Resilience : Doing Best To Survive

စိတ်ပညာရှင်တွေက လူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတစ်ခုခုနဲ့ ရင်ဆိုင်ဖူးတယ်၊ ဒါကို ငြိမ်သက်စွာ ရင်ဆိုင်နိုင်သူတွေအပေါ်မှာ "Resilience" ဆိုတဲ့စကားလုံးကို အသုံးပြုကြပါတယ်နော်။

Share your love : ❤️

လူတိုင်းဟာ သူတို့သိတဲ့နည်းနဲ့ ရှင်သန်နေကြရတာမလား?

တခါတလေ စိတ်ဖိစီးမှုတွေကြားမှာ မိမိစိတ်ကို ခဏလောက် ရပ်လိုက်ပြီး မိမိပတ်ဝန်းကျင်ကိုတစ်ချက် ပြန် ကြည့်ကြည့်ပါ။ မကြာသေးခင်က ပြုံးနေတဲ့သူတစ်ယောက်ဟာ အနားမှာငြိမ်သက်တုန်လှုပ်နေတတ်ပါတယ်။

ဘယ်သူမှအလွယ်တကူနေမနေရပါဘူး။ လူတိုင်းက သူတတ်နိုင်သလောက်နဲ့ သူ့သိတဲ့နည်းနဲ့  စိုးရိမ်မှု၊ စိတ်ညစ်မှု၊ အထီးကျန်မှုတွေကိုရင်ဆိုင်ဖို့ ရှင်သန်နေ ကြရပါတယ်။

စိတ်ပညာရှင်တွေက လူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတစ်ခုခုနဲ့ ရင်ဆိုင်ဖူးတယ်၊ ဒါကို ငြိမ်သက်စွာ ရင်ဆိုင်နိုင်သူတွေအပေါ်မှာ “ Resilience” ဆိုတဲ့စကားလုံးကို အသုံးပြုကြပါတယ်တဲ့။ ဒီနေ့မှာတော့ Hype Think Education ကနေ ဖော်ပြပေးသွားမဲ့ ငြိမ်သက်စွာ ရင်ဆိုင်နိုင်မှု “ Resilience” ဆိုတဲ့ အ‌‌‌ကြောင်းကို အဆုံးထိ ဖတ်သွားပေးပါအုံးနော်။

Dr. Ann Masten ကတော့ လူသားတွေရဲ့ စိတ်ခံစားနိုင်စွမ်းကို “ Ordinary Magic” လို့ ခေါ်ပါတယ်တဲ့။ အဲ့ဒါကတော့ ~

  • ရပ်တန့်ချင်သော်လည်း ထပ်မံစတင်တတ်တယ်။ 
  • သွားရာလမ်းမမြင်လည်း ရှာဖွေတတ်တဲ့စွမ်းအားပဲ ဖြစ်ပါတယ်။

Resilience ဆိုတာဘာလဲ? Resilience ဆိုတာဟာ ~

  • စိတ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ခုဖြစ်ပြီး
  • အခက်အခဲတွေကို တွန်းလှန် လွန်မြောက်နိုင်ခြင်းဆိုတဲ့ Bounce Back Power ပါ။
  • သစ်ပင်တစ်ပင်က လေတိုက်ပြင်းရင် တုန်လှုပ်သွားပေမယ့် ပြန်လည်ညှိယူသွားတတ်သလို၊
  • Concrete ထဲက ပန်းတစ်ပွင့်က တဖြည်းဖြည်း တက်လာသလိုပဲ
  • လူသားတွေရဲ့ စိတ်ထဲမှာပါ ဒီလိုတုံ့ပြန်နိုင်စွမ်းရှိတတ်ပါတယ်။

Resilience တည်ဆောက်ဖို့ လိုအပ်တဲ့ Key Skills [4] ချက်

1 ) Problem Solving Skill

ဘယ်လိုဖြေမလဲ မဖြစ်ခင် “ ဘာကိုဖြေမလဲ” ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားတတ်တာက ပိုအရေးကြီးပါတယ်။ တုံ့ပြန်မှုထက် တုံ့ပြန် ဦးနှောက်ကိုပဲ ပထမဆုံး အလုပ်လုပ်စေပါ။

