အောင်မြင်ခြင်းနောက်ကွယ်က ယုံကြည်ခြင်းမှော်စကား
“ အချစ်ရှာ အသာတွေ့၊ အပြစ်ရှာ အနာတွေ့” ဆိုသလို မိမိက ကမ္ဘာကြီးကို ဘယ်လိုမြင်လဲ၊ မိမိ မြင်တဲ့အတိုင်းဖြစ်လာပါလိမ့်မယ်။ မိမိကရော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်လဲ၊ ကိုယ်မြင်တဲ့အတိုင်းပဲ ဖြစ်လာပါလိမ့်မယ်။ [၁၉၆၈] Harvard သုတေသနတစ်ခုအရ ဆရာတွေက ကျောင်းသားတွေကို High Expectations ထားလိုက်လို့ [၁] နှစ်အတွင်း IQ [၁၇%] တိုးတတ်သွားတယ်ဆိုတဲ့ လက်တွေ့သိပ္ပံနည်းကျ အချက်အလက်ရှိတာကြောင့် မယုံနိုင်စရာအကြောင်းအရာမျိုးမဟုတ်ဘဲ Psychology Theory တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် Words Have Power ဆိုသလို စကားလုံးတွေရဲ့ အံ့ဩဖွယ်ရာ အကြောင်းအရာကိုလေ့လာထားတယ့် The Pygmalion Effect အကြောင်းကို Hype Think Education ကနေ ပြောပြေပေးသွားမှာကြောင့် အဆုံးထိဖတ်ပေးသွားကြပါဦးနော်။
Pygmalion Effect ရဲ့ ဆိုလိုချင်တာကဘာလဲ?
Pygmalion Effect ဖြစ်ပေါ်လာပုံက ဂရိဒဏ္ဍာရီအရ ပန်းပုဆရာ Pygmalion ဟာ သူ့ရဲ့ ဆန်းကြယ်တဲ့အိမ်မက်ထဲကအတိုင်း အပြင်မှာ အရမ်းချောမောလှပတဲ့ အမျိုးသမီးကို ပန်းပုထုထားပြီး နေ့စဉ် သက်ရှိတစ်ယောက်လို စကားတွေပြော၊ မျှော်လင့်ချက်တွေထား၊ ဆုတွေတောင်းပါတယ်။ နောက်ဆုံး သူ့ရဲ့ ဆုတောင်းပြည့်သွားကာ အသက်ဝင်လာပြီး Pygmalion ဟာ ပန်းပုအမျိုးသမီးနဲ့ လက်ထပ်လိုက်ကြပါတယ်တဲ့။
Relationship တွေမှာဆိုရင်လဲ မိမိအပေါ်အမြဲယုံကြည်ပေးသူတစ်ယောက်ရှိနေတာကြောင့် အရမ်းကြိုးစားချင်လာပြီး သူက “မင်းတကယ်လုပ်နိုင်တယ်” လို့ စကားမျိုးပြောလိုက်ရင် စိတ်ဓာတ်တွေ မြင့်တက်လာတယ်မလား?
ဒီလို ယုံကြည်မှုက အောင်မြင်မှုကို လှုံ့ဆော်ပေးတတ်တယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါဆိုရင် အခု ကိုယ့်ရဲ့ Crush က ကိုယ့်ကို ပြန်ပြီး ချစ်နေတယ်ဆိုပြီး ယုံကြည်ထားလိုက်တော့နော်၊ ပြောမရဘူးလေ တကယ်ဖြစ်လာနိုင်မလားဆိုတာ။Pygmalion တောင် သူထုထားတဲ့ပန်းပုရုပ်နဲ့ လက်ထပ်လို့ရသေးတာပဲ။ Crush ကရေခဲတုံးဖြစ်နေရင်လည်း မျှော်လင့်လို့ရပါတယ်နော်။
အခုဆိုရင် Pygmalion Effect ကို အရင်က စာသင်ခန်းတွေမှာပဲအသုံးပြုလေ့လာခဲ့ကြပေမဲ့ တိုးတတ်လာတဲ့ ခေတ်အလျောက်နယ်ပယ်ပေါင်းစုံမှာ ဒီပညာရပ်ဟာ အသုံးဝင်လာပါတယ်။
စာသင်ခန်းတွင်းလေ့လာခဲ့ကြပုံ
တစ်ခါတုန်းက စာသင်ခန်းတစ်ခန်းမှာ တူညီတဲ့နားလည်မှုရှိကြတဲ့ကျောင်းသား [၂] ယောက်ရှိတယ်။ ဆရာမကသူတို့ထဲကတစ်ယောက်ကိုပဲ “မင်းကကျောင်းထဲကအထင်ကရကျောင်းသားဖြစ်လာနိုင်တယ်” လို့ပြောခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်မှာပဲ၊ တကယ်ပြောင်းလဲသွားခဲ့တယ်။
