Turn Your Passion Into Money : Step By Step

ယနေ့လို [21]ရာစုခေတ်မှာ အောင်မြင်‌နေသူများက အရမ်းအောင်မြင်နေကြသလ်ို လမ်းပျောက်သူများကလည်း ဘာလုပ်ရမှန်းမသိလောက်အောင်ကို အဖြေရှာမရ ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ရလေအောင် ဒီစာကို ဖတ်ရူလိုက်ပါ။

Share your love : ❤️

“ ကိုယ်ကဘာကို ဝါသနာပါလဲ? အဲဒီကနေ ငွေဝင်အောင် ဘယ်လိုလုပ်နိုင်မလဲ”

ယနေ့လို [21]ရာစုခေတ်မှာ အောင်မြင်‌နေသူများက အရမ်းအောင်မြင်နေကြသလ်ို လမ်းပျောက်သူများကလည်း ဘာလုပ်ရမှန်းမသိလောက်အောင်ကို အဖြေရှာမရ ဖြစ်နေတတ်ပါတယ်။ ဒီလို လမ်းစပျောက်ခြင်းရဲ့အဓိက အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ်မသိတာ၊ ကိုယ်က ဘယ်အရာမှာ အားသာပြီး၊ ဘယ်လိုနေရာမှာ အားနည်း နေတာလည်းဆိုတာကို သေချာ မသိသေးလို့ဖြစ်တာပါ။

ကိုယ့်ရဲ့အားသာချက်က ဘာဖြစ်မလဲ?

ကိုယ်စိတ်ဝင်စားတဲ့အရာ ဒါမှမဟုတ် ကိုယ့်အားသာချက်ကို ဝင်ငွေရရှိလာစေမယ့် လမ်းတစ်ခုအဖြစ် ဘယ်လို‌ လမ်းခင်းသွားရမလဲဆိုတာကို Hype Think Education ကနေ Step By Step မျှဝပေးသွားမှာ ဖြစ်ပါတယ်။

Step 1: ကိုယ့် ဝါသနာကိုအရင်ရှာပါ။

အရင်ဆုံး ကိုယ့်ရဲ့ ဝါသနာကို သိဖို့အတွက် မေးခွန်းတချို့ကို ကိုယ့်ကိုယ်ကို အရင်မေးကြည့်ရပါမယ်။

  • ငါဘာလုပ်ရတာကို ကြိုက်သလဲ?
  • ဘယ်အရာက ကိုယ့်ကို စိတ်လှုပ်ရှားစေလဲ?
  • ကိုယ့်ရဲ့ မဖြစ်မနေ လုပ်ချင်တာကရော ဘယ်အရာ ဖြစ်မလဲ?
  • ကိုယ့်ကို တွန်းအားအဖြစ်နဲ့ အင်အားတစ်ခု၊ မာနတစ်ခုဖြစ်စေတဲ့အရာက ဘာလဲ?
  • ပိုက်ဆံပေးရင်တောင်မလုပ်ချင်ဘဲ၊ ဘာငွေမဝင်လည်း ကိုယ်ဆက်ပြီးတော့ လုပ်နိုင်စေတဲ့အရာက ဘာလဲ?
  • ကိုယ်စိတ်ဝင်စားနေတဲ့ အလုပ်တစ်ခုကို အနည်းဆုံး ၁နှစ် / ၃ နှစ်အတွင်းတောင် အမြတ်ငွေမရဘဲ ဆက်ပြီးတော့ လုပ်နိုင်မလား?

ဒီမေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ကို အရင်သိအောင် မေးပြီးတော့ စူးစမ်းကြည့်ပါ။

ဥပမာ: ဆောင်းပါးရေးတာမျိုး၊ ပန်းချီရေးဆွဲတာ၊ သီချင်း၊ ဗီဒီယိုရိုက်ခြင်းနဲ့ ပတ်သက်တာကို လေ့လာတာ စီးပွားရေးဆိုင်ရာတွေက်ို လေ့လာတာ၊ ခရီးထွက်တာ၊ အပြင်သွားရတာ၊ ဟင်းချက်ရတာကို နှစ်သက်တာ၊ မိတ်ကပ်၊ အလှအပနဲ့ ပတ်သက်တဲ့အရာစတဲ့ အလုပ်တွေမှာ ကိုယ့်စိတ်ဝင်စားမှုနယ်ပယ်ကိုရှာပြီး ကိုယ့်ဝါသနာ [Passion] ကိုသိအောင်လုပ်နိုင်ပါတယ်။

Step 2: Passion ကနေ Skill ဘယ်လိုတည်ဆောက်မလဲ? Skills က‌ နေရော Value နဲ့ Income ရအောင်ဘယ်လိုဖန်းတီးရမလဲ?

Passion တစ်ခုကနေ တန်ဖိုးရှိတဲ့ Skill ဖြစ်အောင် မဖြစ်မနေ ပြောင်းဖို့လိုပါတယ်။

Passion → Skill → Market → Offer → Income

ဥပမာအနေဖြင့် “ Content Writing” အကြောင်းကို စိတ်ဝင်စားတယ်၊ အရေးအသားမှာ အများနှင့် မတူအောင် ထူးခြားတဲ့ စာရေးဆရာကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုပါစို့

