Requirements to be a Good Pronunciations

English Speakingကို ကောင်းကောင်းမွန်မွန်ပြောဆိုနိုင်ဖို့အတွက်Pronunciationက အခရာကျလာပါတယ်။ ဒီနေ့မှာတော့ Pronunciationကောင်းအောင် ဘာတွေလိုအပ်သလဲဆိုတာ မျှဝေပေးသွားပါမယ်။
Share your love : ❤️

Hello ထုခွန်တို့ရေ “ ယနေ့ခေတ်မှာ English Speakingကို ကောင်းကောင်းမွန်မွန်ပြောဆိုနိုင်ဖို့အတွက်Pronunciationက အခရာကျလာပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Pronunciationကောင်းအောင် ဘာတွေလိုအပ်သလဲဆိုတာ မျှဝေပေးသွားပါမယ်။

ပထမဦးဆုံးအနေနဲ့ pronunciation ကောင်းချင်သူတွေက “a to z” စတဲ့ “Alphabet“တွေကို အသံထွက်ပီပီ ရွတ်ဖတ်တတ်ဖို့ လိုပါတယ်ခင်ဗျ။

English Alphabetsမှာ Capital Letter နဲ့ Small Letter ဆိုပြီး နှစ်မျိုးရှိပါတယ်။ (ဆိုလိုတာက English Literatureက သတ်မှတ်ထားတဲ့ စာလုံးအကြီးနဲ့အသေးကို ပြောချင်တာဘဲ ဖြစ်ပါတယ်။)

စာကြောင်းတစ်ကြောင်း စရေးတော့မယ်ဆိုရင် English Alphabet Capital Letterနဲ့ စရေးရမယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ နောက်တစ်ခု သတိထားရမှာက အသံထွက်တဲ့အခါမှာ အခုမှစပြီး လေ့လာတဲ့ English Learner တွေအတွက်ဖြေးဖြေးနဲ့ မှန်မှန် ဂရုပြုပြီး အသံထွက်

လေ့ကျင့်ရမယ့် Alphabetsတွေကတော့ “ L, M, N, Q, V, X, Z “တို့ဘဲ ဖြစ်ပါတယ်။

( L – လျှာက အာခေါင်မာကို ထောက်ပြီး ဖတ်ရန် )
( M – မိမိပါးစပ်ကို ပိတ်ပြီး အသံထွက်ရွတ်ဆိုရန် )
( N – သွားနဲ့ လျှာကို အနည်းငယ်ထိပြီး ဖတ်ရန်)

Mainအနေနဲ့ သိထားရမှာက Pronunciationsပိုင်နိုင်ဖို့ အတွက် ဘယ် Phonetic Classတွေ / တခြား Courseတွေကိုမှ တက်စရာမလိုပါဘူး။ မိမိကိုယ်တိုင် ငယ်စဉ်က စသင်ခဲ့ရတဲ့ English Literature ရဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ Alphabetsတွေ “ “vowel “ တွေ “consonant” တွေရဲ့ အသံထွက်တစ်လုံးချင်းစီကို ပိုင်ပိုင်နိုင်နိုင်သိအောင်၊ရွတ်ဖတ်နိုင်အောင် ကြိုးစားခြင်းအားဖြင့် pronunciations ဒီထက်မက ပိုကောင်းလာဖို့ အလားအလာများစွာ ရှိတဲ့ဆိုတဲ့ အကြောင်းအကြံပြုလိုက်ရပါတယ်ခင်ဗျ…

Content Writer by Minn Htet Hein 

Share your love : ❤️