လူ့အဖွဲ့အစည်းအတွင်းမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရမဲ့ ကျင့်ဝတ်များ
ယနေ့ခေတ်မှာ ကောင်းမွန်တဲ့လူ့အသိုင်းအဝိုင်းတစ်ခုတည်ဆောက်ဖို့အတွက် အရေးကြီးဆုံးအရာကတော့ လူ့ကျင့်ဝတ်ပဲဖြစ်ပါတယ်။ လူ့ကျင့်ဝတ်ဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူများကို စနစ်တကျလမ်းညွှန်ပြီး ဘယ်အရာတွေက မှန်ကန်တယ်၊ မှားယွင်းတယ် ဆိုတာကို ရှင်းပြပေးနိုင်တဲ့ အယူအဆတွေလို့ပြောလို့ရပါတယ်။ ဒီကျင့်ဝတ်တွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်အောင် ပြုလုပ်ပေးသလို လူတစ်ယောက်ရဲ့အကျင့်စာရိတ္တကို ဖွံ့ဖြိုးတိုးတက်အောင်လည်း ကူညီထောက်ပံ့ပေးပါတယ်။
လူ့ကျင့်ဝတ်ဆိုတာ လူ့အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတွေထဲက တစ်ခုဖြစ်ပါတယ်။ လူတွေရဲ့ အထင်အမြင်အမျိုးမျိုးတွေ၊ ဘာသာရေးနဲ့ သာသနာရေးဆိုင်ရာအချက်အလက်တွေ၊ နေထိုင်မှုပုံစံတွေအပြင် အခြားသော ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာနဲ့ ပေါင်းစပ်ပြီး မတူညီတဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်တဲ့ အရာလည်းဖြစ်ပါတယ်။ လူတိုင်းအတွက် အရေးကြီးတဲ့ စိတ်ဓာတ်နဲ့ ကျင့်ဝတ်အယူအဆတွေပေါ်မှာအခြေခံပြီးတော့ လူ့ကျင့်ဝတ်ဆိုင်ရာအတွေးအမြင်တွေက တစ်နေရာနဲ့တစ်နေရာ ယဉ်ကျေးမှုအလိုက် ကွဲပြားခြားနားမှုတွေရှိနိုင်ပါတယ်။
ဒီလိုမတူကွဲပြားတဲ့ လူ့ကျင့်ဝတ်တွေထဲကမှ လူ့အဖွဲ့အစည်းအတွက် လူငယ်အနေနဲ့ ကိုယ်ပိုင်အသွင်အပြင်ကို တည်ဆောက်ရာမှာ အခြေခံအနေနဲ့အသုံးပြုတာ၊ လူ့ပတ်ဝန်းကျင်မှာကိုယ့်ကို ယုံကြည်မှုရရှိအောင်ဖန်တီးတာ၊ လုပ်ငန်းခွင်မှာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ဖို့ပြုလုပ်တာ၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေတာနဲ့ ကိုယ်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာ တာဝန်ယူမှုရှိလာစေတာ စတဲ့ အကျိုးရလဒ်တွေ ရရှိစေဖို့ Hype Think Education ကနေ လိုက်နာကျင့်သုံးရမဲ့ အချက် [10] ချက်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
- ရိုးသားမှု : အခြေခံအကျဆုံးကျင့်ဝတ်တစ်ခုဖြစ်တဲ့ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်ခြင်း။
- သနားကြင်နာမှု : တခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်ပေးပြီး မျှဝေခံစားတတ်ခြင်း။
- စည်းကမ်းရှိမှု : ကိုယ့်ရဲ့အမူအကျင့်ကို စနစ်တကျ ထိန်းသိမ်းတတ်ခြင်း။
- အဖွဲ့လိုက်ဆောင်ရွက်မှု : အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်အောင်ဖန်တီးခြင်း။
- လေးစားမှု : လူတစ်ဦးချင်းစီကို လေးစားတန်ဖိုးထားဆက်ဆံခြင်း။
- တာဝန်ယူမှု : ကိုယ်လုပ်ထားတဲ့လုပ်ရပ်အပေါ်မှာ တာဝန်ရှိကြောင်းကောင်းမွန်စွာပြသနိုင်ခြင်း။
- တရားမျှတမှု : မည်သူ့ကိုမဆို တန်းတူညီမျှဆက်ဆံပြီး တရားမျှတမှုကို ထောက်ခံခြင်း။
- ကြင်နာတတ်မှု : တကယ်လိုအပ်တဲ့သူတိုင်းကို အကူအညီပေးခြင်း။
- သတ္တိရှိမှု : အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းများတတ်မြောက်ထားခြင်း။
- ကျေးဇူးတင်မှု : တခြားသူတွေရဲ့ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုလေးစားတတ်ခြင်း စတဲ့ အချက်တွေက လူမှုပတ်ဝန်းကျင်မှာ အမှား/အမှန် စဉ်းစားဆုံးဖြတ်တဲ့အခါ ပိုမိုမှန်ကန်မှုရှိစေပြီး အကျင့်စာရိတ္တနဲ့ ဗဟုသုတတွေကို တိုးပွားစေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အငြင်းပွားမှုတွေကို တည်ငြိမ်အေးဆေးစွာဖြေရှင်းနိုင်စေတဲ့အတွက် လူ့ပတ်ဝန်းကျင်မှာလည်း ကောင်းမွန်ပြီးတန်ဖိုးရှိတဲ့ အပြုအမူတွေကို ထင်ဟပ်စေနိုင်မှာပဲဖြစ်ပါတယ်။
လူ့ကျင့်ဝတ်ဆိုတာ လူမှုပတ်ဝန်းကျင်မှာ အတူတကွတသားတည်းဖြစ်စေဖို့ အခြေခံကျတဲ့ လမ်းညွှန်မှုတွေပဲ ဖြစ်ပါတယ်။ ရိုးသားမှု၊ လေးစားမှု၊ တာဝန်ယူမှု၊ ကြင်နာမှု နဲ့ တရားမျှတမှုတွေလိုမျိုး တန်ဖိုးရှိတဲ့အရာတွေက ကိုယ့်အတွက်တင်မကဘဲ လူမှုအဖွဲ့အစည်းကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲနိုင်မဲ့ ပထမဆုံးခြေလှမ်းကတော့ ဒီအချက်တွေပဲဖြစ်လို့ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ စာရိတ္တဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်တိုင် သာမက ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို ပြန်လည်မျှဝေလိုက်ပါလို့ပြောချင်ပါတယ်။ လူငယ်တွေအတွက် အကျိုးရှိပြီး အသုံးဝင်စေမဲ့ အကြောင်းအရာတွေကို Hype Think Education ကနေ မျှဝေပေးသွားမှာဖြစ်လို့ Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။
Content Writer Hazel K
Graphic


