ကျွန်တော်တို့ Startup world ကတော့ Passion, innovation နဲ့ များစွာသော Risk တွေပါဝင်ပြီးတော့ Roller coaster စီးနေရသလို စိတ်လှုပ်ရှားဖို့ ကောင်းလှပါတယ်။ ဆုံးဖြတ်ချက်တိုင်း အချိုးအကွေ့တိုင်းက ကိုယ်ကြိုးစားခဲ့သမျှကို စတေးရသလိုပါပဲ။ ဒါပေမဲ့ မကြောက်ပါနဲ့ Risk management ကို ချုပ်ကိုင်နိုင်သွားပြီဆိုတာနဲ့ အဲ့ဒီ ရက်စက်ကြမ်းကြုတ်တဲ့ နဂါးကြီးတွေကို ထိန်းရလွယ်တဲ့ သားကောင်တွေအဖြစ် ပြောင်းလဲနိုင်သလို ကိုယ့်ရဲ့ အောင်မြင်တဲ့ လမ်းခရီးအတွက် လမ်းခင်းလိုက်သလို ဖြစ်သွားပါလိမ့်မယ်နော်။
1 ) Charting the Risk Landscape:

ဖြစ်နိုင်ချေရှိတဲ့ Risk တွေကို ရှာဖွေဖို့ ခရီးစပြီဆိုတာနဲ့ အသက်ကို ဝဝရှူပြီး စိတ်ကို ရှင်းအောင် ထားလိုက်ပါ ကိုယ့်ရဲ့ Establishment ကို ခြိမ်းခြောက်လာနိုင်တယ်လို့ထင်ရတဲ့ roadblock တွေကို Identify လုပ်ပါ။ အဲ့ဒါတွေက ဈေးကွက်လမ်းကြောင်းပြောင်းတာတို့ ရန်ပုံငွေကွာဟလို့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြဿနာတွေနဲ့ နည်းပညာဆိုင်ရာ ချို့ယွင်းချက်တွေအထိ ပါဝင်နိုင်ပါတယ်။ စီးပွားရေးကျဆင်းတာလိုမျိုး ကြီးမားတဲ့ အရာကနေ supplier delay ဖြစ်တာလိုမျိုး သေးငယ်တဲ့ ကိစ္စတွေပါ မချန်ထားပါနဲ့နော်။ ဘယ်သူမှ မဝင်ရသေးတဲ့ ဂူထဲ ဝင်သလိုမျိုးလေး မြင်ယောင်ကြည့်ပါ။ ထောင့်တိုင်းမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေကို.မြင်ရဖို့အတွက် မီးအိမ်လိုတယ်လေနော်။
2 ) Assessing the Threat Level:

နဂါးတိုင်းက မတူပါဘူး။ ကိုယ်ရင်ဆိုင်ရမဲ့ အရာကို ဖော်ထုတ်ပြီးတာနဲ့ ဖြစ်နိုင်ခြေတွေကို အကဲဖြတ်ပြီးတော့ တစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာလိုက်ပါနော်။ ဒါက ကိုယ့်ရဲ့ ခုခံကာကွယ်ဖို့ နည်းလမ်းတွေကို ဦးစားပေးသလိုမျိုး ဖြစ်သွားပြီးတော့ ကိုယ်လိုတဲ့ အရာတွေကို စနစ်တကျ နေရာချထားဖို့ အကူအညီဖြစ်စေမှာပါ။ လုံးဝပြောင်းလဲထားတဲ့ Product နဲ့ ယှဉ်ပြိုင်တဲ့သူက ချို့ယွင်းနေတဲ့ လက်ရာထက် ပိုပြီးတော့ Attention ပိုရသင့်ပါတယ်။ Dungeon တွေထဲက အဆင့်တွေကို စဉ်းစားကြည့်လိုက်ရင် ပထမအဆင့်တွေမှာတော့ သိပ်ပြီး မကြိုးစားရပေမဲ့ နောက်ပိုင်းကျရင်တော့ ခက်ခဲလာပါတယ်။ အဲ့လိုအချိန်ကျရင်တော့ နောက်တစ်ဆင့်ကို ကျော်ဖြတ်နိုင်ဖို့ သင့်တော်တဲ့ Resource အသုံးပြုဖို့ လိုအပ်လာပါတယ်။
3 ) Fortifying Your Defenses :

