Self Care Routines That Actually Work

နေ့စဉ်ဘဝမှာ အိမ်အလုပ်၊ ကျောင်းကိစ္စ၊ ရုံးအလုပ်၊ ရင်းနှီးသူတွေနဲ့ ပြောဆိုဆက်ဆံရင်း စိတ်ဖိစီးမှုတွေ ဖြစ်နေတဲ့ကြားထဲမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်မလား? တကယ်ပဲ တစ်နေ့တာ အလုပ်များမှုကြားအချိန်တွေမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

Share your love : ❤️

နေ့စဉ်ပြုလုပ်ရင် တကယ်အကျိုးရှိတဲ့ Self Care Routine အချက် [10] ချက်

နေ့စဉ်ဘဝမှာ အိမ်အလုပ်၊ ကျောင်းကိစ္စ၊ ရုံးအလုပ်၊ ရင်းနှီးသူတွေနဲ့ ပြောဆိုဆက်ဆံရင်း စိတ်ဖိစီးမှုတွေ ဖြစ်နေတဲ့ကြားထဲမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်မလား? တကယ်ပဲ တစ်နေ့တာ အလုပ်များမှုကြားအချိန်တွေမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

ဒီနေ့မှာတော့ တကယ်အကျိုးရှိပြီး စိတ်ရောကိုယ်ပါ လန်းဆန်းပျော်ရွှင်ဖို့ လိုက်နာလုပ်ဆောင်လို့ရမဲ့ Self Care Routines နဲ့ပတ်သတ်တဲ့ အချက်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီအလေ့အထတွေကို တစ်ပြိုင်နက်တည်း လိုက်မလုပ်ဘဲ တစ်ခုပြီးမှ တစ်ခုစမ်းသပ်ကြည့်ပြီး ကိုယ်နဲ့ ကိုက်ညီမဲ့ အချက်ကို ရွေးချယ်ဖို့ ဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ဖော်ပြပါအချက်တွေကို ဖတ်ကြည့်ပြီး ကိုယ်နဲ့ကိုက်ညီမှုအရှိဆုံး အလေ့အထက ဘာဖြစ်မလဲဆိုတာ Comment ချန်ခဲ့ပေးပါဦးနော်။

နောက်ထပ်လဲ ဗဟုသုတရရှိစေမဲ့ အကြောင်းအရာတွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Hype Think Education ကို See First လုပ်ထားဖို့ မမေ့နဲ့နော်။

[1] ပြင်ပမှာ အချိန်ကုန်ဆုံးစေခြင်း

ဒီလိုပြုလုပ်ခြင်းက သဘာဝနဲ့ထိတွေ့စေပြီး စိတ်ဖိစီးမှုကို [50%] လောက်အထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေက ပြောထားတာမို့ မနက်ခင်း လမ်းလျှောက်တာ၊ ပန်းခြံမှာ စာအုပ်ဖတ်တာ၊ Instagram Post အတွက် သဘာဝ ပုံရိပ်တွေကို ရိုက်ယူတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။

[2] ခဏတဖြုတ်အနားယူခြင်း

နေ့လည် နေ့ခင်း မိနစ် [20] လောက်ဖြစ်ဖြစ် အိပ်စက်အနားယူတာမျိုးပြုလုပ်တာက ဦးနှောက်စွမ်းရည်ကို ပြန်လည်မြင့်တက်စေပါတယ်။

[3] ဖုန်းကို ခဏပိတ်ထားခြင်း

တစ်ခါတစ်ရံမှာ Digital Detox လုပ်တာက စိတ်ငြိမ်းချမ်းမှုကို အမြန်ဆုံးပြန်လည်ရရှိစေပါတယ်။ ဥပမာ “Offline Challenge” နဲ့ “Do Not Disturb” On ထားတာတွေလို အချိန်အပိုင်းအခြားနဲ့ လုပ်ထားတာမျိုးတွေပေါ့။

[4] ပွေ့ဖက်နှစ်သိမ့်ခြင်း

ကိုယ်ချစ်ခင်နှစ်သက်ရသူတွေနဲ့ ထွေးပွေ့နှစ်သိမ့်ခြင်းဟာ Oxytocin လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းဟော်မုန်းကိုတိုးစေတာမို့ မိသားစုဝင် ဒါမှမဟုတ် အပေါင်းအသင်း မိတ်ဆွေတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပွေ့ဖက်နှစ်သိမ့်တာတွေပြုလုပ်ပေးသင့်ပါတယ်။

[5] အိမ်မွေးတိရစ္ဆာန်နဲ့အချိန်ဖြုန်းခြင်း

အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဆော့ကစားခြင်းက စိတ်ကျဝေဒနာကို [30%] အထိ လျော့ကျစေတယ်လို့ဆိုထားတာမို့ ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဆော့ကစားတာ၊ အစာကျွေးပြီး စကားပြောတာတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

[6] အပြုသဘောဆောင်စွာတွေးခေါ်ခြင်း

“ငါလုပ်နိုင်တယ်” ဆိုတဲ့စိတ်က အောင်မြင်မှုကို [45%] ပိုရောက်စေနိုင်တာမို့ အရာရာကို အပြုသဘောဆောင်တဲ့အတွေးအမြင်နဲ့ မြင်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။

[7] လှုပ်လှုပ်ရှားရှားနေခြင်း

တစ်နေ့ [10] မိနစ် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပေးတာကလည်း နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတာမို့ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ကြိုးခုန်တာ စတဲ့ပေါ့ပေါ့ပါးပါး Cardio လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

[8] တရားထိုင်ခြင်း

တရားထိုင်တာက စိတ်ကြည်လင်ပြီး အာရုံစူးစိုက်မှုအားကောင်းစေတဲ့အတွက် ဆုံးဖြတ်ချက်တွေကို မှန်ကန်အောင်ချနိုင်ဖို့အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါတယ်။

[9] သူငယ်ချင်းတွေနဲ့ အတူအချိန်ကုန်ဆုံးခြင်း

Social Connection ရှိခြင်းကလည်း အရေးပါလှတာမို့ အားလပ်ချိန်တွေမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစကားပြောခြင်းကလည်း ကိုယ့်ရဲ့ အသက်ရှည်မှုကို [50%] အထိ တိုးစေနိုင်ပါတယ်။

[10] မိမိကိုယ်ကိုကျေးဇူးတင်ကြောင်း Gratitude Journaling ရေးခြင်း

ကျေးဇူးတင်စိတ်ကို နေ့စဉ်မှတ်တမ်းတင်တာက စိတ်ကျေနပ်မှုကို ပိုတိုးစေနိုင်တာမို့ Gratitude Journal ရေးတာ၊ ကျေးဇူးတင်ကြောင်း ဓာတ်ပုံ တွေနဲ့အတူ စာတိုတွေ ရေးပြီး မှတ်တမ်းတင်တာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။

Content Writer Hazel K

Graphic

Share your love : ❤️