 2 ) Goal Setting

ရိုးရှင်းတဲ့ရည်မှန်းချက်တစ်ခု ကို နေ့စဉ်တစ်ဆင့်ချင်းပြုလုပ်ခြင်းက ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့နဲ့ စနစ်တကျတိုးတက်ဖို့ ကူညီတတ်ပါတယ်။

 3 ) Emotional Regulation

စိတ်ကိုအေးအေးဆေးဆေးနဲ့ ထိန်းထားနိုင်ခြင်းက Resilience ရဲ့ အခြေခံပါ။ 🧘 [Mindfulness, Meditation] စတဲ့ ငြိမ်သက်မှုနဲ့ အသိပညာတရားတွေက ကိုယ့်စိတ်ကို သန့်စင်ပေးပါတယ်။

 4 ) Self-Awareness

ကိုယ့်စိတ်ကိုနားထောင်တတ်သူဟာ အပြင်လောကကိုလည်း နားလည်တတ်ပါတယ်။

“အခုပင်ပန်းနေသလား? စိတ်ညစ်နေလား? ဘာကြောင့်?” ဆိုတာကို မေးနိုင်ရင်… Inner Peace ကိုလည်း ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။

Resilience ကို တည်ဆောက်ဖို့ နည်းလမ်းအချို့ကတော့~

  • ကိုယ့်ကိုယ်ကို အပြုသဘောစကားမျိုး ပြောပေးပါ။
  • ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပါ။
  • နေ့စဉ်ခံစားချက်တွေ၊ သင်ခန်းစာတွေကို Journaling လုပ်ပါ။
  • ကျေးဇူးတင်စိတ် အလေ့အကျင့်ထားပါ။
  • ယုံကြည်ရသူတစ်ဦးနဲ့ Communicate လုပ်ပါ၊ စိတ်ထဲကအရာတွေကို ချပြဖို့လူတစ်ယောက်ရှိတာက Healing အတွက် အစပဲဖြစ်ပါတယ်။
  • အေးချမ်းတဲ့စာအုပ်၊ အကောင်းမြင်စရာတွေဖတ်ခြင်းက စိတ်ညစ်မှုတွေကို လျော့ချပေးတတ်ပါတယ်။
  • စူးစမ်းလိုစိတ်ကို ထိန်းသိမ်းထားပါ၊
  • ကိုယ့်ကိုယ်ကိုအနားယူခွင့်ပေးပါ။

အခက်အခဲတစ်ခုကို ကျော်ဖြတ်တဲ့အခါမှာ တည်ဆောက်လာတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ စွမ်းအားတွေက မနက်ဖြန်တွေ့ရမယ့် အကြပ်အတည်းတွေကို ရင်ဆိုင်နိုင်ဖို့ သင်တန်းဖြစ်လာတာပါ။

တခါတလေ လက်‌လျှော့လိုက်ရတဲ့ အခြေနေတစ်ခုမှာ ရပ်နားတာက ထွက်ပြေးတာမျိုး မဟုတ်ပါဘူး။ ဒါက နောက်တစ်ကြိမ် အင်အားဖြစ်လာဖို့ ကိုယ့်ကိုယ်ကို ပြန်နားထောင်တဲ့ အချိန်တစ်ခုဖြစ်ပါတယ်။

ဘယ်လိုပုံစံမျိုးနဲ့ပဲ ရှင်သန်နေရင်ဖြစ်စေ တစ်ယောက်ချင်းစီမှာ သူတို့ရဲ့ Ordinary Magic တစ်ခုရှိပါတယ်။ ဒီနေ့မှာလည်း ကိုယ့်ရဲ့ Magic ကို အသုံးချဖို့ ကြိုးစားလိုက်ကြစို့။

ဆက်လက် ဖတ်ရှူချင်တဲ့ Readers တို့အတွက် PositivePsychology.com ရဲ့ “What Is Resilience & Why Is It Important to Bounce Back?” ဆောင်းပါးလေးကိုလည်း ဖတ်ရှုနိုင်ပါတယ်နော်။

အခုလို ပညာရေးဗဟုသုတများကို သိနိုင်စေဖို့ Hype Think Education Page ကို Follow & Like လုပ်သွားဖို့ မမေ့ပါနဲ့နော်။

Content Writer Zar Chi Win

Graphic

Share your love : ❤️