Learn a new language
ဒါကတော့ စာဂျပိုးလေးတွေအတွက်ပါ။ ဘာသာစကားလေ့လာခြင်းဟာ benefitsတွေရတဲ့အပြင် funဖြစ်စေတာလည်း သိကြတယ်ဟုတ်! မိခင်ဘာသာစကားအပြင် အခြားဘာသာစကားတွေ တတ်မြောက်ထားရင် careerအတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်နေမှာမို့ ခုပဲ စလိုက်လေ့လာကြလိုက်ရအောင်နော်
Get your dream job
Dream jobနဲ့ careerတစ်ထပ်တည်းကျတဲ့ လူတွေရှိသလို အခြေအနေအမျိုးမျိုးကြောင့် careerကသက်သက် dream jobက သက်သက်စီ ဖြစ်နေကြတဲ့လူတွေလည်းရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ dream jobဆိုတာ ငယ်စဉ်ကတည်းက စိတ်ကူးယဉ်ဖူးကြမှာပါ။ ဒါကြောင့်မို့ ကိုယ့်စိတ်ကိုလည်း ပျော်ရွှင်စေမယ် အောင်မြင်မှုကလည်း dream jobနောက်မှာ လိုက်လာဖို့ဆိုရင် ကိုယ်ဝါသနာပါရာကို အချိန်တစ်ခုပေးပြီး createလုပ်ကြည့်ပေးပါလို့ အကြံပြုချင်ပါသေးတယ်။
Go to the movies alone
ရုပ်ရှင်တွေဟာ ရသမျိုးစုံပေးစွမ်းတဲ့အပြင် ကိုယ်စိတ်ညစ်နေတဲ့အခါမျိုးမှာလည်း အဖော်အဖြစ် ရှိနေပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ ရုပ်ရှင်ကို လူအများကြီးနဲ့ ကြည့်ရတာထက် တစ်ယောက်တည်း အေးဆေးကြည့်ရတာ ပိုကြိုက်ပါတယ်။ ကိုယ်တိုင် အဲ့ဒီcharacterနေရာတွေကနေဝင်ပြီး ခံစားလိုက်ရင် ပိုပြီးတောင် အသက်ဝင်ပါသေးတယ်။ ရုပ်ရှင်ကြည့်ခြင်းဟာ ဘာသာစကားလေ့လာရာတွင်လည်း တော်တော်လေးအထောက်အကူ ဖြစ်စေတာမို့ ဒါကိုလည်း အချိန်တစ်ခုပေးပြီး tryကြည့်စေချင်ပါတယ်။
Practise meditation
ကိုယ်ရောစိတ်ပါ ကြည်လင်လန်းဆန်းချင်ရင်တော့ တရားထိုင်ပါ။ တစ်နေ့မှာ အနည်းဆုံး ၁၅မိနစ်လောက်အချိန်ပေးပြီး တရားထိုင်ကြည့်ရင် သင့်ရဲ့စိတ်ဟာတည်ငြိမ်အေးချမ်းလာမှာဖြစ်ပြီး အမှားအမှန်ကိုလည်းခွဲခြားနိုင်သလို ဒေါသစိတ်ဆိုတာကိုလည်း ချုပ်တည်းနိုင်မည့်အပြင် အလုပ်မှာလည်း တည်ငြိမ်စွာ ဆုံးဖြတ်ချက်တွေကို ချစေနိုင်မှာဖြစ်ပါတယ်။
Live abroad
ရှင်သန်ရတဲ့ လူ့ဘဝမှာ New places၊ New peopleတွေနဲ့ အံ့သြစရာကောင်းတဲ့အရာတွေ New experiencesတွေကို ခံစားကြည့်ဖို့ဆိုရင်တော့ abroadကို သွားကြပါစို့။ ကိုယ်မရောက်ဖူးတဲ့ နေရာတွေထိသွားမယ် memoryတွေကိုလည်း createလုပ်ကြမယ်။ မသိသေးတဲ့တစ်ချို့နိုင်ငံတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ အမွေအနှစ်တွေကို ခံစားနိုင်ဖို့အတွက် အသက်30မတိုင်ခင်မှာ abroadကိုသွားဖို့ အကြံပြုချင်ပါတယ်။
Get a tattoo
