The Lost City of Atlantis

Atlantis မြို့တော်ဟာ သမိုင်းအမှန်လား? ဒါမှမဟုတ် ဒဏ္ဍာရီသက်သက်လား?တစ်ခါတုန်းက သာယာလှပပြီး သိပ္ပံနည်းကျ ဖွံ့ဖြိုးပြီးပြီ ဆိုတဲ့ အတ္တလန္တိတ်မြို့ ဟာ ပင်လယ်အောက်မှာ ပျောက်သွားခဲ့ပါတယ်တဲ့။ ဒါက သက်ကြီးစကား သက်ငယ်ကြားတဲ့ လက်ဆင့်ကမ်း ပုံပြင်တပုဒ် ဖြစ်နေမလား? ဒါမှမဟုတ် သက်သေတွေရှိသလား?

Share your love : ❤️

အတ္တလန္တိတ်မြို့တော်ဟာ သမိုင်းအမှန်လား? ဒါမှမဟုတ် ဒဏ္ဍာရီသက်သက်လား?

တစ်ခါတုန်းက သာယာလှပပြီး သိပ္ပံနည်းကျ ဖွံ့ဖြိုးပြီးပြီ ဆိုတဲ့ အတ္တလန္တိတ်မြို့ ဟာ ပင်လယ်အောက်မှာ ပျောက်သွားခဲ့ပါတယ်တဲ့။ ဒါက သက်ကြီးစကား သက်ငယ်ကြားတဲ့ လက်ဆင့်ကမ်း ပုံပြင်တပုဒ် ဖြစ်နေမလား? ဒါမှမဟုတ် သက်သေတွေရှိသလား?

The Lost City Of Atlantis အကြောင်းကို Hype Think Education ကနေ ပြောပြပေးသွားမှာမလို့ အဆုံးထိ ဖတ်သွားပေးပါအုံးနော်။

ပထမဆုံး တွေ့ရတဲ့ မှတ်တမ်းအနေနဲ့ကတော့ “360 BC” မှာ ဂရိဒဿနိက ဗေဒပညာရှင် ပလေတို ရဲ့ တီးမေးရပ်စ် [Timaeus]နဲ့ ခရီးတေးယပ်စ် [Critias] မှတ်တမ်းတွေမှာ ပထမဆုံးဖော်ပြထားခဲ့တာပေါ့။ အတ္တလန္တိတ်ဆိုတာ အတ္တလန့်နတ်သားရဲ့ နေထိုင်ရာမြို့ပြကြီးလို့ ဆိုပါတယ်။

သူ့အဆိုအရ အတ္တလန္တိတ်ဟာ ပိုဆိုက်ဒွန် [ပင်လယ်နတ်သား] ရဲ့ သားစဉ်မြေးဆက်တွေ အုပ်စိုးတဲ့ အင်အားကြီးကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ အချမ်းသာဆုံး၊ နည်းပညာအအဆင့်အမြင့်ဆုံး နေရာတစ်ခုဖြစ်တယ်။ ရွှေတွေ၊ စိန်တွေနဲ့ တင့်တယ်တဲ့မြို့ကြီးတစ်ခုပေါ့။

ဒါပေမယ့် နောက်ပိုင်းမှာ သူတို့လူတွေ မာနတက်လာတော့ ဘုရားသခင်က အပြစ်ပေးပြီး သမုဒ္ဒရာအောက်ကို နစ်မြုပ်သွားစေတယ်တဲ့။ ထူးခြားချက်က ဒီမြို့တော်ကြီးကို ခေတ်အဆက်ဆက် မည်သည့်သမိုင်းမှတ်တမ်းတွင်မှ ထပ်မံဖော်ပြခြင်း မရှိဘဲ ပလေတိုရဲ့ မှတ်တမ်းတစ်ခုတည်းတွင်သာ ရှိနေခဲ့ခြင်းဖြစ်တယ်။

21 ရာစု နည်းပညာနဲ့အတူ သိပ္ပံပညာရှင်တွေဟာ ဒဏ္ဍာရီဟုတ်၊ မဟုတ် ဆိုတဲ့ အဖြေကို ဆက်လက်ရှာဖွေနေကြပါတယ်။

