အနားယူဖို့ကို မေ့နေပါသလား?
ကျွန်တော်တို့ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာ အများစုဟာ Computer တို့ ၊ Laptop တို့ Smartphone တို့ကို အားကိုးနေရပါတယ်။ အလုပ်အတွက်သာမဟုတ်ဘဲ Educational ဖြစ်တဲ့ စာသင်ခြင်း၊ Self-study လုပ်ခြင်းတွေအပြင် Game ဆော့ခြင်းနှင့် စိတ်အပန်းဖြေရန် အသုံးပြုခြင်းတို့ကြောင့် Screen time ဟာ များကောင်းများလာနိုင်ပါတယ်။
ဒါဟာ အချိန်အတိုင်းအတာတစ်ခုထိ မသိသာနိုင်ပေမဲ့ ကြာလာတဲ့အခါ ကျန်းမာရေး ကိုထိခိုက်တဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ အနားယူခြင်းနည်းလမ်းတွေနဲ့ ရလာမဲ့ Benefit တွေကို ပုံတစ်ခုချင်းစီမှာ အသေးစိတ်ဖော်ပြထားပါတယ်။
1) Walking [လမ်းလျှောက်ခြင်း]

လမ်းလျှောက်ပေးခြင်းက မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုစွမ်းရည်ကို တိုးမြှင့်စေပါတယ်။ ဦးနှောက်သွေးစီးဆင်းမှုကို တိုးစေပြီး အာရုံကြောအတွက် ကြီးထွားစေတဲ့ဟော်မုန်း [Hormone] တွေလည်း ထုတ်ပေးတာမို့ တစ်နေ့ မိနစ် [30] လောက်လမ်းလျှောက်ပေးသင့်ပါတယ်။
2 ) Deep Breathing [အသက်ရှူခြင်း]

အသက်ကို ပြင်းပြင်းရှူထုတ်ခြင်းဟာ သွေးထဲမှာရှိတဲ့ Stress hormone တွေနဲ့ Anxiety [စိုးရိမ်ပူပန်မှု] တို့ကို လျော့ကျစေပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အသက်ရှူဖို့ မေ့နေကျတဲ့သူတွေ အများကြီးပါ။
ဒါဟာ ဦးနှောက်အချက်ပြမှု [Brain signaling] အားနည်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ထို့အပြင် Blood pressure [သွေးဖိအား] နဲ့ Heart rate [သွေးခုန်နှုန်း] တို့ကို လျှော့ချပေးပါသေးတယ်။ ဒါကြောင့် ကျန်းမာရေးအရရော ကောင်းမွန်သည့်အတွက် အနားယူတဲ့အခါ လုပ်သင့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
3 ) Meditation [တရားထိုင်ခြင်း]

တရားထိုင်ခြင်းဟာ စိတ်တည်ငြိမ်စေဖို့အတွက် အလုပ်သင့်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှုကို အဓိကလျော့ချပေးပြီး စိတ်အာရုံစုစည်းမှုကိုလည်း ကူညီပေးခြင်းတို့ကြောင့် လူကို Positive Thinking ဖြစ်စေပါတယ်။ ညဘက်ကောင်းကောင်းအိပ်မပျော်သူတို့အတွက်လည်း လုံးဝ Try သင့်တဲ့နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။
4 ) Listening soft music [သီချင်းနားထောင်ခြင်း]

ဂီတဟာ လူရဲ့ စိတ်နှလုံးကို နူးညံ့အေးချမ်းစေပါတယ်။ သီချင်းနားထောင်ခြင်းဟာ တရားထိုင်ခြင်းကဲ့သို့ လူ့ရဲ့စိတ်ကိုတူညီတဲ့ effort ပေးပါတယ်။ ကျွန်တော်တို့ဟာ နေ့တိုင်းဆိုသလို သီချင်းနားထောင်ကြပါတယ်။ အလုပ်လုပ်နေရင်းဖြစ်ဖြစ်၊ စာလုပ်နေရင်းဖြစ်ဖြစ်၊ အိမ်မှုကိစ္စ ချက်ပြုတ်ပြုလုပ်ရာတွင်လည်း သီချင်းနားထောင်ရင်း လုပ်ကိုင်ခြင်းဟာ စိတ်ကို လန်းဆန်းတက်ကြွနေစေပါတယ်။ ဒါကြောင့် ဂီတဟာ အလွယ်ကူဆုံးသော စိတ်ဖိစီးမှုကို လျှော့ချတဲ့ ကိရိယာတစ်ခုလို့ခေါ်နိုင်ပါသေးတယ်။ သို့သော် စိတ်တည်ငြိမ်ဖို့အတွက်ဆို နူးညံ့တဲ့ Light Jazz, Soft Pop and R&B စတဲ့ Music Type တွေက ပိုမိုအထောက်အကူပြုပါတယ်။
5 ) Drinking “Green Tea” [Bonus Tip]

Green tea [လက်ဖက်စိမ်း] သောက်သုံးခြင်းဟာ “Great Study Aid” တစ်ခုပါ။ အဓိက ကတော့ အာရုံစူးစိုက်မှု နဲ့ စိတ်တည်ငြိမ်မှုဆိုတဲ့ State တွေကို လှုံဆော်ပေးပါတယ်။ နောက်ထပ် Green tea ရဲ့ Fact ကတော့ သူ့မှာ Anti-oxidant များစွာ ပါဝင်တာကြောင့် cholesterol [သွေးတွင်းအဆီဓာတ်] ကို လျှော့ချပေးပြီး anti-aging ဖြစ်ခြင်းမှလည်း တားဆီးပေးပါတယ်။ Skin အတွက် Benefit များစွာရှိတာကြောင့် Clear skin ရရှိဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
ကျန်းကျန်းမာမာနဲ့ နည်းလမ်းမှန်မှန်အနားယူခြင်းဖြင့် ‘Hyper Thinking’ ဖြစ်လာစေရန် ဝေမျှသွားခြင်းပဲ ဖြစ်ပါတယ်။
နောက်လည်း အခုလို အကြောင်းအရာတွေကို ရေးသားဖော်ပြသွားဦးမှာမို့ Hype Think Education ကို Follow လုပ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Content Writer Hnin Inzli
Graphic Designer Nway Yamon Shin