The History of Korean Hangul

ကိုရီးယားဘာသာရဲ့ အခြေခံအက္ခရာဖြစ်သော Hangul ကို ကိုရီးယားနိုင်ငံရဲ့ စတုတ္ထမြောက်ဘုရင်ဖြစ်သော ဆယ်ဂျုံးမင်းမြတ် [King Sejong the Great] က [15] ရာစုလယ်ပိုင်းတွင် ဖန်တီးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ သိပ္ပံနည်းကျအကျဆုံးလို့ သတ်မှတ်ခံရပြီး ကိုရီးယားဘာသာစကားရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ [Hangul] အကြောင်းကို အသေးစိတ်ပြန်လည်မျှဝေပေးချင်ပါတယ်။

Share your love : ❤️

အသစ်တဖန် ပြန်လည်မွေးဖွားလာတဲ့ ဘာသာစကားတစ်ခု

ကိုရီးယားနိုင်ငံရဲ့ရှေးခေတ်ဇာတ်လမ်းတွေထဲမှာပါတဲ့ အက္ခရာတွေက တရုတ်အက္ခရာတွေဖြစ်နေပြီး ယနေ့ခေတ် ကိုရီးယားအက္ခရာတွေနဲ့ ဘာလို့မတူတာလဲဆိုတာကိုသိကြလား? 

တောင်ကိုရီးယားနိုင်ငံက ယနေ့ခေတ်မှာ ကမ္ဘာ့အရေးပါဆုံး ယဉ်ကျေးမှု၊ နည်းပညာ၊ ဂီတနဲ့ ရုပ်ရှင်စွမ်းဆောင်မှုတွေကြောင့် လူသိများလာခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားရဲ့ ယဉ်ကျေးမှုနှင့် ဘာသာစကားစနစ်က ရှေးအချိန်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ယနေ့ကိုရီးယားဘာသာသင်ယူသူတိုင်း အလွန်အရေးကြီးစွာ သိရှိထားသင့်တဲ့ အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။

ဂျိုဆွန်းခေတ်တုန်းက ကိုရီးယားလူမျိုးတွေက တရုတ်စာလုံး [Hanja] ကိုပဲ အသုံးပြုခဲ့ရတာကြောင့် စာတတ်မြောက်ဖို့ ခက်ခဲပြီး သာမန်ပြည်သူတွေအတွက် စာပေသင်ယူခွင့်နည်းပါးခဲ့ပါတယ်။ ဉာဏ်ပညာကြီးမားတဲ့ မဟာဘုရင် ဆယ်ဂျုံး [King Sejong the Great] က ဒါကို မြင်တွေ့တဲ့အခါမှာတော့ လူတိုင်းအလွယ်တကူ စာတတ်မြောက်နိုင်ဖို့၊ ကိုယ့်အတွေးအမြင်တွေကို လွတ်လပ်စွာဖော်ပြနိုင်ဖို့အတွက် ကိုရီးယားအက္ခရာကို တီထွင်ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။

ကိုရီးယားဘာသာရဲ့ အခြေခံအက္ခရာဖြစ်သော Hangul ကို ကိုရီးယားနိုင်ငံရဲ့ စတုတ္ထမြောက်ဘုရင်ဖြစ်သော ဆယ်ဂျုံးမင်းမြတ် [King Sejong the Great] က [15] ရာစုလယ်ပိုင်းတွင် ဖန်တီးခဲ့ပါတယ်။ အဲ့ဒါကြောင့် Hype Think Academy ကနေ ကမ္ဘာပေါ်မှာ သိပ္ပံနည်းကျအကျဆုံးလို့ သတ်မှတ်ခံရပြီး ကိုရီးယားဘာသာစကားရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ [Hangul] အကြောင်းကို အသေးစိတ်ပြန်လည်မျှဝေပေးချင်ပါတယ်။

အက္ခရာတွေကို မဖန်တီးခင်အခြေအနေ 

ကိုရီးယားအက္ခရာတွေကို မတီထွင်ခင်တုန်းက ကိုရီးယားလူမျိုးတွေဟာ ဟန်ဂျာ [Hanja] လို့ခေါ်တဲ့ တရုတ်စာလုံးတွေကိုသာ အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ တရုတ်စာလုံးတွေက တစ်လုံးချင်းစီက  သင်ယူရခက်ပြီး Stroke အနည်းငယ်ပါဝင်ပါတယ်။