သူ့စိတ်ထဲမှာ “ဆရာမကတောင်ယုံကြည်တယ်” ဆိုတဲ့စကားတစ်ခုက ယုံကြည်မှုတစ်ခုဖြစ်လာစေတယ်။ ကိုယ်တိုင်လေ့လာခြင်း၊ စာဖတ်ခြင်းတွေနဲ့ နောက်ဆုံးမှာ သူကအောင်မြင်ဆုံး ကျောင်းသားဖြစ်လာခဲ့တယ်။ တူတူယှဉ်ပြိုင်ခဲ့တဲ့တစ်ယောက်ကတော့ “မင်းထက်တော်တဲ့သူတွေအများကြီးရှိတယ်” ဆိုတဲ့စကားတွေကြားပြီး စိတ်နဲ့တင် ရှုံးနိမ့်သွားခဲ့ပါတယ်။
လုပ်ငန်းခွင်တွင်းသက်ရောက်မှု
ဒီလိုပဲ အလုပ်ခွင်ထဲမှာ Manager က မင်းကို “ ကြိုးစားတဲ့သူ” လို့ထင်ရင် တကယ်ကြိုးစားသွားနိုင်စေတဲ့ စကားတွေက စွမ်းဆောင်ရည်ကိုတိုးတက်လာစေနိုင်တယ်။ ဒါပေမဲ့ သူက မျှော်လင့်ချက်နည်းနည်းပဲထားရင် မင်းမှာစွမ်းဆောင်ရည်ရှိနေပြီးမှ မဖော်ထုတ်နိုင်ဘဲပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့်နောက်ထပ်ဘာသိလာရလဲဆိုရင် Golem Effect ပါ။
Negative Word တွေနဲ့ပြည့်နေတဲ့ မိမိရဲ့ ပတ်ဝန်းကျင်၊ မိဘဆရာနဲ့ အထက်လူကြီးတွေကို တတ်နိုင်ရင်ရှောင်ပြီး Positive နဲ့ပြည့်နေတဲ့ Behaviour ရှိတဲ့ ပတ်ဝန်းကျင်မှာပဲ ရှင်သန်ပါ။ ဘာလို့ဆို မင်းမလုပ်နိုင်ပါဘူးလို့ ပြောတဲ့စကားတွေကြောင့် တကယ်ဖြစ်လာနိုင်လို့ပါ။
မျှော်လင့်ချက်က လူတစ်ယောက်အောင်မြင်ဖို့နောက်ကွယ်က ကြီးမားတဲ့အင်အားကြီးတစ်ခုဖြစ်ပါတယ်။ ✨
ဒီထဲမှာ မင်းကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု [Self Confidence] ရှိဖို့က အရေးကြီးဆုံးပါ။ Low Expectation တွေနဲ့ ပြည့်နေတဲ့ ပတ်ဝန်းကျင်ဖြစ်နေပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့သူတစ်ယောက်ဆိုရင်တော့ အောင်မြင်မှုက စောင့်နေမှာပါ။
Leadership အသက်အရွယ်မှာပါတဲ့ တက်ကြွတဲ့ လူငယ်တွေအတွက်ဆိုရင် Pygmalion Effect ဟာ ခေါင်းဆောင်တစ်ယောက်အဖြစ် ဘယ်လိုလူတွေဆီမှာ အကျိုးသက်ရောက်မှု ဖြစ်လာနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် တိုးတတ်ရန်မျှော်လင့်ဖို့အရေးကြီးသလို တခြားသူတွေကိုလည်း ယုံကြည်မှုနဲ့အားပေးစကားများ မမေ့မလျော့ ပြောဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ စကားလုံးတစ်လုံးကတောင် လူတစ်ယောက်ရဲ့အနာဂတ်ကိုပြောင်းလဲနိုင်တာကြောင့်ပါ။
ဒါကြောင့် အောင်မြင်မှုရရှိဖို့ဆိုတာ တစ်ရက်တည်း မဖြစ်နိုင်တာမို့ လူငယ်တွေအတွက် တိုးတက်ဖို့ပညာရပ်ဆိုင်ရာ၊ လှုပ်ရှားဖန်တီးမှုနဲ့ ဖွံ့ဖြိုးရေး အကြောင်းတွေ စဉ်ဆက်မပြတ်သိချင်ရင်တော့ Hype Think Education ကို Follow လုပ်ထားတော့နော်။
ကဲ Pygmalion Challenge အနေနဲ့
- မိမိ တော်တယ်လို့ထင်တဲ့အရာ [၃] ခု ကို Comment မှာ မျှဝေပေးပါ။
- မိမိ အယုံကြည်ရဆုံး၊ အချစ်ဆုံး သူငယ်ချင်း တစ်ယောက်ကို Mention လုပ်ပြီး သူတို့ရဲ့ကျွမ်းကျင်မှု [၃]ခု ကို ပြောပြပေးပါ။
ဒီလိုလုပ်ခြင်းဖြင့် Confidence တိုးလာမှာဖြစ်ပါတယ်။
Content Writer Zar Chi Win
Graphic