့ တွေ့ချင်တယ်ဆိုရင် အခုချိန်ကစလို့ ပျော်စရာတွေနဲ့ အနားမှာအချိန်ကုန်မနေတော့ဘဲ အနာဂတ်အတွက် တဖြည်းဖြည်းပုဆိန်သွေးဖို့ကောင်းတဲ့အချိန် လိုအပ်ပါတယ်။
မနက်ဖြန်ဆိုပြီးနားနေတာက မနက်ဖြန်မှာ အောင်မြင်နေမယ်ဆိုတာ မသေချာတာကြောင့် အခုနားမနေသင့်ပါဘူး။ နေ့တိုင်းတဖြည်းဖြည်း မတိုးတက်ပဲနေရင် တစ်နေ့မှာတော့ ကိုယ့်အတွက်ဘာမှကျန်ရှိမှာမဟုတ်ပါဘူး။ အနာဂတ်အတွက်အနားယူမယ့်အချိန်တွေကို ဒီနေ့အသုံးချမှသာ ကိုယ်လိုချင်တဲ့ဘဝကို ရရှိမှာပါ။
အဲ့တာကြောင့် ကိုယ့်ဘဝအတွက် မလိုအပ်တဲ့နေရာမှာ အချိန်ကုန်ပြီးအသက်ရှင်နေမယ့်အစား ရှင်သန်တာခြင်း အတူတူ ပုစိန်သွေးသလို ကိုယ့်ဘဝတွက်အရေးပါတဲ့ နေရာတွေမှာပဲ ကိုယ့်အချိန်တွေ ကိုယ့်ခွန်အားတွေကို အကောင်းဆုံးအသုံးချလိုက်ကြရအောင်နော်။
အချိန်တွေကို ဘယ်လိုအသုံးချတတ်ရမလဲ? ဘယ်လိုအကျိူးရှိအောင်ကိုယ့်အတွက်ဘာတွေရယူနိုင်မလဲ? စတဲ့အကြောင်းအရာတွေကို သိရအောင်လို့ Hype Think Education ကို Follow လုပ်ပြီးတော့ စောင့်မျှော်ဖတ်ရူပေးပါဦးနော်
Content Writer Khin Myo Lae Yee
Graphic