Studying alone VS studying in groups

အေးအေးဆေးဆေး တစ်ယောက်တည်း စာလေ့လာတာကို ကြိုက်လား? (သို့မဟုတ်) အဖွဲ့လိုက် သူငယ်ချင်းတွေနဲ့ အတူတူလေ့လာရတာ ကြိုက်လား? ဘယ်ဟာကို ပိုကြိုက်လဲ?
Share your love : ❤️

အေးအေးဆေးဆေး တစ်ယောက်တည်း စာလေ့လာတာကို ကြိုက်လား? (သို့မဟုတ်) အဖွဲ့လိုက် သူငယ်ချင်းတွေနဲ့ အတူတူလေ့လာရတာ ကြိုက်လား? ဘယ်ဟာကို ပိုကြိုက်လဲ?

အကယ်၍ သင်က နှစ်မျိုးလုံးကို ကြိုက်နှစ်သက်သူဆိုလျှင်တော့ ဒီစာက သင့်အတွက်ဆိုတာ သေချာသွားပါပြီ။

တစ်ယောက်တည်း လေ့လာခြင်း၏ အားသာချက်များနှင့်အားနည်းချက်များ

အားသာချက်များ

တစ်ယောက်တည်း လေ့လာခြင်းရဲ့ အကောင်းဆုံးအချက်ကတော့ အာရုံထွေပြားမှု လျှော့နည်းစေသည့်အတွက်ကြောင့် လုပ်နေတဲ့အရာကို အပြည့်အဝအာရုံစိုက်နိုင်ပြီး အလုပ်တွေကို အချိန်မှီပြီးအောင် လုပ်ဆောင်နိုင်ပါတယ်။

ဒုတိယအချက်ကတော့ “location” ဖြစ်ပါတယ်၊ ကျောင်းသား/သူများ၏ မတူညီသောassessmentများအတွက် ကြိုတင်ပြင်ဆင်ရန် ကွဲပြားခြားနားသော လေ့လာနည်း ဗျူဟာများကို ထားရှိကြသည်။ တစ်ဦးချင်းလေ့လာခြင်းက ကျောင်းသားများအတွက် မိမိစိတ်ကြိုက်ပြီးလွတ်လပ်ပြီး ပြည့်စုံသော ပတ်ဝန်းကျင်တစ်ခုတွင် လေ့လာနိုင်ပါသည်။ ဒါ့အပြင် လေ့လာမှုအချိန်ဇယားကိုလည်း အပြည့်အဝထိန်းချုပ်ထားနိုင်သည်။

For example, အချို့သော ကျောင်းသား/သူများက ညအချိန်တွင် လေ့လာရာမှာ ပိုတက်ကြွပြီး အချို့ကတော့ နေ့ဘက်တွင် အလုပ်လုပ်သည့်အခါ ပိုတက်ကြွကြသည်။ တစ်ယောက်တည်း စာကျက်ရင် မိမိစိတ်ကြိုက် အချိန်ဇယားကို လွတ်လပ်စွာ ဖန်တီးနိုင်ပြီး အနားယူချင်သည့်အခါမှာလည်း ဆန္ဒရှိတဲ့အခါ နားနိုင်ပါတယ်။ ကျောင်းသားများသည် Groupလိုက်ဖြစ်စေ/Teamနှင့်ဖြစ်စေ အတူတူပူးပေါင်းလေ့လာသည့်အခါတွင် တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းဆောင်ရွက်ခြင်းများ၊ ငြင်းခုံခြင်းများရှိသည့်အတွက်ကြောင့် လူတိုင်းနှင့် အဆင်ပြေမည့်အချိန်ကိုရွေးပြီး လုပ်ဆောင်ရသည်။

အားနည်းချက်များ

အကယ်၍ သင်တစ်ယောက်တည်းလေ့လာသည့်အခါ အကူအညီတောင်းဖို့ ခက်ပါလိမ့်မယ်။ ထို့အပြင် ပျင်းလာတာမျိုး၊ဆက်မလုပ်ချင်တာမျိုးတို့ကြောင့် လေ့လာသည့်အခါ စိတ်ဓာတ်ကျစေနိုင်သည်။ သူငယ်ချင်းအဖွဲ့များနှင့် မဟုတ်သည့်အတွက် communicationမရှိသောကြောင့် အကြံဥာဏ်များ ဖန်တီးရာတွင် ပိုရုန်းကန်ရပါလိမ့်မည်။

Groupဖြင့်လေ့လာခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

အားသာချက်များ

အဖွဲ့လိုက်လေ့လာခြင်း၏ ကောင်းကျိုးများထဲမှတစ်ခုမှာ တစ်ယောက်က စာလုပ်သည့်အခါ တစ်ခုခုနားမလည်တာရှိပါက အချင်းချင်းတိုက်ရိုက် အကူအညီရနိုင်ခြင်းဖြစ်သည်။ ထို့အပြင် အဖွဲ့၀င်များအတွင်း အကြံဥာဏ်များကို ပြန်လည်မျှဝေသည့်အတွက် များစွာသောအကြံဉာဏ်ကောင်းများကို အချိန်တိုအတွင်းရရှိစေပါသည်။ အဖွဲ့ဝင်များသည် သင့်ပတ်ဝန်းကျင်ရှိလူများနှင့် စာသင်ကြားရန် ပိုမိုစိတ်အားထက်သန်လာမည်ဖြစ်သည်။ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ သူငယ်ချင်းအုပ်စုတွေနဲ့ စာကျက်နေမယ်ဆိုရင် အချင်းချင်းကူညီဖေးမပြီး မျှဝေနေသည့်အတွက် ငြီးငွေ့နိုင်ခြေ နည်းပါတယ်။

အားနည်းချက်များ

အဖွဲ့လိုက်လေ့လာတဲ့အခါ အပျက်သဘောဆောင်တဲ့အချက်တွေလည်း ရှိပါသည်။ For example, အဖွဲ့အတွင်း၌ အလွန်စကားပြောသောသူများရှိနိုင်ပြီး ၎င်းသည် အဖွဲ့အတွင်းရှိ လူတိုင်းအတွက် စိတ်ပျက်စရာဖြစ်နိုင်စေသလို အနှောင့်အယှက်လည်း ဖြစ်နိုင်ပါသည်။ “Studying could be less effective and efficient due to this.” ထို့အပြင် စိတ်ဓာတ်ကျခြင်းနှင့် အငြင်းအခုံဖြစ်စေနိုင်သည့် တစ်ဦးနှင့်တစ်ဦးအကြား communicationပြဿနာများ ရှိနိုင်သည်။

အနှစ်ချုပ်

တစ်ဦးတည်းလေ့လာခြင်းနှင့် အဖွဲ့လိုက်လေ့လာခြင်း၏ အားသာချက်နှင့် အားနည်းချက်များကို ရှင်းလင်းစွာဖော်ပြထားပါသည်။ ဤအကြောင်းအရာကို ဖတ်ရှုပြီး မိမိနှင့် ကိုက်ညီနိုင်သည့် လေ့လာလိုသောနည်းလမ်းကို ရွေးချယ်နိုင်မည်ဟု ယုံကြည်ပါသည်။

Translated by Hype Think

Graphic Hype Think

Share your love : ❤️