ကိုယ့်ဘဝမှာ အစားထိုးမရနိုင်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ် ကိုယ့်ကို influenceလုပ်နိုင်တဲ့ အရာတွေကိုပဲဖြစ်ဖြစ် အသားပေါ်မှာ အမှတ်အသားအနေနဲ့ tatooလေးသာထိုးထားရင် ဘယ်လောက်ကောင်းမလဲ? အနာခံရပေမယ့် တစ်သက်လုံး တစိမ့်စိမ့်ကြည့်ပြီး ပိတီဖြစ်နေမှာဖြစ်သည့်အပြင် အမှတ်တရအနေနဲ့လည်းဖြစ်စေမှာပါ ဖြစ်နိုင်ရင် ဒါလေးကိုလည်း tryကြည့်စေချင်ပါတယ်။ (ခဏတာ စိတ်ကူးထဲပေါ်လာတဲ့အရာတွေကိုတော့ မထိုးဖို့အကြံပေးချင်ပါတယ်)
Own a pet
တစ်ခါတစ်လေမှာ ကိုယ့်အပေါ်မကောင်းတဲ့ လူအချို့ကြောင့် အထီးကျန်သလို ခံစားနေရပါသလား? ဒါဆိုရင်တော့ အိမ်မွေးတိရစ္ဆာန်လေးတွေက အကောင်းဆုံး loversလေးတွေပါပဲ။ အလွန်ချစ်စရာကောင်းပြီး လိမ္မာလွန်းတဲ့ petsလေးတွေကို မွေးမြူကြမယ်ဆိုရင်ကော ကိုယ်အလုပ်က ပြန်လာရင် အပြေးလေး လာကြိုပြီး၊ နေမကောင်းရင်လည်း ကိုယ့်အနားမှာ ကပ်ချွဲနေတဲ့ petsလေးတွေဟာ တစ်ကယ်ကို ဖြူစင်လွန်းလှပါတယ်။ ဘယ်လောက်ပဲ တစ်နေကုန်ပင်ပန်းနေလည်း သူတို့လေးတွေရဲ့ ချစ်စရာအမူအရာလေးတွေကြောင့် ကြိမ်းသေပေါက် အလုပ်မှာပင်ပန်းလာခဲ့သမျှအမောတွေပြေပြီး ပြုံးရယ်မိစေမှာ သေချာပေါက်မလွဲပါဘူး။
Travel Solo
Guitarလေးတစ်လုံးရယ် backpackတစ်လုံးရယ်၊ cameraတစ်လုံးရယ် စိတ်ကိုပေါ့ပါးစေတဲ့ free style dressတစ်စုံ ဝတ်ဆင်ပြီး တစ်မြို့ဝင်တစ်မြို့ထွက် ခရီးတွေ ထွက်ကြည့်ကြမလား? တစ်ယောက်တည်း သွားတဲ့အခါ ကိုယ့်ကိုယ်ကို ပိုပြီးအားကိုးတတ်လာမယ်။ အချို့Problemsကိုလည်း ရင်ဆိုင်ဖြေရှင်းတတ်လာမယ်။ တစ်ယောက်တည်းဆိုပေမယ့် စိတ်ခံစားမှုတစ်ခု ရရှိစေမှာ အသေအချာပါပဲ။ မတူညီတဲ့လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုလည်း လေ့လာရင်း မသိသေးတဲ့ အကြောင်းအရာတွေကိုလည်း စူးစမ်းရင် soloခရီးတွေထွက်ကြည့်ကြရအောင်လားနော်
Volunteer / Charity work
ရခဲလှတဲ့ လူ့ဘဝမှာ ကုသိုလ်ရစေမယ့် အလုပ်တွေကို တတ်စွမ်းသလောက်ကြိုးစားလုပ်ကိုင်ပါ။ တစ်ချက်ခုတ် နှစ်ချက်ပျက်တဲ့ volunteerအလုပ်ကိုလုပ်ရင်း experienceတွေလည်း ရ၊ ကုသိုလ်တွေလည်းရတာကြောင့် မိမိအားတဲ့အချိန်တွေကို အလကားမဖြစ်အောင် Volunteerတွေလိုက်လုပ်ဖို့အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကတော့ အသက်30မတိုင်ခင်မှာ လုပ်ဆောင်သင့်တဲ့ အချက်ကလေးတွေဖြစ်ပါတယ်။ ဒီအချက်တွေအပြင် တစ်ခြားအချက်တွေလည်း အများကြီးရှိသေးတာမို့ မျှဝေချင်တာလေးတွေများရှိရင် commentမှာ လွတ်လပ်စွာ အကြံပြုရေးသားနိုင်ပါတယ်။
Content Writer by Juiliana