အဆင့်မြင့်စာလုံးတချို့မှာတော့ Stroke [40] ကျော်ထိပါဝင်တာကြောင့် သင်ယူရခက်ပြီး အချိန်များများယူတာမို့လို့  စာရေးတတ်ဖတ်တတ်နှုန်း [Literacy Rate] က နိမ့်လာခဲ့ပါတယ်။ အထက်တန်းလူနည်းစု [Yangban] တွေကပဲ စာပေတတ်မြောက်မှုရှိကြပြီး အလယ်လတ်တန်းစားနဲ့အောက်ခြေလူတန်းစားတွေကတော့ စာပေတတ်မြောက်မှုမရှိခဲ့ပါဘူး။

ဆယ်ဂျူံးဘုရင် [King Sejong the Great] ရဲ့ ရည်ရွယ်ချက် 

[1443] ခုနှစ်မှာ ဆယ်ဂျုံးဘုရင်က တစ်ဦးချင်းပြည်သူတိုင်း စာရေးဖတ်နိုင်စေရန် စာလုံးအသစ်တစ်စုံတီထွင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ လူတိုင်းအလွယ်တကူ စာတတ်မြောက်နိုင်ဖို့၊ ကိုယ့်အတွေးအမြင်တွေကို လွတ်လပ်စွာဖော်ပြနိုင်ဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ကိုရီးယားအက္ခရာကို တီထွင်ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။

Hall of Worthies [집현전] လို့ခေါ်တဲ့ စာပေကျွမ်းကျင်သူပညာရှင်တွေကို ခေါ်သုံးခဲ့ပြီး စနစ်တကျ ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ [1446] ခုနှစ်မှာ အစိုးရသို့ တရားဝင်ကြေညာလိုက်တဲ့ စာအက္ခရာအသစ်ကို 훈민정음 [Hunmin Jeongeum] လို့အမည်ပေးခဲ့ပြီး “ပြည်သူ့ကို သင်ပေးရန်အတွက် မှန်ကန်သောအသံ” လို့ အဓိပ္ပါယ်ရပါတယ်။ 훈민정음 [Hunmin Jeongeum] သည် ဟန်ဂူးအက္ခရာ၏ အခြေခံအကြောင်းအရာများနှင့် ဒီဇိုင်း၊ အသံဖွဲ့စည်းမှု စသည်တို့ကို ဖော်ပြထားတဲ့စာတမ်းဖြစ်ပြီး ဗျည်းများကိုလည်း Yin-Yang သဘောအရ ဖန်တီးထားခြင်း၊ အသံထွက်သည့် အဆုတ်နှင့် လည်ချောင်းပုံစံကို အက္ခရာဖွဲ့စည်းမှုတွင် လိုက်နာထားခြင်းတို့ဖြင့် သဘာဝအတိုင်း လက်တွေ့ကျတဲ့ ဖန်တီးမှု ဖြစ်ခဲ့ပါတယ်။

အက္ခရာဖန်တီးနည်း အခြေခံ

ဗျည်း [Consonants] ~ အသံထွက်တဲ့အခါမှာ ပါးစပ်၊ သွား၊ လျှာရဲ့ အနေအထားကို သရုပ်ဖော်ထားတာဖြစ်ပြီး သရ [Vowels] ~ ကောင်းကင် [•], မြေ [—], လူ [|] ဆိုတဲ့ သဘာဝနဲ့ သီအိုရီကို အခြေခံပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ အက္ခရာအရေအတွက်ကတော့ ဗျည်း [14] လုံး၊ ပေါင်းစပ်ဗျည်း [5] လုံး၊ သရ [10] လုံး၊ ပေါင်းစပ်သရ [11] လုံးဆိုပြီး စုစုပေါင်း [24] လုံး ရှိပါတယ်။

ဆန့်ကျင်တားမြစ်ခြင်း

အဆင့်မြင့်ပညာရှိအချို့က Hanja ကိုသာ တရားဝင်အက္ခရာလို့သတ်မှတ်ပြီး Hanja အသုံးပြုမှုက သူတို့ရဲ့ လူမှုအဆင့်၊ အာဏာ၊ ပညာရေးခေါင်းဆောင်မှုတို့ကို ထိန်းသိမ်းပေးတယ် လို့ ယူဆထားကြပါတယ်။ Hangul က လွယ်ကူပြီး လူအများသာမန်ပြည်သူတွေ စာဖတ်ရေးတတ်နိုင်စေတဲ့အတွက် သူတို့ရဲ့အာဏာကို လျော့နည်းစေနိုင်တယ်ဆိုတဲ့အတွေးနဲ့ Hangul ကို မကြိုက်ခဲ့ကြပါဘူး။