အခုက ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အပိုင်းလေး လာပါပြီ။ ဒါကလေ ကိုယ့်ကို ခြိမ်းခြောက်လာနိုင်တဲ့ အရာကို မတွေ့ခင်မှာတင်ပဲ စတင်နိုင်ပါတယ်။ ဒါက ကိုယ့်ရဲ့ ခက်ခဲတဲ့အချိန်တွေအတွက် financial planning လုပ်တာ၊ လည်လည်ဝယ်ဝယ်ရှိတဲ့ ကုန်သည်တစ်ယောက်လိုမျိုး ကိုယ့်ရဲ့ ဝင်ငွေလမ်းကြောင်းကို ကွဲပြားအောင် လုပ်တာ အပြန်အလှန် Supporting လုပ်ဖို့ ခိုင်မာတဲ့ Partnership တွေ တည်ဆောက်တာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အခက်အခဲနဲ့ ကြုံလာရင် ဘယ်လိုတောင့်ခံနိုင်မလဲဆိုတာ စမ်းသပ်တာမျိုး စတာတွေပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စွန့်စားခရီးသွားတယ်လို့ မြင်ယောင်ပြီးတော့ ကိုယ်သွားမဲ့လမ်းအတွက် လိုအပ်တာတွေကို ပြင်ဆင်ကြည့်ပါနော်။
4 ) Being vigilant:

Risk management ဆိုတာက တစ်ချက်တည်း အပြီးသတ်ရတဲ့ Quest မျိုး မဟုတ်ပါဘူး။ ဒီလိုမျိုး စွန့်ဦးတီထွင်မှုတွေ များစွာ ဖြစ်ထွန်းနေတဲ့ လောကရဲ့ Landscape ဟာဆိုရင် ဆက်တိုက်ဆိုသလို ပြောင်းလဲလို့ နေပါတယ်။ ဒီလိုမျိုး ပြောင်းလဲမှုတွေက ကိုယ်မထင်ထားလောက်တဲ့ အန္တရာယ်တွေ ခြိမ်းခြောက်မှုတွေကို မီးမောင်းထိုးပြနေသလိုပါပဲ။ အဲ့ဒါကြောင့်မလို့ ကိုယ့်ရဲ့ Risk profile ကို သေချာကြည့်ပြီး နည်းဗျူဟာတွေကို လိုသလို ပြောင်းလဲသင့်ပါတယ်။ ကိုယ့်အမှားတွေကို ပြန်သင်ယူရင်း အသစ်သစ်သော ဗဟုသုတတွေနဲ့ လိုအပ်ရင် လိုအပ်သလို ပြန်ပြီးတော့ ကောင်းမွန်လာအောင် ကြိုးစားသင့်ပါတယ်။ Hero တွေတောင်မှ သူတို့ရဲ့ နည်းဗျူဟာတွေ အောင်မြင်ဖို့အတွက် Plan တွေ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို စူးစမ်းနေသလိုမျိုး မြင်ယောင်ကြည့်ပြီးတော့ ကိုယ်သွားမဲ့ လမ်းကြောင်း ရှင်းလင်းစေဖို့အတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ခုခံကာကွယ်ဖို့ နည်းဗျူဟာတွေကို ပြင်ဆင်ကြည့်တာမျိုး လုပ်ကြည့်ပါနော်။
5 ) Embrace the Dance with Risk:

နောက်ဆုံးအနေနဲ့ Risk ဆိုတာက ကိုယ်မလွဲမသွေ ရင်ဆိုင်ရမဲ့ အရာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ စွန့်ဦးတီထွင်မှုခရီးကို ပိုပြီး Fascinating ဖြစ်စေတဲ့ ဒီခရီးမှာ ကိုယ်လိုအပ်တဲ့ အဖော်တစ်ယောက်ပါ။ ကိုယ့်ကိုတော့ မထိခိုက်စေပါနဲ့။ ကိုယ့်အမှားတွေကနေ ပြန်သင်ယူ၊ အစကနေ ပြန်စ၊ ပြီးရင် လိုအပ်သလို Adjust လုပ်ကြည့်နော်။ Risk management အတွက် ဒီနည်းလမ်းကို ကျင့်သုံးခြင်းအားဖြင့် သူ့ကို ကြောက်စရာရန်သူကနေ ကိုယ့်ရဲ့ Resilience နဲ့ Growth အတွက် တန်ဖိုးရှိတဲ့ Guide အဖြစ် ပြောင်းလဲလို့ ရပါတယ်။
ဒီနည်းလမ်းတွေကို လိုက်နာရင်း ကိုယ့်ရဲ့ Legendary success အတွက် စတင်ရာမှာ Risk management ကို လျှို့ဝှက်လက်နက်အနေနဲ့ ပြောင်းသုံးလိုက်လို့ ရပါတယ်။ ဆိုတော့ သွားပေဦးတော့ ရဲရင့်တဲ့ entrepreneur လေးတို့ရေ။ ပြီးတော့ မမေ့နဲ့နော် Risks ဆိုတဲ့ နဂါးတွေကို အောင်နိုင်ဖို့က သူတို့ကို ရှောင်တာမဟုတ်ဘဲ သတ္တိရှိရှိ၊ သွက်သွက်လက်လက်နဲ့ ကောင်းမွန်တဲ့ risk management strategy တွေကို သုံးလို့ ရပါတယ်နော်။
Translator by Shun
Graphic by Wathone Oo