Scientists တွေရဲ့ လေ့လာတွေ့ရှိချက်ကတော့ ~

1 ) BC 1500 ခန့်က ဆန်တိုရီနီကျွန်း [Greek] မှာ မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ မိုင်နိုယန် ယဉ်ကျေးမှု နဲ့ အတ္တလန္တိတ်ဇာတ်လမ်းဟာ ဆင်တူပါတယ်။ ပလေးတိုရဲ့ဖော်ပြချက်နဲ့လည်း လိုက်ဖက်မှုရှိတယ်လို့ ဆိုပါတယ်။

2 ) 1968 ခုနှစ်က ဘဟားမားနား အနီး [Bimini Road] ရှိ ရေအောက်မှာ လူလုပ်ကျောက်တုံးလမ်း တွေ့ရှိခဲ့ပါတယ်။ တချို့သုတေသီတွေက ဒါက အတ္တလန္တိတ်ရဲ့ ဆိပ်ကမ်းဟောင်းလို့ ယူဆကြပါတယ်။

3 ) အာဖရိကသဲကန္တာရ [Eye of Sahara] မှာ Richat Structure လို့ခေါ်တဲ့ သဲကန္တာရထဲက ဝိုင်းဝန်းသောမြင်ကွင်းက ပလေးတိုရဲ့ဖော်ပြချက်နဲ့ တူညီနေတယ်။ ဒါက အတ္တလန္တိတ်ရဲ့ အစစ်အမှန်နေရာဖြစ်နိုင်သလား? အခုထိတော့ အတည်ပြုနိုင်တဲ့ လုံလောက်တဲ့ သက်သေမရှိသေးပါဘူး။

4 ) Google Earth နဲ့ ကြည့်ရင်တောင် လျှို့ဝှက်နေဆဲ ဖြစ်တဲ့ နေရာတစ်ခုပါတဲ့။ [2011] ခုနှစ်က Google Earth ပေါ်တွင် အာဖရိကအနောက်ဘက် ပင်လယ်အောက်မှာ ထူးဆန်းသော အကွက်ကြီး တစ်ခုကို တွေ့ရှိခဲ့တယ်တဲ့။ ဒါပေမဲ့ နောက်ပိုင်းမှာ သုတေသနသင်္ဘော လမ်းကြောင်းပါဆိုတာ ဖော်ထုတ်ခဲ့ပါတယ်။

5 ) ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတို့ရဲ့ ရှာဖွေမှုမှာတော့ အတ္တလန္တိတ်ကို ရှာဖွေရန် တိဗက်ဒေသ အထိ ခရီးဆက်ခဲ့ကြပါတယ်တဲ့။ သူတို့က အတ္တလန္တိတ်သည် လူဖြူတွေရဲ့ မူလမျိုးနွယ်စုဖြစ်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ 

ဒါဆို အတ္တလန္တိတ်ဟာ ရှိခဲ့သလား? ဘယ်နေရာမှာ နစ်မြုပ်သွားတာလဲ? သူတို့ရဲ့ နည်းပညာတွေ ဘယ်လောက်တောင် မြင့်မားခဲ့သလဲ? စတဲ့မေးခွန်းများကိုတော့ ယနေ့တိုင် ဖြေရှင်းမရသေးပါဘူး။

မိမိတို့ အနာဂတ်မှာ အတ္တလန္တိတ်ကို ပြန်တွေ့နိုင်မလား မသိဘူး၊ ဒါပေမယ့် ဒီဇာတ်လမ်းက လူသားတွေအတွက် စူးစမ်းလေ့လာလိုစိတ် နှင့် သမိုင်းဆိုင်ရာ စတဲ့ ကြီးမားတဲ့သင်ခန်းစာများ ဖြစ်နေဆဲပါ။

စာဖတ်သူတို့ရဲ့ အမြင်ကရော အတ္တလန္တိတ် တည်ရှိခဲ့တယ်ဟု ယုံကြည်ပါသလား? ဘယ်နေရာမှာ ရှိနိုင်တယ်ဟု ထင်ပါသလဲ? ဆိုတာကို Comment မှာ ပြောပြပေးသွားပါအုံးနော်။

အခုလို လျှို့ဝှက်ဆန်းကြယ်မှု၊ သိပ္ပံပညာ နဲ့ ဗဟုသုတအချက်အလက်များကို မျှဝေပေးသွားအုံးမှာမလို့  Hype Think Education ကို Like & Follow လုပ်သွားပေးပါအုံးနော်။

Content Writer Zar Chi Win

Graphic

Share your love : ❤️