How to learn effectively by using Pomodoro technique?
Self Studyလုပ်ပြီး 5မိနစ်လောက်ကြာတာနဲ့ Facebookပေါ်ရောက်သွားတာ၊ Learningလုပ်နေပေမဲ့ စာပေါ် အာရုံမစိုက်နိုင်တာတွေ၊ အချိန်ဖြုန်းတာတွေကို လျှော့ချပေးနိုင်မဲ့ Pomodoro Technique လို့ခေါ်တဲ့ Time Management methodတစ်ခုကို sharingလုပ်ပေးချင်ပါတယ်။
ပထမဆုံးအနေနဲ့ Pomodoroဆိုတာဘာလဲ?
Pomodoroဆိုတာ အီတလီစကားမှ ဆင်းသက်လာတာဖြစ်ပြီး ဗမာလိုအဓိပ္ပာယ်ဆိုရင် ခရမ်းချဉ်သီးပါ။ တစ်နည်းပြောရင် ခရမ်းချဉ်သီးTimerပါ။
Time Management methodတစ်ခုဖြစ်သည့် Pomodoro techniqueအသုံးပြုနည်း step by stepကို မျှဝေပေးလိုက်ပါတယ်။
Step 1) Pick the task you want to do
ကိုယ်လုပ်ရမယ့် Assignment တွေ၊ Taskတွေကိုတစ်ခုချင်းချရေးထားလိုက်ပါ။ Short tasksဖြစ်ဖို့တော့ မမေ့ပါနဲ့။အချိန်ပေးပြီးလုပ်ရမယ့် taskဆို 25 မိနစ်နဲ့ မလောက်လို့ပါ။
Step 2) Set a timer to 25 minutes
Tasks တွေရေးပြီးသွားရင် အချိန် 25မိနစ် timerပေးပြီး ကိုယ်learnလုပ်မယ့်စာတွေကို focusထားပြီး စတင်လေ့လာလို့ရပါပြီ။
Step 3) Work on the task until the timer rings
Timerပေးတာ မမြည်မချင်း လေ့လာနေတဲ့စာကိုဘဲအာရုံစိုက်ထားဖို့ အရေးကြီးပါတယ်။သီချင်းနားထောင်မှ စာလုပ်တတ်တယ်ဆိုရင်တော့ စာသားမပါတဲ့ YouTubeက study musicတွေ ဖွင့်ထားလို့ရပါတယ်။
Step 4) Take a short 5 minute break after your task is done
Taskတစ်ခုပြီးသွားတာနဲ့ break time 5 minute ယူဖို့မမေ့ပါနဲ့နော်။ နားနေတဲ့ 5မိနစ်အတွင်း snack စားတာမျိုး၊သီချင်းနားထောင်တာမျိုး မိမိကြိုက်နှစ်သက်တာတွေ အကုန်လုပ်လို့ရပါတယ်။
Step 5) After 4 Pomodoros, take a long time 30 min breaks
Pomodoro cycle 4ခါ(25min+25min+25min+25min)=(100 min)လေ့လာပြီးရင် စာလည်းတော်တော်ခရီးရောက်နေပြီမို့ long time break မိနစ်၃၀ (နာရီဝက်လောက်) energy refill ရပါမယ်။ ဖုန်းလည်းသုံးပြီးရင် အားပြန်သွင်းရတာမို့လို့ လူလည်းအနားယူဖို့ လိုအပ်ပါတယ်နော်။
Pomodoro techniqueက self study learnersတိုင်းသိသင့်တဲ့ methodတစ်ခုဖြစ်တာကြောင့်မို့ အချိန်ကိုအကျိုးရှိစွာအသုံးချပြီး learningနိုင်ဖို့ Hype Think Educationမှ အသိပညာအဖြစ် မျှဝေရေးသားလိုက်ပါသည်။
Content Writer by Yoon