  • Passion: စာရေးချင်တယ်၊ စာရေးနေရရင် အချိန်ကုန်လို့ ကုန်မှန်းမသိ ပျော်နေတယ်။
  • Skill: SEO Writing, Blog Writing, Copywriting, Script Writing, … စတာတွေကို လေ့လာပါ။
  • Market: Businesses, Blogs, Influencer Pages, Commerce Shops တွေအတွက်လည်း Content ကောင်းတွေကိုရေးနိုင်ဖို့ လိုပါတယ်။
  • Offer: ကိုယ့် Skill ကို Portfolio တစ်ခုအနေနဲ့ပြလို့ ရပါတယ်။
  • Income: Freelance Website, Local Clients, Social Media မှာ Promote လုပ်ပြီး Job ရလာတဲ့အခါ ကိုယ့်ဝါသနာကနေ ဝင်ငွေများစွာရရှိလာပါတယ်။

Step 3: Market Trend ကို နားလည်ရပါမယ်။

ခုလို နည်းပညာခေတ်မှာ ကိုယ့်ရဲ့ စိတ်ဝင်စားမှု [ Hobby ] ကို အသုံးချပြီး ငွေဝင်တဲ့နည်းလမ်းတွေကို ခေတ်နဲ့တပြေးညီ စူးစမ်းလေ့လာထားရပါမယ်။ အိမ်မှာနေရင်း ငွေဝင်နိုင်မယ့် နည်းလမ်း [4] မျိုးကို မျှဝေပေးသွားပါမယ်။

1 ] Freelancing

  • Upwork
  • Fiverr
  • LinkedIn တွေ အပြင်
  • တခြားသော Social Media Platform များသုံးပြီး ကိုယ့် Skill ကို Promote လုပ်ပါ။

2 ] Digital Products / Services

  • Ebooks
  • Online Courses
  • Design Templates
  • Coaching services

3 ] Content Monetization

  • YouTube
  • TikTok
  • Blog
  • Podcast
  • Views
  • Ads
  • Sponsorship စတဲ့ နယ်ပယ်တွေကနေ Income များစွာကိုလည်း ရှာနိုင်ပါတယ်။

4 ] Passion Monetization Ideas

  • ခရီးသွားတာကို ကိုယ်က နှစ်သက်သူဆိုရင် [ Travel Blog, Vlogging, Tour Guide ] လုပ်နိုင်ပါတယ်။
  • စာရေးရတာကို ချစ်တဲ့သူ: Blog, EBook, Freelance Writer
  • အလှအပကို နှစ်သက်သူ: Makeup Videos, Skincare Content, Product Reviews
  • Drawing ကို နှစ်သက်သူဆိုရင်: Art Prints, Commissions, Online Art Tutorials လုပ်ပါ။

Step 4: Personal Branding တည်ဆောက်ပါ။

ယနေ့ခေတ်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတဲ့ လူတစ်ဦးအဖြစ် Personal Branding ကလည်း တနည်းအားဖြင့် အရေးကြီးတာဖြစ်တာကြောင့် ကိုယ့်ကို ဘယ်လိုထင်စေချင်လဲဆိုတာကို မူတည်ပြီးတော့ Personal Branding တစ်ခု တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။

အရင်ဦးဆုံးအနေနဲ့ Social Media Platform တွေမှာ ပေါက်ကရ Post တွေကို Share တာတွေကို မပြုလုပ်ပဲနဲ့ Portfolio ကောင်းတစ်ခုကို တည်ဆောက်ပါ။ ဥပမာ: ကိုယ်အရင်က လုပ်ထားခဲ့တဲ့ achievement ကောင်းတွေကို ဓာတ်ပုံ၊ Video၊ Post တွေတင်ပြီးတော့ Caption များကို ရေးသားဖော်ပြပါ။

Consistency [စဉ်ဆက်မပြတ်လုပ်ခြင်း] က အောင်မြင်မှု့ရဲ့ Key ဖြစ်ပါတယ်။ Networking: ပတ်ဝန်းကျင်က လူတွေကို သတိထားကြည့်ပြီး ဘယ်လိုအိုင်ဒီယာတွေ ထုတ်ရမလဲဆိုတာ‌ ‌လေ့လာသင်ယူပါ၊ အောင်မြင်နေတဲ့သူတွေရဲ့အကြံပေးစကား‌တွေကို နားထောင်ပါ၊ ပြီးတော့ ကိုယ့်ဝန်းကျင်ကိုလည်း တန်ဖိုးရှိတဲ့သူတွေနဲ့ပဲ ဝန်းရံထားပါ။

သင့်ရဲ့ Passion က နေပြီးတော့ ငွေအဖြစ် မပြောင်းလဲနိုင်ပါဘူးလို့ ဘယ်သူမှ မဆိုလိုနိုင်ပါဘူး။ ဒါကြောင့် အကျိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိတဲ့ Skill တစ်ခုအဖြစ်ပြောင်းပြီး လူတွေအတွက် တန်ဖိုးရှိတဲ့လူသားတစ်ယောက်အဖြစ် အကောင်အထည် ဖော်နိုင်တဲ့အခါမှာ သင့်ရဲ့စိတ်ဝင်စားမှုက ဝင်ငွေများပေးတဲ့ အလုပ်တွေ ဖြစ်လာမှာ အသေချာပါပဲ။

ဒါကြောင့် ယနေ့ကတည်းက စတင်ပြီးတော့ ကိုယ့်အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်ပဲ ဖန်တီး တည်ဆောက်လိုက်ပါ။

အခုလိုပဲ ကိုယ့်ရဲ့ ဝါသနာကနေ ငွေဝင်အများကြီး ဝင်ဖို့ လုပ်ချင်သူတွေအတွက် Hype Think Education မှာ အခုလိုအကြံဥာဏ်တွေနဲ့ အတွေးခေါ် ကောင်းတွေကို မျှဝေပေးသွားမှာမို့ Hype Think Education Follow လုပ်ပြီးစောင့်မျှော်ဖတ်ရူပေးပါဦးနော်

Content Writer Khin Myo Lae Yee

Graphic

Share your love : ❤️