[1504] ခုနှစ်မှာ [10] ကြိမ်မြောက်ဘုရင် Yeonsangun က သူ့အမူအကျင့်တွေအပေါ် ပြည်သူတွေရဲ့ ဝေဖန်ချက်တွေကို အလွယ်တကူဖတ်နိုင်တဲ့အတွက် Hangul ကို အန္တရာယ်အဖြစ်မြင်ခဲ့ပါတယ်။ ထိုပြည်သူဝေဖန်မှုစာတွေကို Hangul ဖြင့်ရေးထားတာကြောင့် သူ့ကိုယ်သူ စိုးရိမ်မှု ဖြစ်ပေါ်ခဲ့ပြီး Hangul သင်ယူခြင်း၊ စာအုပ်ပုံနှိပ်ခြင်းကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။

ပြန်လည် အသက်သွင်းခြင်း

[16] ရာစုအကုန်မှာ ကဗျာ၊ ဝတ္ထုတွေရေးရာမှာ ပြန်လည်အသုံးများလာပြီး [1894] ခုနှစ်မှာ ပထမဦးဆုံး တရားဝင်စာတမ်းများမှာ အသုံးပြုခဲ့ပါတယ်။ [1912] ခုနှစ်မှာ ဘာသာဗေဒပညာရှင် Ju Si-Gyeong က “한글”  [Hangul] လို့ နာမည်ပေးခဲ့ပါတယ်။

ယနေ့ တောင်ကိုရီးယားမှာ [Hanja + Hangul] ကို ပေါင်းသုံးကြပြီး မြောက်ကိုရီးယားမှာတော့ Hangul ကိုသာ တရားဝင်အသုံးပြုကြပါတယ်။ နောက်ပိုင်းတွင် ကိုရီးယားလူမျိုးများ၏ နိုင်ငံရေးအသိပညာ တိုးတက်လာခြင်း၊ နှင့် ပညာရေးတိုးတက်မှုတို့ကြောင့်  Hangul ကို ပိုမိုအသုံးပြုလာပြီး [20] ရာစုလယ်ပိုင်းမှစပြီး နိုင်ငံတကာမှ လူငယ်များ၊ ကိုရီးယားဘာသာစကား သင်ယူသူများအတွက်လည်း အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ကိုရီးယားနိုင်ငံရဲ့ တရားဝင်အသုံးပြုတဲ့ ဘာသာစကားစနစ်အဖြစ်တည်ရှိပြီး ပညာရေး၊ Media နဲ့ သတင်းစာတွေမှာလည်း အသုံးပြုကြပါတယ်။ Hangul က ရိုးရှင်းသော်လည်း စနစ်တကျ ဖန်တီးထားသော အက္ခရာတစ်ခုဖြစ်ပြီး လူတိုင်းအတွက် ဘာသာစကားလေ့လာမှုရဲ့ အခြေခံအဆင့်တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီအက္ခရာတွေပေါ်ပေါက်လာခဲ့တာကြောင့် ကိုရီးယားလူမျိုးတွေက ပညာရေးမှာ တိုးတက်ခဲ့ပြီး ယဉ်ကျေးမှုအရည်အသွေး မြင့်မားလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

[ Conclusion ]

ဒီနေ့ခေတ်မှာတော့ Hangul က ကမ္ဘာ့အလွယ်ဆုံးနဲ့ စနစ်အကျဆုံး အက္ခရာစနစ်တွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။ ရိုးရှင်းတဲ့ ဖွဲ့စည်းပုံကြောင့် သင်ယူရလွယ်ကူပြီး ကိုရီးယားပြည်သူတွေရဲ့ စာတတ်မြောက်မှုနှုန်းကို မြင့်မားစေရုံသာမကပဲ သူတို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ တိုင်းပြည်ချစ်စိတ်ကိုပါ ခိုင်မာစေခဲ့ပါတယ်။ Hangul သာမရှိခဲ့ဘူးဆိုရင် ဒီနေ့ခေတ် ကိုရီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဒီလိုအရှိန်အဟုန်နဲ့ ဖြစ်လာမှာမဟုတ်ဘူးလို့တောင် ပြောလို့ရပါတယ်။

နောက်ထပ်လည်း Hype Think Academy ကနေ လူငယ်တွေအတွက် ဘာသာစကားသင်တန်းတွေကို အခမဲ့ဖွင့်လှစ်ပေးနေသလို ဗဟုသုတရစေတဲ့အကြောင်းအရာတွေ၊ ဘာသာစကားသင်ယူနိုင်မယ့်အခွင့်အလမ်းတွေ၊ ဘာသာစကားလေ့လာရာမှာအထောက်အကူဖြစ်စေမယ့် Tip တွေကို မျှဝေပေးသွားမှာမို့လို့ Hype Think Education ကို Follow လုပ်ခဲ့ဖို့ အမှာစကားပါးချင်ပါတယ်။

Content Writer Saw Yu Nwe

Graphic

Share your love : ❤️