လူငယ်တွေအနေနဲ့ နေ့စဉ်ဘဝကို Productive Life ဖြစ်အောင် အချိန်ကို ဘယ်လိုစီမံကြမလဲ?
အချိန်တွေရှားပါလာတဲ့ ယနေ့ခေတ်လူငယ်များကြားမှာ Time Management ကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ပြီး နေ့စဉ်ဘဝကို Productive Life ဖြစ်အောင် ဖန်တီးနိုင်ဖို့က လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။
“အချိန် နှင့် ဒီရေသည် လူကိုမစောင့်” ဆိုတဲ့ စကားပုံအတိုင်း ရွေ့လျားကုန်ဆုံးနေတဲ့အချိန်ပေါ်မှာ ကိုယ့်ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာများကို စံချိန်စံညွှန်းမီမီ ပြီးမြောက်အောင်မြင်နိုင်ပြီး အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ဖို့က အင်မတန်မှအရေးကြီးလှပါတယ်။
ဒီနေ့မှာတော့ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက် နဲ့ လှုပ်ရှားရုန်းကန်နေကြတဲ့ လူငယ်တွေအတွက် မိမိတို့ရဲ့ တစ်နေ့တာ အချိန်တွေကို ဘယ်လို ထိထိရောက်ရောက် စီမံခန့်ခွဲကြမလဲဆိုတဲ့ အချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
လူငယ်တွေအတွက် အကျိုးရှိစေမဲ့ Knowledge Sharing တွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Hype Think Education ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။
[1] Prioritize Tasks: မိမိရဲ့ တစ်နေ့တာလုပ်ငန်းစဉ်တွေထဲက ဘယ်အရာတွေက Urgent လဲ၊ ဘယ်အရာတွေက Important လဲ ဆိုတာကို Eisenhower Decision Matrix တဖြစ်လဲ 4D “ Do, Decide When To Do, Delegate, Delete” လို့ လူသိများတဲ့ Matrix ကို အသုံးပြုပြီး ခွဲခြားထားဖို့လိုအပ်ပါတယ်။ အဲ့ဒီလိုမျိုးခွဲခြားထားခြင်းက တစ်နေ့တာရဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေကို ထိရောက်စွာဆောင်ရွက်နိုင်ပြီး အခြားအရေးမကြီးတဲ့အရာတွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
[2] Time Blocking: မိမိတစ်နေ့တာပြုလုပ်ရမဲ့ကိစ္စရပ်တွေကို အချိန်အပိုင်းအခြားအလိုက် သတ်မှတ်ရေးဆွဲထားဖို့နဲ့ မိမိရေးဆွဲထားတဲ့ Schedule အတိုင်း တစ်ခုပြီးမှတစ်ခု လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဥပမာ, မနက်[၉း၀၀] နာရီ ကနေ [၁း၀၀] နာရီအတွင်း ကျောင်းတက်မယ်၊၊ နေ့လည် [၁း၃၀] နာရီ ကနေ [၅း၀၀] နာရီ အတွင်း အလုပ်လုပ်မယ်၊ ညနေ [၆း၀၀] နာရီ ကနေ [၉း၀၀] နာရီအတွင်း စာလုပ်မယ်၊ အစရှိသဖြင့် ကြိုတင်စီစဉ်ပြီး အချိန်အတိအကျသတ်မှတ်ရေးဆွဲထားခြင်းက မိမိရဲ့အချိန်တွေကို အလွယ်တကူကုန်ဆုံးစေနိုင်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
[3] Use Effective Tools: Time Management ကို ထိထိရောက်ရောက်ပြုလုပ်နိုင်ဖို့အတွက် Google Calendar, Microsoft To Do, Notion, Trello, Forest, Loop Habit Tracker, Google Sheets, Boosted Time Tracker လိုမျိုး App တွေကို အသုံးပြုပြီး မိမိနေ့စဉ်ဘဝမှာ စနစ်တကျစီမံနိုင်ဖို့ လိုအပ်ပါတယ်။
[4] Minimize Distractions: မိမိရဲ့ အချိန်တွေကို အလွယ်တကူ ကုန်ဆုံးစေနိုင်မဲ့အရာများဖြစ်သော Social Media များအလွန်အကျွံအသုံးပြုခြင်း၊ Mindless Scrolling ဖြစ်တဲ့ ဖုန်းကို အဓိပ္ပာယ်မရှိ ပွတ်ဆွဲနေခြင်း၊ စိတ်ဖိစီးမှုများကို အချိန်ဖြုန်းခြင်း အစရှိသည့်အရာများကို အတတ်နိုင်ဆုံးလျှော့ချဖို့ လိုအပ်ပါတယ်။ အဲ့လိုလျှော့ချနိုင်ဖို့အတွက် ဖုန်းကို “Do Not Disturb” Mode လုပ်ထားခြင်း၊ စာကြည့်တိုက်လို နေရာတွေမှာ စာလုပ်ခြင်း [ဒါမှမဟုတ်] အလုပ်လုပ်ခြင်း ကသင့်ကို ပိုမိုအာရုံစူးစိုက်မှု ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ Pomodoro Technique [25 Minutes Focus, 5 Minutes Break] အသုံးပြုပြီးတော့လည်း Burnout ဖြစ်စေနိုင်မှုကို လျော့ကျအောင် ပြုလုပ်နိုင်ပါတယ်။
[5] Self-Care And Stress Management: “ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်” ဆိုတဲ့စကားအတိုင်း မိမိကိုယ်ကို ကျန်းမာသန်စွမ်းပြီး စိတ်ဖိစီးမှု လျော့ကျအောင် နေထိုင်ပြုမူဖို့လိုအပ်ပါတယ်။ ကိုယ်ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ခြင်း၊ အိပ်ချိန်မှန်မှန် အိပ်စက်ခြင်း၊ စိတ်ဖိစီးမှုများလျော့ကျအောင် Mental Healing ဖြစ်စေမယ့် တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ မိသားစုဝင် [ဒါမှမဟုတ်] မိတ်ဆွေတွေနဲ့ စကားပြောရင်းအချိန်ကုန်ဆုံးစေခြင်းကိုလည်း မကြာမကြာပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
[6] Review The Progress And Adjust Regularly: ပုံမှန် တစ်ပတ် တစ်ခါ [ဒါမှမဟုတ်] တစ်လ တစ်ခါ ရေးဆွဲသတ်မှတ်ခဲ့တဲ့ အချိန်ဇယားတွေကို ပြန်လည်သုံးသပ်ပြီး ပိုမိုထိရောက်မှုရှိစေမယ့် အချိန်ဇယားတွေနဲ့ လိုအပ်ပါက ပြန်လည်ပြင်ဆင်ရေးဆွဲပေးဖို့ လိုအပ်ပါတယ်။ ဒါမှပဲ မိမိပြီးမြောက်အောင်မြင်ခဲ့တာတွေကို ပြန်လည်မြင်တွေ့နိုင်မှာဖြစ်ပြီး ရှေ့ဆက်ပြုလုပ်ဆောင်ရွက်ဖို့အတွက် စိတ်အားထက်သန်မှုတွေကိုရရှိစေမှာဖြစ်ပါတယ်။
Content Writer Hazel K
Graphic


